ဒေါ်အောင်ဆန်းစုကြည်ထံ အိန္ဒိယတပ်မတော် ကြည်းတပ်ဦးစီးချုပ် နှင့် နိုင်ငံခြားရေးအတွင်းဝန်တို့က COVID-19 ရောဂါကု Remdesivir ထိုးဆေးအလုံး (၃၀၀၀) ကျော်ပေးအပ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အိန္ဒိယတပ်မတော် ကြည်းတပ်ဦးစီးချုပ် နှင့် နိုင်ငံခြားရေးအတွင်းဝန်တို့က COVID-19 ရောဂါကု Remdesivir ထိုးဆေးအလုံး (၃၀၀၀) ကျော်ပေးအပ်။

 

 

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အိန္ဒိယတပ်မတော် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး MM Naravane ၊ အိန္ဒိယနိုင်ငံ၏ နိုင်ငံခြားရေးအတွင်းဝန် Shri Harsh V Shringla တို့နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး Shri Saurabh Kumar တို့ဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်  နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်တွင် ၂၀၂၀ ခုနှစ် အောက်တိုဘာလ (၅) ရက်နေ့၌တွေ့ဆုံခဲ့ကြပါတယ်။

 

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံဆိုင်ရာအရေးကြီးသောကိစ္စရပ်များအားဆွေးနွေးခဲ့ကြပါတယ်။

ခင်မင်ရင်းနှီးသောအိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ၏ COVID-19 ရောဂါတိုက်ဖျက်ရာတွင် ကူညီရန်အတွက် အိန္ဒိယနိုင်ငံ၏ကူညီထောက်ပံ့မှု၏တစ်စိတ်တစ်ပိုင်းအဖြစ် အိန္ဒိယနိုင်ငံ၏ နိုင်ငံခြားရေးအတွင်းဝန် Shri Harsh V Shringla နှင့်အိန္ဒိယတပ်မတော် ကြည်းတပ်ဦးစီးချုပ်တို့သည်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့  Remdesivir ထိုးဆေးအလုံး (၃၀၀၀) ကျော်အား နိုင်ငံခြားရေးဝန်ကြီးဌာနတွင် လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

Source – Embassy of India (Yangon)


Spread the love
  •  
  •  
  •  
  •  
  •  
  •