ဒေါ်အောင်ဆန်းစုကြည်နှင့်ကဗျာကိစ္စ ဆရာသစ္စာနီ ရှင်းပြီ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဒေါ်အောင်ဆန်းစုကြည်နှင့်ကဗျာကိစ္စ ဆရာသစ္စာနီ ရှင်းပြပါပြီ

 

self quarantine ဝင်နေတဲ့ မင်းထင်ကိုကိုကြီးက
မက်ဆေ့ခ်ျဘောက်စ်ကနေမေးလာပါတယ်။ကျနော်ကမာယာကော့စကီးအသဲစွဲ။အိမ်မှာလဲသူ့ကဗျာစာအုပ်ရှိတယ်။

ကျနော်တော့အဲသလိုတူတဲ့ကဗျာမတွေ့ဖုးဘူး၊၊သေချာအောင်ရှာပြီးအကြောင်းပြန်မယ်လို့ပြောလိုက်တယ်။လိုင်းပေါ်တက် ဂူဂဲလ်မှာရော ဝီကီပီဒီးယားမှာရောရှာတယ်။

ခေါင်းသာမူးသွားတယ်၊မတွေ့။ သူတို့တင်ထားတဲ့ကဗျာပြန်ဖတ်ကြည့်တော့ ရှင်းသွားတယ်။ဒေါ်အောင်ဆန်းစုကြည် မြန်မာလိုရေးထားတာကို၏သည်၍ မလွဲလုံးကောက်အင်္ဂလိပ်လိုပြန်ရေးထားတာကိုး။

လုပ်ကြံထားမှန်းသိသာတယ်။တင်တဲ့သူဆုတင်ကမြတ်သန်းထိုက်ကို credit ပေးထားတယ်။အရင်ကမြန်မာ
သံသီချင်းတွေဆိုတဲ့ ဆုတင်ဆိုတာ စာရေးဆရာ ရုပ်ရှင်
ဒါရိုက်တာ ဗိုလ်သခင်ဆရာခေါ် သခင်တင်ဦးသားပါ။
Ronnie Nyein နဲ့တခြားတင်ထားတာတွေလဲတွေ့တယ်။

ကျနော်ဟာဘယ်သူဘယ်ဝါကိုတော့ မထိရဆိုတဲ့အထဲ
မပါဘူး။တိုက်ခိုက်ဝေဖန်မယ်ဆိုရင် အချက်အလက်က
တော့အဓိက မှန်ကန်ဖို့လိုတယ်။ဒီလိုအောက်တန်းကျတာ
မျိုးတော့ ပြင်းပြင်းထန်ထန်ရှုံချပါတယ်။

အားလုံးအသိပဲ။ အမေ၊အန်တီ၊မမ ခေါ်တဲ့အထဲဘယ်
တုန်းကမှမပါခဲ့ဘူး။ (ဒီလိုအောက်တန်းကျကျနည်းတွေနဲ့
တိုက်ခိုက်နေတာ၊အခုလိုရွေးကောက်ပွဲနီးတဲ့ကာလပိုတွေ့နေရတယ်)အခုကိစ္စက ကဗျာနဲ့ပါ ပါဝင်ယှက်နွယ်လာလို့ဝင်ရှင်းလိုက်ရတာပဲ။ဒီလုပ်ကြံဖန်တီးမှုနဲ့ယှက်နွယ်ပတ်သက်သူအားလုံးကိုပြင်းပြင်းထန်ထန်ရှုံ့ချတယ်။

 

သစ္စာနီ (ကဗျာဆရာ)


Spread the love
  •  
  •  
  •  
  •  
  •  
  •