ဒေါ်အောင်ဆန်းစုကြည်ရဲ. Mask ပြိုင်ပွဲမှာရရှိတဲ့ ရည်ရွယ်ချက်ဆုရှင်များ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

စိတ်ဝင်စားဖွယ် အကောင်းဆုံး ရည်ရွယ်ချက်ဆုတွေနဲ့ ပတ်သက်လို့ ဘာ့ကြောင့် ကျွန်မ ရွေးချယ်တယ်ဆိုတာကို အနည်းငယ် ရှင်းပြချင်ပါတယ်။
ပထမ၊ Shin Nyein Mei။ မေတ္တာကို အမြင့်ဆုံးတန်ဖိုးထားခြင်းကိုအလွန်သဘောကျမိပါတယ်။ လောကကြီးအလိုအပ်နေဆုံးက မေတ္တာမဟုတ်ပါလား။

ဒုတိယ၊ Kyaw Thu။ “လမ်းမှာတွေ့သူတိုင်း အပြုံးတွေမြင်ပြီးအပျော်တွေ ကူးစက် ဘဝအမောတွေပြေစေကြပါစေ” ဆိုတဲ့ ရည်ရွယ်ချက်ကလည်း မေတ္တာက ပေါက်ပွါးလာတာပဲမဟုတ်ပါလား။

တတိယ၊ Daw Nwe Ni။ ကလေးတွေ mask တပ်ဆင်ချင်အောင် စိတ်ကူးလေးနဲ့ ချုပ်လိုက်တဲ့ mask လေးတွေဟာ တီထွင်စွမ်းရှိသလို မေတ္တာငွေ့လည်း ပါပါတယ်။

ဒေါ်အောင်ဆန်းစုကြည်


Spread the love
  •  
  •  
  •  
  •  
  •  
  •