ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့ အထိမ်းအမှတ်အဖြစ် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများမှ COVID-19 ရန်ပုံငွေ လှူဒါန်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့ အထိမ်းအမှတ်အဖြစ် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများမှ COVID-19 ရန်ပုံငွေ လှူဒါန်း
=================================
၂၀၂၀ ၊ ဇွန်လ ၁၅ ရက်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၅) နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ်
ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများမှ (COVID-19)ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် လှူဒါန်းငွေများ ပေးအပ်ခဲ့တာပါ။

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၉ ရက်တွင် ကျရောက်သည့် လူထုခေါင်းဆောင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၅)နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများမှ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ(COVID-19) ကာကွယ်၊ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင်အသုံးပြုရန်အတွက် ဂျပန်ယန်းငွေ ၃၆၆,၀၀၀.၀၀ (ယန်း သုံးသိန်းခြောက်သောင်းခြောက်ထောင် တိတိ) ကို ယနေ့ ဇွန်လ ၁၅ ရက်နေ့တွင် တိုကျိုမြို့ရှိ မြန်မာသံရုံးသို့ လာရောက်ပေးအပ်လှူဒါန်းရာ မြန်မာသံအမတ်ကြီးက လက်ခံရယူပေးခဲ့ပြီး ယခုလို လှူဒါန်းမှုအတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြား၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါတယ်။

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများမှ ယနေ့ လာရောက်လှူဒါန်းသည့် ငွေများကို အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ(COVID-19) ကာကွယ်၊ထိန်းချုပ်၊ ကုသရေး ရန်ပုံငွေသို့ ဆက်လက်ပေးပို့ လှူဒါန်း‌ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •