ဒေါ်အောင်ဆန်းစုကြည်၏ တက္ကသိုလ်ရိပ်သာလမ်း အမှတ်(၅၄) နေအိမ်၌ COVID ကူးစက်ခံရသူ နှစ်ဦးတွေ့

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဒေါ်အောင်ဆန်းစုကြည်၏ တက္ကသိုလ်ရိပ်သာလမ်း
အမှတ်(၅၄) နေအိမ်၌ COVID ကူးစက်ခံရသူ နှစ်ဦးတွေ့

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ စက်တင်ဘာ ၆ ရက် နံနက် ၈ နာရီ ထုတ်ပြန်ချက်တွင် ပါရှိသည့် ဗဟန်းမြို့နယ်တွင် COVID ရောဂါ ကူးစက်ခံထားရသည်ဟု  အတည်ပြုလူနာနှစ်ဦးမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏  တက္ကသိုလ်ရိပ်သာလမ်း
အမှတ် ၅၄ နေအိမ်မှ ဖြစ်တယ်လို့ သိရပါတယ်။

 

ခြံအမှတ် ၅၄ ရှိ ပိုးတွေ့လူနာ နှစ်ဦး၌ တစ်ဦးမှာ နေအိမ်ကို စီမံအုပ်ချုပ်ရေး တာဝန်ယူသည့် ကော့မှူးမြို့နယ်ဇာတိ ဦးဌေး ဖြစ်တယ်လို့ NLD  ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာ မျိုးညွှန့်က ပြောပါတယ်။

 

ရောဂါအတည်ပြုလူနာနှစ်ဦး တွေ့ရှိတာကြောင့် ခြံအတွင်း နေထိုင်တဲ့သူ ခြောက်ဦး လည်းHotel Quarantine ဝင်ရောက်နေရတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – ရွှေအင်းသား ခင်မောင်ဝင်း

 


Spread the love
  •  
  •  
  •  
  •  
  •  
  •