ဒေါ်အောင်ဆန်းစုကြည်၏ Facebook Page အသစ်ဖွင့်လှစ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဒေါ်အောင်ဆန်းစုကြည်၏ Facebook Page အသစ်ဖွင့်လှစ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ၊ ဒေါ်အောင်ဆန်းစုကြည်ဟာ
Facebook Page အသစ်  Chair NLD ဆိုတဲ့ စာမျက်နှာကို
ဖွင့်လှစ်လိုက်ပြီး ပထမဆုံးနှုတ်ခွန်းဆက်စကား ပို.စ်တစ်ခုကို
ဒီကနေ.ညနေ ၆ နာရီခန့်ကတင်ထားခဲ့ပါတယ်။

အဲဒီပို.စ်မှာ –
Chair NLD Facebook စာမျက်နှာအဖွင့်အနေနဲ့ ကျေးဇူးတင်စကားနဲ့ စချင်ပါတယ်။ မနေ့က သန်လျင်ခရိုင်အုပ်ချုပ်ရေးရုံးကို သွားပြီး ကော့မှူးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်လောင်းအဖြစ် နာမည်သွားသွင်းခဲ့ပါတယ်။ ရုံးအဝင်ဝမှာ အဖွဲ့ချုပ်ကိုထောက်ခံတဲ့ ပြည်သူတွေက ကျွန်မကို “ကျန်းမာပါစေ” လို့ ဆုတောင်းပြီး ထောက်ခံအားပေးပါတယ်။
“ကျန်းမာပါစေ” ဆိုတဲ့ စကားလေး(၄)လုံးအတွက် ကျေးဇူးတင်ကြောင်းပြောချင်တာပါ။ တစ်ချိန်တည်းမှာပဲ ပြည်သူတွေ ကျန်းမာအောင်နေပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ လူစုလူဝေးလိုပုံဖြစ်ရင် ကျွန်မက စိုးရိမ်မိတယ်။ ကျွန်မတို့ပြည်သူတွေ ကျန်းမာမှ နိုင်ငံတောင့်တင်းမှာပါ။
” ကျန်းမာပါစေ” ဆိုတဲ့စကားလေးတွေ ဘာကြောင့် ကျွန်မအတွက် အဓိပ္ပါယ်လေးနက်တယ်ဆိုတာကို မနက်ဖြန်ကျမှ ပြောပြပါမယ်။ ဒီကနေ့အတွက်တော့ ကျွန်မကျန်းမာအောင်ကြိုးစားနေပါမယ်၊ ကျွန်မကို ဆုတောင်းမေတ္တာပို့ပေးတဲ့ ပြည်သူတွေလည်း ကျန်းမာအောင်နေကြပါလို့ မေတ္တာတုန့်ပြန်ရင်း တိုက်တွန်းလိုက်ပါတယ် လို့ဖေါ်ပြထားပါတယ်။

 

ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ. Facebook Account ” Aung San Suu Kyi” မှာ အခုလိုဖေါ်ပြခဲ့ဖူးပါတယ်။

“ဒီ Facebook account ကို covid နဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့ ကျယ် ကျယ်ပြန့် ပြန့် ဆက်သွယ်နိုင်ဖို့ သုံးခဲ့တာဖြစ်ပါတယ်။
ယခုလဆန်းကစပြီး ရွေးကောက်ပွဲဆိုင်ရာစည်းမျဉ်းဥပဒေတွေအရ၊ကျွန်မ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တာဝန်တွေ ပြန်လည် ထမ်းဆောင်နေပြီဖြစ်ပါတယ်။ ဒါ့ကြောင့် Facebook page တစ်ခု ဖွင့်ဖို့ စီစဉ်နေပါတယ်။ ပါတီကိစ္စတွေ၊ ရွေးကောက်ပွဲကိစ္စတွေနဲ့ပတ်သက် ပြီး ပြည်သူများနဲ့ဆက်သွယ်ဖို့ ဖြစ်ပါတယ်။
လက်ရှိ Account မှာ ရံဖန်ရံခါ Covid နဲ့ပတ်သက်လို့ ဆက်ပြီး တင်ပါမယ်”

လို့ဖေါ်ပြခဲ့ဖူးပါတယ်။

 

 

#YangonNation


Spread the love
  •  
  •  
  •  
  •  
  •  
  •