ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာဖြင့် တာ၀န်များထမ်းဆောင်နေကြောင်း အဖွဲ့ချုပ်ဗဟိုပြန်ကြားရေးထုတ်ပြန်
===============
ရန်ကုန်၊၂၀၂၀စက်တင်ဘာ၂၃ရက်
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာဖြင့် တာ၀န်များထမ်းဆောင်နေကြောင်း အဖွဲ့ချုပ်ဗဟိုပြန်ကြားရေးထုတ်ပြန်လိုက်သည်။
စက်တင်ဘာ၂၃ရက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဗဟိုပြန်ကြားရေးမှ ဦးကြည်တိုးက၎င်းလူမှုကွန်ရက်တွင်ရေးသားပြောကြားခဲ့သည်။
“ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့်ပတ်သက်၍ ထွက်ပေါ်နေသော သတင်းများသည် အတုအယောင်များသာ ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာဖြင့် အစိုးရတာဝန်၊ ပါတီတာဝန်များကို ပုံမှန်ထမ်းဆောင်နေပါသည်”ဟူ၍ရေးသားဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည် ကို covid19ပိုးတွေ့ရှိသည်ဟုဆိုကာ သတင်းတု၊သတင်းယောင်ဖြင့် နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်မှုများရှိခဲ့သည်။
Photo .Chair NLD