ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်နယ်မြေအတွင်း မဲစာရင်းကပ်ထားမှုများလိုက်လံကြည့်ရှု

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်နယ်မြေအတွင်း
မဲစာရင်းကပ်ထားမှုများလိုက်လံကြည့်ရှု

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
ဟာ ဒီကနေ့ ၁၄.၈.၂၀၂၀ ရက်နေ့ မနက်ပိုင်းမှာ နေပြည်တော်၌ မဲစာရင်းလိုက်လံကြည့်ရှုခဲ့ပါတယ်။

 

ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိမှုများကိုကြည့်ရှုစစ်ဆေးခဲ့ တာပါ။

 

မဲစာရင်းကပ်ထားမှုကို ကြည့်ရှုရန် ဥတ္တရသီရိမြို့နယ် ချင်းရွာသို့ ရောက်ရှိစဉ် “ဘယ်ပါတီကို မဲပေးပါလို့ မပြောဘူး။ ဒါပေမဲ့ မဲပေးဖြစ် အောင်ပေးကြပါ” လို့ ဒေသခံတွေကို ပြောကြားခဲ့ပါတယ်။

 

ဒီကနေ့ဟာ မဲစာရင်းကြည့်ရှုရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အချိန်ထပ်တိုးပေးထားတဲ့ နောက်ဆုံးနေ့ဖြစ်ပါတယ်။

 

 

ဓာတ်ပုံ – နေပြည်တော်(ပြန်/ဆက်)


Spread the love
  •  
  •  
  •  
  •  
  •  
  •