ဒေါ်အောင်ဆန်းစုကြည် ပန်းမပန်တဲ့ နေ့များ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

ဒေါ်အောင်ဆန်းစုကြည် ပန်းမပန်တဲ့ နေ့များ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာပြည်တွင်း ပြည်ပ အခမ်းအနားတွေနဲ့ ပြည်တွင်း ခရီးစဥ်တွေအားလုံးလိုလိုမှာ မြန်မာအမျိုးသမီးပီသစွာ ပန်းကို နှစ်နှစ် သက်သက် ပန်လေ့ရှိတယ်ဆိုတာ အားလုံးသိပြီးသားဖြစ်ပါတယ်။

သူမ ပန်းပန်ရတဲ့အကြောင်းကိုလည်း စာတစောင်ပေတဖွဲ့အခုလိုမှတ်တမ်းတင်ထားတာကို တွေ.ရမှာပါ။

သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းသဘောကျမြတ် နိုးခဲ့သော သူ့မိခင် ဒေါ်ခင်ကြည်၏မိန်းမဆန်သော ပန်းပန်ခြင်းကို အတုယူပြီး အောင်ဆန်းစုကြည်ကလည်း နောက်ပိုင်းမှာ သူ၏ ထူထဲ နက်မှောင်သော ဆံကေသာတွင် ပန်းတွေကို ပန်ခဲ့ခြင်း ဖြစ်ပါ သည်။

(မကြာသေးမီက ဖြန့်ချိခဲ့ သော နယူးယောက်တိုင်းမ်သတင်းစာဆရာမ Rena Pederson ၏ The Burma Spring စာအုပ်မှ ဒေါ်ခင် ကြည်အမည်ရသော အခန်းကို ထားထားမြင့်က ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်)

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ပန်းမပန်တဲ့နေ.တွေလဲ
ရှိခဲ့ပါတယ် ။ အဲဒီရက်တွေကတော့ အာဇာနည်နေ.အခမ်းအနားတွေ၊ သတင်းစာဆရာကြီး ဟံသာဝတီ
ဦးဝင်းတင် ရဲ့ဇာပန အခမ်းအနားနဲ့ ဒီကနေ့ ဇူလိုင် ၃ ရက်
ဖားကန်.မှာတောင်ပြိုပြီး လူတွေရာနဲ့ချီသေဆုံးခဲ့ရလို့
ဝမ်းနည်းစကားဆိုတဲ့ နေ.တွေမှာပဲ ဖြစ်ပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •