ဒေါ်အောင်ဆန်းစုကြည် ရန်ကုန် ရောက်ပြီ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာဒီကနေ. ၁၇. ၇. ၂၀၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ် ကနေပြည်တော်မှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာပါတယ်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ မြို့တော်ဝန် ဦးမောင်မောင်စိုးနဲ့ တာဝန်ရှိသူတွေကရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကြိုဆိုခဲ့ကြပါတယ်။

 

ဒေါ်အောင်ဆန်းစုကြည်က မနေ့ညနေပိုင်းက သူ့ရဲ့ဖေ့စ်ဘွတ်
စာမျက်နှာမှာ …….

” ဒီကနေ့ post ကတော့ ခွင့်တိုင်စာဖြစ်ပါတယ်။
ရန်ကုန်ကို အာဇာနည်နေ့အခမ်းအနားအတွက် သွားဖို့ရှိပါတယ်။ အခမ်းအနားကိုတော့ ခါတိုင်းနှစ်တွေလိုမဟုတ်ဘဲ ကျန်းမာရေးစည်းမျဉ်းတွေနဲ့ကိုက်ညီအောင် ကျင်းပရပါမယ်။ Covid အကန့်အသတ်တွေနဲ့ညီအောင် ကျင်းပရတဲ့ ပထမဆုံး နိုင်ငံတော် အခမ်းအ နား ပါ ”

လို့ရေးသားဖော်ပြခဲ့ပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •