ဒေါ်အောင်ဆန်းစုကြည် ရေးတဲ့ကဗျာကို ကြမ်းခင်းစျေး၅၄ သိန်းနဲ့ လေလံတင်ပြီး ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက်လှူမည်
ဒေါ်အောင်ဆန်းစုကြည် ရေးတဲ့ကဗျာကို ကြမ်းခင်းစျေး
၅၄ သိန်းနဲ့ လေလံတင်ပြီး ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက်လှူမယ်လို့ မင်းထင်ကိုကိုကြီးက သူ့ရဲ့ ဖေ့စ်ဘွတ်မှာဖော်ပြထားပါတယ်။
ခြံအမှတ် ၅၄ က ကဗျာ (အမေစုရေးတဲ့ ကဗျာ)
ကဗျာဆိုတာ
========
ကဗျာဆိုတာ
လူ့စဉ်းစားဉာဏ်ရဲ့ ပဲ့တင်သံ
လူ့နှလုံးသားရဲ့ ခုန်လှုပ်သံ
လူ့စိတ်ဓါတ်ရဲ့ မြည်ဟည်းသံ
လူ့မျှော်လင့်ချက်ရဲ့ သီကျူးသံ
ကဗျာဆိုတာ
ကျွန်မတို့ရဲ့ ရုန်းကန်သံပါပဲ။ ။
အောင်ဆန်းစုကြည်
_________________
၂၀၁၁ ဂျူလိုင် ကိုလံဘီယာနိုင်ငံမှာ ကျင်းပတဲ့ နိုင်ငံတကာ ကဗျာပွဲတော်ကို ကဗျာဆရာအဖြစ် တက်ရောက်ဖို့ ဖိတ်ကြားခံခဲ့ရပါတယ်။ ကျွန်တော့်ကဗျာတွေကို နေရာ ၇ ခုမှာ၊ ၇ ရက် ရွတ်ဖတ်ရမှာပါ။
အမေစုက ၂၀၁၀ န်ိုဝင်ဘာ ၁၃ မှာ နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပါတယ်။ ကျွန်တော် အမေစုဆီက ကဗျာလေး တစ်ပုဒ်လောက် လိုချင်ပါတယ်။ အမေစုကဗျာလေးကို ကျွန်တော့် ကဗျာတွေနဲ့ အတူ ရွတ်ချင်လို့ပါ။
အဲတာနဲ့ အမေစုကို ကျွန်တော် ရွတ်ဖတ်ဖို့ ကဗျာတစ်ပုဒ်လောက်ရေးပေးဖို့ တောင်းလိုက်ပါတယ်။ အမေစုကလည်း ရေးပေးမယ်ကတိပေးပြီး ကဗျာတစ်ပုဒ်ရေးပေးပါတယ်။
လေဆိပ်ဆင်းခါနီးမှ အဲကဗျာ ရတာပါ။ အမေစုအိမ်ကိုဝင်၊ အမေစုပေးတဲ့ ကဗျာစာရွက်လေးကိုယူ၊ အမေစုကို ကန်တော့ပြီး လေဆိပ်ကို ပြေးရပါတယ်။
ကိုလံဘီယာက ပြန်လာပြီး အဲဒီကဗျာပွဲတော်အကြောင်း ဆောင်းပါးရေးပါတယ်။ အမေစုနာမယ်တွေကို စာပေကင်ပေတိုင်က ဖြတ်တောက်ပစ်ပါတယ်။
အောက်မှာ ရွှေအမြုတေမဂ္ဂဇင်းမှာ ဖေါ်ပြခဲ့တဲ့ ကျွန်တော့် ဆောင်းပါးပါ။ ။
#poem_minhtinkokogyi
အဲဒီ အမေစုလက်ရေးနဲ့ ကဗျာစာရွက်လေးကို ၃၀ ဇွန် ၂၀၁၁ နေ့ ညနေပိုင်း ၄ နာရီကျော်လောက်က ခြံအမှတ် ၅၄ အိမ် ထမင်းစားခန်းထဲမှာ အမေစုကိုယ်တိုင် ကျွန်တော့်ကို ပေးခဲ့ပါတယ်။ကိုလံဘီယာကိုသွားဖို့ လေဆိပ်ဆင်းခါနီးလေးမှာပါ။ အမေစုကို ကျွန်တော် ကန်တော့ခဲ့ပါသေးတယ်။ ။