ဒေါ်အောင်ဆန်းစုကြည် ၊ဦးဖြိုးမင်းသိန်းနဲ့ ဒေါက်တာဇော်ဝေစိုးတို့ရဲ့ ရန်ကုန်က COVID-19 အခြေအနေတင်ပြချက် အနှစ်ချုပ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဒေါ်အောင်ဆန်းစုကြည် ၊ဦးဖြိုးမင်းသိန်းနဲ့ ဒေါက်တာဇော် ဝေစိုးတို့ရဲ့ ရန်ကုန်က COVID-19 အခြေအနေတင်ပြချက်

 

 

DASSK၊ ကွီးဖြိုးနဲ့ ကွီးစိုးတို့ရဲ့ ပြည်သူသို့ တင်ပြချက်

ယခုရက်ပိုင်း ရန်ကုန်မှာ ပိုးတွေ့သူ များလာသလို ရောဂါကြောင့် သေသူဟာလဲ တိုးလာခဲ့ပါတယ်။ ကျန်းမာရေးဝန်ကြီးက ရန်ကုန်မြို့နယ်အချို့ကို စက်တင်ဘာ ၉ ရက်နေ့က Stay at home အမိန့်ထုတ်လို့ နောက်ပိုင်း နှစ်ပတ်နေရင်တော့ ပိုးတွေ့တာ သေတာဟာ လျော့လာမှာပါ။

ဒီနေရာမှာ ရန်ကုန်မြို့မှာ ပိုးတွေ့သူများလာတာနဲ့အမျှ စိုးရိမ်သူပြည်သူများလဲ ရှိလာသလို ကောလဟာလထုတ်သူ အကောင့်တုများ၊ အဆိုးမြင်ဝါဒီများနဲ့  အမြင်မတူသူ ဆရာဝန်အချို့ကလဲ သူတို့အမြင်ကို ရေးကြ ရှယ်ကြပါတယ်။ ဒီနေရာမှာ တောမီးလောင် တောကြောင် လက်ခမောင်းခတ်ဆိုသလို ရောင်တော်ပြန်နဲ့ ရောပြီး ကောလဟာလထုတ်သူများကိုလဲ တွေ့လာရပါတယ်။ အချို့ ခေတ်သစ်လို အဆိုးမြင်ဝါဒီ သတင်းဌာနတွေကတော့ နဂိုကထဲက Q မဝင်ချင်သူတွေနဲ့  ဗျူးပြီး ပြည်သူကို ဖြဲခြောက်ဖို့ ကြိုးစားလာတာလဲ တွေ့ရပါတယ်။

ဒါဟာ ကပ်ရောဂါတွေမှာ ဖြစ်လေ့ရှိတဲ့ အနေအထားပါ။ သတင်းလစ်ဟာမှုနေရာမှာ ကောလဟာလက နေရာဝင်ယူလာတာပါ။ အစိုးရဆိုတာ ဖန်ဆင်းရှင်မဟုတ်လို့ အချို့လစ်ဟာမှုအနည်းငယ်ရှိနိုင်ပေမယ့် ဒါကိုဘဲ အဆိုးမြင်ဝါဒီတွေက ချဲ့ကားပြောကြတာပါ။

နိုင်ငံခြားတိုင်းပြည်တွေမှာ ဥပမာ အမေရိကန်မှာ ထရမ့်က သူ့ရဲ့ ကူးစက်ရောဂါဆရာဝန်ကြီး Dr Anthony Pauci နဲ့ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့သလို အင်္ဂလန်က ဝန်ကြီးချုပ် ဂျွန်ဆင်ဟာလဲ သူ့ဆေးပညာအရာရှိချုပ်၊ စကော့တလန် ပြည်နယ်ဝန်ကြီးချုပ်ကလဲ သူ့ဆေးပညာအရာရှိချုပ်၊ ဂျာမန်ဝန်ကြီးချုပ်ကလဲ သူ့ကူးစက်ရောဂါဌာနအကြီးအကဲ ပါမောက္ခ Wieler တို့နဲ့ သတင်းသမားတွေကို ရှင်းလေ့ရှိပါတယ်။

 

မနေ့ညက DASSK က ပြည်သူသို့တင်ပြချက်ဆိုပြီး ပြောပြပါတယ်။ ဒီဟာက စိတ်ဓာတ်ခွန်အားဖြစ်စေပါတယ်။ သူက ဗဟိုအစိုးရက ဘာပံ့ပိုးမယ် ပြည်သူ့ထံက ဘာအကူအညီလိုမယ်ဆိုတာကို ချပြခဲ့ပါတယ်။ သူက မဟာဗျူဟာပေါ့။ ဒါပေမယ့် ဖြစ်နေတဲ့ ရန်ကုန်ကပြောတာကို ပြည်သူတွေက သိချင်မှာပါ။ ဒါကြောင့် မနေ့ညက ကွီးဖြိုးက ရန်ကုန်တိုင်းဝန်ကြီးချုပ်အနေနဲ့ သတင်းစကားပြောပြီး political leadership နိုင်ငံရေးခေါင်းဆောင်မှုကို ပြခဲ့သလို ကွီးစိုးပါမောက္ခ ဇော်ဝေစိုးကလဲ သူတို့လုပ်နေကိုင်နေတာတွေကို ရှင်းပြသွားခဲ့ပြီး medical leadership ဆေးပညာအရ ခေါင်းဆောင်မှုကို ပြသွားခဲ့ပါတယ်။ ဒါဟာ ဒီရောဂါကို ကိုင်တွယ်ပုံမှာ ရန်ကုန်တိုင်းအစိုးရနဲ့ ကျန်းမာရေးက ရန်ကုန်အတွက်တာဝန်ရှိသူရဲ့ လုပ်ဆောင်ချက်ဟာ အမေရိကန်၊ အင်္ဂလန်၊ စကော့တလန်နဲ့ ဂျာမနီကဲ့သို့ good pandemic management ကပ်ရောဂါကို ကောင်းမွန်စွာ စီမံလုပ်ဆောင်နေတယ်ဆိုတာ ထင်ရှားပါတယ်။

 

ကွီးဖြိုးက အမျိုးသားအဆင့်ဗဟိုညွှန်ကြားချက်အတိုင်း ဆောင်ရွက်နေကြောင်း ပြည်သူကို ကျေးဇူးတင်ကြောင်းပြောပြီး နေရာ မလုံလောက်ဘူးဆိုတာကို မဟုတ်ကြောင်း ဖောင်ကြီးမှာ ၁၂၂၀ လက်ခံနိုင်ပြီး ယခု ၈၄၃ သာလက်ခံထားရသေးကြောင်း၊ ဝေဘာဂီမှာ ၆၇ သာ ကုသမှုခံယူနေပြီး တောင်ဥက္ကလာဆေးရုံမှာ ၄၂ ဦးရှိကြောင်း၊ ရိုးမရိပ်သာကို ကုသဖို့အတွက် ပြင်ဆင်နေကြောင်း ပြောသွားခဲ့ပါတယ်။ ရိုးမရိပ်သာ အတည်ပြု လူနာနဲ့ ဆက်စပ်သူ Q ၁၂၀၆ဦးရှိပြီး ပိုးတွေ့ သူ ၂၇၂ ဦးထားထားကြောင်း ပြောသွားခဲ့ပါတယ်။ သူက လူနာ ၁၇၅၆ ဦးထပ်မံလက်ခံနိုင်တဲ့ အခြေအနေကို ပြောပြသွားခဲ့ပါတယ်။ သူကဆက်ပြီး လှိုင် Q စင်တာမှာ ၁၆၀၀ ဦး လက်ခံနိုင်ပြီး ယခု ၅၃၃ သာလက်ခံထားလို့၊ ၁၀၆၇ ဦး လက်ခံနိုင်သေးတယ်လို့ ပြောသွားခဲ့ပါတယ်။ ဒါကြောင့် နောက် နှစ်ထောင်ကျော် သုံးထောင်လက်ခံနိုင်သေးကြောင်း စိတ်အေးဖို့ ပြောသွားခဲ့ပါတယ်။ သူ့ရန်ကုန်သူ ရန်ကုန်သားတွေကိုလဲ စိတ်အေးအေးထားပြီး သတိရှိရှိနဲ့ ဖြတ်သန်းကြဖို့ တိုက်တွန်းသွားပါတယ်။ ဒါက နိုင်ငံရေးအပိုင်းပါ။ သူဘယ်လောက်အထိပြင်ထားတယ်ဆိုတာကို ပြောပြသွားတာပါ။

 

ဆေးပညာမှာလဲ ကွီးစိုးက နေ့မအိပ် ညမအိပ်လုပ်နေရတာ မဟုတ်သေးပါကြောင်း ဆရာဝန်တွေ အလုံအလောက်ရှိကြောင်း ပြောသွားခဲ့ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေအတွက် နေရေး စားရေး စီစဉ်ပေးနေတာကိုလဲ ပြောပြသွားခဲ့ပါတယ်။ ဒါဟာအရေးကြီးပါတယ်။ နောက်ရောဂါပိုးတွေ့နှုန်း အနည်းငယ်တန့်လာတာကိုလဲ အသိမှတ်ပြုပြောသွားခဲ့ပါတယ်။ သူကလဲ ကွီးဖြိုးပြောသွားတဲ့ လူနာ ၄၅၀၀-၅၀၀၀ အတွက် ကုသဖို့နေရာရှိတယ်ဆိုတာကို ပြောပြသွားခဲ့ပါတယ်။ ဒါဟာ အင်မတန်မှ အရေးကြီးပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေ တင်တာ ပြောတာကို သူတို့လိုဆရာကြီးတွေကသာ ထောက်ပြပြောဆိုနိုင်မှာပါ။ သူက အဓိက ပေါင်းစပ်ညှိနှိုင်းနေရသူ ဆရာဝန်များလေးစားတဲ့ ပါမောက္ခချုပ်မိုလို့ အခြားဆရာဝန်ပါမောက္ခတစ်ယောက်က Facebook ပေါ်မှာ စေတနာကြောင့်ရေးရေး ဘာကြောင့်ရေးရေး သူကသာ ရှင်းနိုင်မှာပါ။

မနေ့က သတင်းစာရှင်းလင်းပွဲကို ကြည့်လိုက်ရတာ အင်မတန်မှ အားတက်မိပါတယ်။ ကွီးဖြိုးဟာလဲ အခက်အခဲကြား crisis မှာ rise to the occasion အရည်အချင်းတွေ ပိုထုတ်ပြလာတာ တွေ့ရပါတယ်။ ကိုဗစ်ဟာ အနောက်နိုင်ငံတွေနဲ့ အမေရိကန်မှာတောင် အခက်အခဲရှိခဲ့လို့ မြန်မာမှာလဲရှိမှာပါ။ ဒါပေမယ့် စာရေးသူတို့မှာ နိုင်ငံရေးအရ DASSK လို ကွီးဖြိုးလို ခေါင်းဆောင်ကောင်းတွေရှိသလို ဆေးပညာမှာလဲ ကျန်းမာရေးဝန်ကြီးလို ကွီးစိုးလို့ ခေါင်းဆောင်ကောင်းတွေရှိလို့ အဆင်ပြေမှာပါ။

ရန်ကုန်မြို့နဲ့ မြန်မာပြည်ကြီး ကိုဗစ်စစ်ပွဲကို အောင်နိုင်ပါစေ။

https://www.myattunoo.com/post/dassk-က-ဖ-န-က-စ-တ-ရ-ပ-ည-သ-သ-တင-ပ-ခ-က


Spread the love
  •  
  •  
  •  
  •  
  •  
  •