ဒေါ်အောင်ဆန်းစုကြည် ၏ ပြည်သူသို့ပြောကြားချက် အပိုင်း(၂)မှ ကောက်နှုတ်ချက်များ။
- NLD ရဲ.ပထမဆုံးဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာ အခုလက်ရှိ ကျမတယောက်ပဲကျန်ပါတော့တယ်။
အဲဒီတုန်းကတော့ ကျမကအငယ်ဆုံးပါ၊ အခုတော့ ကျမက အသက်အကြီးဆုံးဖြစ်သွားပါပြီ - နိုင်ငံရေးလုပ်ရတာ လွယ်တဲ့ခေတ်မှာ ဝင်လာတဲ့အဖွဲ့ဝင်တွေဟာ (NLD) ဘယ်လောက် ခက်ခက်ခဲခဲ
ဖြတ်သန်းခဲ့ရတယ်ဆိုတာ သိစေချင်ပါတယ်။ - NLD ရဲ.အစဉ်အလာမှာ နေရာလုတယ်ဆိုတာ မရှိပါဘူး
- အဖွဲ.ချုပ်ရဲ့ အစဉ်အလာကောင်းတွေကို ပန်းတိုင်ရောက်တဲ့အထိဆက်ပြီး ထိန်းထားဖို.လိုပါတယ်။
- ကျမတို့အဖွဲ့ချုပ်ရှင်သန်ရေးအတွက် အမျိုးမျိုးအနစ်နာခံခဲ့တဲ့ ပုဂ္ဂိုလ်တွေနဲ.လဲ စတ်ဝင်စားသူတွေကို
မိတ်ထက်ပေးချင်ပါတယ်။ - ကျမတို.နဲ့အတူရုန်းကန်ခဲ့ရတဲ့ ဟိုးအနှစ် ၃၀ ကတဲက အဖွဲ့ဝင်တွေနဲ့ မနေ့တစ်နေ့ကမှ ယုံကြည်ချက်နဲ့
ဝင်လာတဲ့အဖွဲ့ချုပ်ထဲက အငယ်ဆုံးအဖွဲ့ဝင်တွေဟာ ပိုပြီးအကျွမ်းတဝင်ဖြစ်သွားတဲ့အခါ ပြည်သူတွေနဲ့
ကျမတို.အဖွဲ့ချုပ် ပိုပြီး နီးစပ်မှုတွေရှိလာမယ်လို့ ယုံကြည်ပါတယ်။