ပုဒ်မ ၅၀၅ (က) နဲ့ စစ်တပ်မှတရားစွဲဆိုထားသော ဒေါင်းတို့မျိုးဆက်သံချပ်အသင်း က ကိုဇေယျာလွင်၊ ကိုပိုင်ဖြိုးမင်း၊
ကိုပိုင်ရဲသူ တို့ကို ဇွန်လ ၁၂ရက်နေ့မှာ ဧရာဝတီတိုင်း ၊ဒေးဒရဲမြို့နယ်ံတရားရုံးက အလုပ်နဲ့ ထောင်ဒါဏ် ( ၁) နှစ်အမိန့်ချမှတ်လိုက်တယ်လို့သိရပါတယ်။
တရားစွဲဆိုထားတဲ့ အမှုတွေထဲမှ ပြစ်ဒဏ်ကျခံရတာ စုစုပေါင်း ကိုပိုင်ဖြိုးမင်း(ခ)ဒီရေ အလုပ်နှင့်ထောင်ဒဏ် (၆)နှစ်၊
ကိုဇေယျာလွင် အလုပ်နှင့်ထောင်ဒဏ် (၅)နှစ် (၆)လ၊
ကိုပိုင်ရဲသူ အလုပ်နှင့်ထောင်ဒဏ် (၅)နှစ် (၆)လ တို့ရှိပြီး
ထပ်မံရင်ဆိုင်ရမယ့်အမှုတွေ ရှိသေးကြောင်းသိရပါတယ်။