ဒေးဗစ်လားနဲ့အတူ ထောင် ၃လချခံရတဲ့ နဝရတ် Studio ပိုင်ရှင် ကိုဝေထွန်း ထောင်ကပြန်လွတ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဒေးဗစ်လားနဲ့အတူ ထောင် ၃လချခံရတဲ့ နဝရတ် Studio ပိုင်ရှင် ကိုဝေထွန်း ထောင်ကပြန်လွတ်

မရမ်းကုန်းမြို့နယ်တရားရုံး ပုဒ်မ-၃၀ နဲ့ အရေးယူခံခဲ့ရတဲ့နဝရတ် Studio ပိုင်ရှင် audio Engineer & Drummer ကိုဝေထွန်း ဟာ ဒီကနေ့ သြဂုတ်လ ၁၇ ရက်နေ့ မနက်ကအင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက် ခဲ့ပါတယ်။

သြဂုတ်လ ၆ ရက်နေ့ ရုံးချိန်းမှာ မရမ်းကုန်းမြို့နယ်တရားရုံးက တရားဟောဆရာ ဒေးဗစ်လားနဲ့ ကိုဝေထွန်းတို့ကိုအလုပ် နဲ့ ထောင်ဒဏ် ၃လ စီ ချမှတ်ခဲ့တာပါ။

သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ(၂၅) နဲ့တရားစွဲဆိုထားတဲ့ စောဒေးဗစ်(ခ)ဒေးဗစ်လားနှင့် ကိုဝေထွန်းတို့ကို ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်းမြို့နယ်တရားရုံး ၌ ရာဇဝတ်ကြီး အမှုအမှတ်(၆၈၅/၂၀၂၀)အရ အမှုနှင့်ပတ်သက်၍ လက်ခံစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

Credit – ကိုဝင်းမော်


Spread the love
  •  
  •  
  •  
  •  
  •  
  •