ဓာတ်ဆီဗုံးတိုက်ခိုက်မှုမှ လွတ်မြောက်ခဲ့တဲ့ ကိုယ်ဝန်ဆောင်မိခင် ကလေးငယ်ကိုမွေးဖွား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“ကြောက်စရာဓာတ်ဆီဗုံးတိုက်ခိုက်မှုမှလွတ်မြောက်လာခဲ့တဲ့ကိုယ်ဝန်ဆောင်မိခင်အံ့သြဘွယ်ရာကလေးငယ်ကိုမွေးဖွား”

(9 September 2020၊အိုင်ယာလန်လွတ်မြောက်ပြည်နယ်)

အိုင်ယာလန်ပြည်၊ဒန်းဒယ့်လ်(ခ်)မြို့၊ကလုန်တီဂိုယာရိပ်သာမှာဂျူလိုင်လတုန်းကမိသားစုတခုကိုဂျူလိုင်လတုန်းကဓာတ်ဆီမီးလောင်ဗုံးနဲ့တိုက်ခိုက်တာကိုခံခဲ့ရပါတယ်။
ဆေဗန်နာ ဂျွိုက်(စ်)နဲ့သူမရဲ့ခင်ပွန်းဘာနေတို့ဟာ မနက်၃း၃၅အချိန်မှာ လောင်ကျွမ်းခဲ့တဲ့မီးကြောင့် အိမ်ထဲမှာပိတ်မိနေပြီး၊အပေါ်ထပ်ပြတင်းပေါက်ကနေအောက်ကိုခုန်ချခဲ့ရပါတယ်။ ဒါပေမယ့်
အံ့သြဘွယ်ရာအသက်ဘေးကလွတ်မြောက်ခဲ့ရပါတယ်။
အခုတော့ ဆေဗန်နာဟာ ခလေးငယ်လေးတယောက်ကိုဆေးရုံမှာမွေးဖွားလိုက်ပြီး၊မိခင်ရောကလေးပါကျန်းမာနေကြပါတယ်။
ဘာနေကတော့ သူ့ရဲ့သားငယ် ဂျူနီယာဘာနေလေးကို ချီပိုးပြီး ဂုဏ်ယူဝန့်ကြွားရင်း အလွန်ဝမ်းသာနေပါတယ်။
ရင်ခုန်စိတ်လှုပ်ရှားနေတဲ့မိသားစုဟာ
သူတို့ရဲ့သား ဂျူနီယာဘာနေကို မောင်အံဘွယ်
လေး လို့အမည်ပေးခေါ်ဆိုလိုက်ပါတယ်။
အပျော်လွန်နေတဲ့ ဘွားအေကြီး ဝင်နီက ကျွန်မတို့သူ့ကို မောင်အံ့ဘွယ်လို့အမည်ပေးလိုက်တယ်။ကျွန်မတို့တွေဓာတ်ဆီဗုံးနဲ့တိုက်ခိုက်တာခံရ
တုန်းက သေသွားခဲ့နိုင်တယ်။သေဖို့က၁၀၀ရာ
ခိုင်နှုံး လောက်ကို သေခြာနေခဲ့တာလို့ ကျွန်တော်တို့ကိုပြန်ပြောပြပါတယ်။
” အိုင်းရစ်နေဝန်း”သတင်းစာက
ကြက်သေသေထိတ်လန့်နေတဲ့မိဘတွေဟာ
မီးတောက်မီးလျှံတွေဝန်းရံနေချိန်မှာ သူတို့ရဲ့
လေးနှစ်အရွယ်သမီးငယ်လေးတင်နက်ဆီကို
အန္တရယ်ကင်းတဲ့ဆီကိုပစ်ထုတ်လိုက်ရပုံကိုဖော်ပြခဲ့ပါတယ်။
အဲ့ဒီအချိန်မှာအကူအညီပေးဖို့ရာ
မီးလောင်နေတဲ့ဆီကိုအပြေးရောက်လာတဲ့
သူတို့ရဲ့အိမ်နီးချင်းသူရဲကောင်း ပက်ဒီဘွိုင်လန် က ကလေးငယ်ကိုအောက်ကနေဆီးဖမ်းပြီးကယ်
တင်လိုက်ရပါတယ်။
အဖိုး အဖွားတွေဖြစ်တဲ့ မာတင်ဂျွိုက်(စ်)
နဲ့ဝင်နီတို့ဟာ မီးလောင်နေတဲ့အိမ်ရဲ့မြေညီထပ်ကနေထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပါတယ်။
အိမ်ပေါ်ထပ်မှာပိတ်မိနေတဲ့ ဆေဗန်နာနဲ့ဘာနေတို့ကတော့ ပြတင်းပေါက်တခုကနေ အောက်ကို ခုန်ချခဲ့
ရပြီး နှစ်ယောက်လုံး ဒါဏ်ရာတွေအပြင်းအထန်ရခဲ့ကြပါတယ်။
ဆေဗန်နာဟာ အသက်ဘေးအန္တရယ်ကြုံရချိန်မှာ ကိုယ်ဝန်ခုနှစ်လရှိနေပြီဖြစ်တဲ့အတွက်သားဖွား
ဖို့ရာနောက်ကျနှေးကွေးခဲ့ရပြီး၊သူမရဲ့ခြေထောက်နှစ်ချောင်းစလုံးနဲ့ခြေချောင်းလေးတွေဟာလည်းခွဲစိတ်ကုသဖို့လိုအပ်နေပါတယ်။
ပျော်ရွှင်ကြည်နူးနေတဲ့ဆေဗန်နာက သူ
ဒါဏ်ရာတွေသက်သာပျောက်ကင်းလာနေသလိုကလေးတယောက်ပါမွေးပြီးသွားပြီ။ဒီသားငယ်ဟာသူ့အတွက်အပျော်တွေတနင့်တပိုးယူလာပေးသလို၊သူ့ကိုဘုရားသခင်ရဲ့ကောင်းချီးပေးတာကိုခံရတာလို့ ကျွန်တော်တို့ “အိုင်းရစ်နေဝန်း”သတင်းစာကိုပြောပါတယ်။
ကလေးငယ်လေးကို ဂုဏ်ယူပျော်ရွှင်နေတဲ့သူ့အဖေနာမ်မည်အတိုင်းပေးခဲ့တယ်။သားလေးဘာနေဟာအရမ်းချောပြီးချစ်စရာကောင်းတယ်လို့မိသားစုကမနေ့ညကပြော
ပါတယ်။
“ကျွန်မသားလေးအခုဒီနေရာမှာရှိနေတာမယုံ
နိုင်စရာပဲ။ကျွန်မ သူ့အတွက်ဂုဏ်ယူတယ်။
သူဟာတကယ့်ကိုချောတာပါပဲရှင်”လိုဆေဗန်နာကပြောပါတယ်။
“ဖွံ့ဖွံ့ထွားထွားကလေးတယောက်ပါ၊ကိုးပေါင်နဲ့ရှစ်အောင်စရှိတယ်။ကျွန်မသူ့ကိုဘယ်အရာထက်မဆိုပိုချစ်ပါတယ်။ကျွန်မရဲ့မင်းသားခင်ပွန်းသည်ကိုရောမိသားစုတာဝန်တွေကိုရောကျွန်မချစ်ပါတယ်”။လို့
ဆေဗန်နာကထပ်ပြောပါတယ်။
ကျန်းမာကြံ့ခိုင်တဲ့ကောင်လေး
ကိုသောကြာနေ့ကမွေးဖွားခဲ့ပါတယ်။သူဟာတင်နက်ဆီရဲ့မောင်လေးဖြစ်ပြီး၊တင်နက်ဆီကတော့မီးလောင်ဗုံးနဲ့တိုက်ခိုက်ခံရပြီးတဲ့နောက်မှာ ကိုမာဝင်ပြီးအိပ်ယာပေါ်မှာပဲလဲလျှောင်းနေရပါတယ်။
ကျေးဇူးတင်ဝမ်းသာနေတဲ့အဖွားဝင်နီ
က ဘာနေ မီးတောက်ထဲကလွတ်မြောက်ခဲ့တာ
ကိုအံ့သြဝမ်းသာနေပါတယ်။
“အဲ့ဒီကိစ္စ ဖြစ်တုန်းက ကျွန်မတို့အားလုံး အိပ်ပျော်နေကြတာ။သိတ်ကြောက်စရာကောင်းပါတယ်။တကယ့်ကိုကြောက်စရာပါ။ သူအခုဒီနေရာမှာ
ကျန်းကျန်းမာမာနဲ့ရှိနေတာတကယ့်ကိုဝမ်းသာ
စရာပါ။ကျွန်မတို့ကသူ့ကို မောင်အံ့ဘွယ်လေး
လို့ခေါ်ကြတယ်။”လို့ အဖွားဝင်နီကပြောပါတယ်။
“ဓာတ်ဆီဗုံးနဲ့ပစ်ခတ်တိုက်ခိုက်တာကို
အခုအထိစုံစမ်းစစ်ဆေးမှုတွေလုပ်နေတုန်းပဲ၊
အဆိုးဆုံးကတော့အိပ်မက်ဆိုးတွေပါ၊မီးတောက်မီးလျှံတွေ၊မီးခိုးတွေကိုပဲအမြဲပြန်မြင်နေတယ်။”
“ကျွန်မတို့အားလုံးမီးတောက်ထဲမှာသေမသွားတာအတော်ကံကောင်းတာပါ။ခုဆိုဆေဗန်နာလည်းကလေးမွေးပြီးသွားပြီ”
သူတို့တတွေအောင်မြင်စွာအသက်ဘေးကလွတ်မြောက်နိုင်တာကျွန်တော်တို့လည်းဝမ်းသာပါတယ်။ဘုရားသခင်ရဲ့ကျေးဇူးနဲ့ကလေးငယ်လေးလည်းအခုဒီနေရာမှာကျန်းမာဘေးကင်းစွာရှိနေပါတယ်။
ကလေးငယ်ဂျူနီယာဘာနေလေးလည်းလာမယ့်ရက်တွေမှာဆေးရုံကဆင်းရပါတော့မယ်။
သူ့အဘွားဝင်နီကလည်းအားရပါးရပွေ့ဖက်ကြိုဆိုဖို့စောင့်မျှော်နေပါတယ်။
“ကျွန်မတို့ကို   ဆေးရုံကဝင်ခွင့်မပေးဘူးရှင့်၊ကျွန်မသူ့ကိုသိတ်တွေ့ချင်နေပြီ။အမှန်အတိုင်းပြောရရင်သူ့ကိုပွေ့ဖက်ကြိုဆိုဖို့
ကျွန်မထပ်မစောင့်နိုင်တော့ဘူး။အရမ်းချောတဲ့ကျွန်မတို့ရဲ့မြေးလေးပါလို့အဖွားဝင်နီကပြောပါတယ်။
မီးခို့ငွေ့တွေရှူရှိုက်မိလို့ဆေးကုသမှုခံ
ယူခဲ့ရတဲ့ဝင်နီဟာအလွန်ဒေါသဖြစ်နေပါတယ်။
“မကောင်းဆိုးဝါးရာဇဝတ်သားတွေရဲ့
တိုက်ခိုက်မှုကြောင့်ကျွန်မတို့မိသားစုဟာနောက်ဆက်တွဲဒုက္ခဝေဒနာဆိုးတွေခံစားနေပါတယ်။သူတို့တွေဘာလုပ်ခဲ့တယ်ဆိုတာကိုကမ္ဘာကသိ
စေချင်ပါတယ်”လို့ ဝင်နီကကျွန်တော်တို့”အိုင်းရစ်နေဝန်း” သတင်းစာကိုပြောပြပါတယ်။
“ကျွန်မတို့အသက်ရှင်နေတာကိုကတကယ့်ကိုအံသြစရာပဲ ။အဲ့ဒီလိုဖြစ်နေချိန်မှာကျွန်မတို့အိပ်နေကြတယ်။နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်နေကြတာ။သူတို့ဟာကျွန်မတို့တမိသားစုလုံးကိုအိပ်ပျော်နေတုန်းမီးလောင်တိုက်သွင်းပြီးသတ်ဖို့ကြိုးစားခဲ့ကြတာ”လို့ဝင်နီကထပ်ပြောပါတယ်။
အဘွားဝင်နီက မီးခိုးလုံးတွေနဲ့မွှန်ထူနေတဲ့အိမ်ကိုစောင့်ကြည့်နေရတာကိုပြန်သတိရနေပါတယ်။ဆေဆဗန်နာ၊ဘာနေနဲ့တင်နက်ဆီတို့ အိမ်ထဲကလွတ်မြောက်လာမှာကိုစောင့်ကြည့်
ရင်းနဲ့နှလုံးခုန်ရပ်မတတ်ခံစားနေခဲ့ရပါတယ်။

“အိမ်နီးချင်းသူရဲကောင်း”

အဖြစ်ဆိုးတွေကိုပြန်သတိရနေရင်း
ဝင်နီဟာသူတိ့ရဲ့အိမ်နီးချင်းသူရဲကောင်းပက်ဒီ
ဘွိုင်လန်ကိုချီးမွန်းခမ်းဖွင့်နေပါတယ်။
“ပက်ဒီ့ကြောင့်သာမဟုတ်ရင်ကျွန်မတို့အားလုံးသေကုန်ကြမှာ၊သူဟာကျွန်မတို့တို့ကိုကူညီဖို့
မီးတောက်တွေထဲကိုပြေးဝင်လာခဲ့တယ်။”
သူ့မိသာစုကိုအရင်ကတည့်ကမီးရှို့တိုက်ခိုက်ဖို့
ကြံစည်တာကိုခံခဲ့ရတာလို့ဝင်နီကပြောပါတယ်။
“ကျွန်မတို့မိသားစုကိုတိုက်ခိုက်ဖို့ကြံသည်နေတဲ့လူတချို့ရှိတယ်။ကျွန်မတို့ကိုတိုက်ခိုက်ဖို့မကြာခနကြိုးစားခဲ့ကြတယ်”လို့ဝင်နီကပြောပြပါတယ်။
“ကျွန်မယောက်ျားနဲ့ကျွန်မအိမ်ထဲမှာရှိနေတုန်း
အိမ်ပြတင်းပေါက်ကိုချိုးဖျက်ကြတယ်။ကျွန်မတို့အိမ်ရှေ့ကကားတွေကိုမီးရှို့ကြတယ်”
“အဆိုးဆုံးပါပဲ၊ကျွန်မတွေ့ဖူးသမျှထဲမှာ
တော့အဆိုးဆုံးပါပဲရှင်”
ဓာတ်ဆီဗုံးနဲ့တိုက်ခိုက်တာခံရပြီးတဲ့နောက်ယဒရော့ဂီဒါမြို့မှာရှိတဲ့ဆေးရုံမှာ ဝင်နီ၊မာတင်၊ဘာနေနဲ့ဆေဗန်နာတို့ကုသမှုခံယူခဲ့ကြပါတယ်။
တင်နက်ဆီလေးကိုတော့ဒပ်ဗလင်မှာရှိတဲ့
ကရမ်လင်ဆေးရုံကိုပြောင်းရွှေ့ပေးခဲ့ပါတယ်။
ထိတ်လန့်စရာမီးရှို့တိုက်ခိုက်မှုအပြီးတပတ်
အကြာမှာ အသက်၂၀ကျော်အရွယ်လူငယ်၄ယောက်ကို
ရဲတပ်ဖွဲ့ကဖမ်းဆီးပြီးစစ်ဆေး
မေးမြန်းခဲ့ပါတယ်။
ဂါဒါစုံစမ်းစစ်ဆေးမှုကဆက်လက်လုပ်ဆောင်နေပြီ၊ကျွန်မတို့မိသားစုအတွက်တရားမျှတမှု
ရအောင်ပြန်လုပ်ပေးဖို့ကျွန်မတောင်းဆိုပါတယ်လို့ ဝင်နီကပြောပါတယ်။
ဂါဒါစုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်
ဒရူးဟဲရစ်က ဂါဒါအဖွဲ့ရဲ့စုံစမ်းစစ်ဆေးတာတွေဟာနှေးကွေးလွန်းတယ်လို့ပြောဆိုမှုကိုလက်မခံပဲ
ပယ်ချလိုက်ပါတယ်။
ထိပ်တန်းရဲအရာရှိက မီးရှို့တိုက်ခိုက်သူတွေကိုဖော်ထုတ်ရာမှာကူညီပေးဖို့မျက်မြင်သက်သေတွေလာရောက်
သတင်းပေးကြပါလို့ဆင့်ခေါ်ထားပါတယ်။
“ဒါဟာအလွန်အလေးအနက်ထားရမယ့်အဖြစ်အပျက်တခုပါ။တကယ်ဝမ်းနည်းစရာကောင်းတဲ့အကျိုးဆက်တွေဖြစ်ခဲ့တာမို့ကျွန်တော်တို့က အရေးကြီးတဲ့အဖြစ်အပျက်တခုအဖြစ်
သတ်မှတ်ထားပါတယ်”လို့ ဟဲရစ်ကပြောပါတယ်။

(Ref;The Irish News)


Spread the love
  •  
  •  
  •  
  •  
  •  
  •