ဓားရဲ့ရင်ဝမှာ စိုက်ဝင်နေတဲ့ နှင်းဆီ (ညီမင်းညို)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဓားရဲ့ရင်ဝမှာ စိုက်ဝင်နေတဲ့ နှင်းဆီ
••••••••••••••••••••••••••••••
ဓားဟာ လေထဲပျံသန်းလာ
ပျံသန်းရင်း တွေဝေ
ပန်းရနံ့ဟာ သူ့လိုဘ ဟုတ် မဟုတ်
ဒါပေမဲ့
အဖြေဟာ ပန်းတစ်ပွင့်စာ နောက်ကျခဲ့တယ်
ရလဒ်က သွေးညှီနံ့ ဖြစ်ခဲ့တယ်
ဓားဟာ နောင်တရခဲ့
ဥယျာဉ်ကို မျက်ရည်နဲ့ပျိုးခဲ့
ပန်းတွေကလည်း
ဓားကို ရနံ့နဲ့သတ်ဖို့
တစ်သံသရာလုံးပွင့်အောင် မွှေးခဲ့ကြတယ်
ညီမင်းညို
8 9 2019 Sun pm 7:00 ရန်ကုန်

Spread the love
  •  
  •  
  •  
  •  
  •  
  •