“နက်ရှ်ဗီး(လ်) မြို့မှာ ခရစ္စမတ်နေ့တွင် ပေါက်ကွဲမှုဖြစ်ပွါး”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“နက်ရှ်ဗီး(လ်) မြို့မှာ ခရစ္စမတ်နေ့တွင်
ပေါက်ကွဲမှုဖြစ်ပွါးခဲ့”

December 27, 2020

ဗဟိုအစိုးရထောက်လှမ်းရေးများကအချက်အလက် ၅၀၀ကျော်ကိုစုံစမ်းစစ်ဆေးနေပြီး နက်ရှ်ဗီးလ်မြို့တွင်ပေါက်ကွဲမှု ဖြစ်ပွါးခဲ့လို့ လောင်ကျွမ်းတူးခြစ်နေတဲ့ နေရာကို ပိုက်စိပ်တိုက် ရှာဖွေနေကြပါတယ်။အရင်နေ့က မော်တာရုံ(motor home)တခုမှာ အသံသွင်းထားတဲ့သတိပေးသံစူးစူးဝါးဝါးအော်မြည်လာပြီး ပေါက်ကွဲသွားခဲ့ရာ လူ၃ယောက်ဒါဏ်ရာရသွားခဲ့ပါတယ်။ဒီပေါက်ကွဲမှုဟာ အမေရိကရဲ့ဂီတမြို့တော်မြို့လယ်ခေါင်မှာ ခရစ္စမတ်နေ့က ဖြစ်ပွါးသွားခဲ့တာဖြစ်ပါတယ်။

သောကြာနေ့ကဖြစ်ပွါးခဲ့တဲ့ မိုးခြိမ်းသံတမျှကျယ်လောင်စွာဆူညံမြည်ဟီး
သွားတဲ့ပေါက်ကွဲမီးလောင်မှုကိုစုံစမ်းစစ်ဆေးရာမှာရာပေါင်းများစွာသောထောက်လှမ်းရေးများ၊ဒေသခံရဲအရာရှိများ ပါဝင်ပတ်သက်နေကြပါတယ်။ပေါက်ကွဲမှုကြောင့်ယာဉ်ပေါင်းများပျက်စီးသွားခဲ့ပြီး စီးပွါးရေးလုပ်ငန်း၄၀ကျော်ထိခိုက်ပျက်စီးသွားခဲ့ကာ မှန်ကွဲစအပိုင်းအစများ ခြေရာ
လက်ရာအဖြစ်ကျန်ရစ်ခဲ့ပါတယ်။
မော်တာရုံဟာ တင်နက်ဆီပြည်နယ််မှ
အကြီးဆုံးမြို့တော်ရဲ့မြို့လယ်ခေါင်လမ်းမှာ
တည်ရှိနေပြီး သောကြာနေ့အရုဏ်တက်ချိန်မှာ
ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။သေနတ်သံကြားလို့ရောက်ရှိလာတဲ့ရဲတွေဟာ
အပန်းဖြေယာဉ်တစီးကိုသတိပြုမိခဲ့ကြပြီး၊
၎င်းယာဉ်ဆီက အလိုအလျှောက်ထွက်ပေါ်နေတဲ့အသံသွင်းထားတဲ့ ဗုံးသတိပေးချက်ကိုကြားခဲ့ရပြီးတဲ့
နောက်မှာပေါက်ကွဲသွားခဲ့တာဖြစ်ပါတယ်။
ကြီးကြပ်ဆောင်ရွက်နေတဲ့ FBIအထူးအေးဂျင့် ဒေါက် ကော်နက်စကီ ကအပျက်အစီးပုံတွေကြားမှာတွေ့ရတဲ့ လူ့ကိုယ်ခန္ဓာရုပ်ကြွင်းဖြစ်ပုံပေါ်တဲ့အရာကို
ကွဲကွဲပြားပြားသိနိုင်အောင် စုံစမ်းစစ်ဆေးသူ
တွေဟာ”အားစိုက်ခွန်စိုက်ကြိုးပမ်းလုပ်ကိုင်
ဆောင်ရွက်နေကြတယ်”လို့သတင်းထောက်တွေကိုပြောဆိုခဲ့ပါတယ်။ဒါပေမဲ့ အရာရှိတွေက “တမင်ရည်ရွယ်ချက်နဲ့လုပ်ကိုင်ဆောင်ရွက်မှု”
လို့ပြောဆိုခဲ့တဲ့ဖြစ်ရပ်နောက်ကွယ်မှာရှိနေတဲ့လူပုဂ္ဂိုလ်ရဲ့ကိုယ်ခန္ဓာရုပ်ကြွင်းဟုတ် မဟုတ်ဆိုတာကိုတော့သူကပြောဆိုခဲ့ခြင်းမရှိပါဘူး။
နက်ရှ်ဗီးလ် ဒေသခံတဦးဖြစ်သူ အသက်
၆၃အရွယ် အန်ထော်နီ ကွင်းန် ဝါနာဟာ
ပေါက်ကွဲမှုနဲ့ပတ်သက်ပြီးစိတ်ဝင်စားမှုခံနေရတဲ့ ပုဂ္ဂိုလ်တဦးဖြစ်တယ်လို့ အမည်မဖော်ပြတဲ့ဥပဒေထိန်းသိမ်းရေးရင်းမြစ်တွေကပြောဆိုပါတယ်။ပေါက်ကွဲမှုဖြစ်ပွါးရာနေရာမှာအရာရှိတွေစစ်ဆေးအတည်ပြု ထားတဲ့ယာဉ်နဲ့တူညီတဲ့ယာဉ်တစီး ဝါနာ့ဆီမှာရှိတယ်လို့CBSက
သတင်းထုတ်ပြန်ခဲ့ပါတယ်။

ရိုက်တာက ဒီသတင်းခိုင်လုံကြောင်း
ချက်ချင်း အတည်ပြုပေးနိုင်ခြင်းမရှိသေး သလို အရာရှိတွေကလဲ သံသယဖြစ်စရာလို့စိတ်ဝင်စားခြင်းခံရသူဟာ
ဘယ်သူဘယ်ဝါဖြစ်တယ်လို့ကွဲကွဲပြားပြား
ပြောနိုင်စွမ်းမရှိသေးပါဘူး။ “ဒီနေရာမှာ ဘယ်သူတဦးတယောက်ကိုမှ တရားခံဖြစ်နိုင်တယ်ဆိုတာကျွန်တော်တို့
ပြောဆိုဖို့မပြင်ဆင််ထားပါဘူး။အရာရှိတွေဟာ
အချက်အလက်၅၀၀ကျော်ကိုစုံစမ်းစစ်ဆေးနေပြီး၊ပေါက်ကွဲမှုနဲ့ဆက်စပ်ပတ်သက်နိုင်ဖွယ် ရှိတဲ့လူပေါင်းများစွာကိုကြည့်ရှုစစ်ဆေးနေပါတယ်။

FBI နဲ့ အမေရိကန်ပြည်ထောင်စု
အရက်၊ဆေးရွက်ကြီး နဲ့ လက်နက်နဲ့ဖောက်ခွဲရေးပစ္စည်းများ ဗျူရိုမှာဒါဇင်ပေါင်းများစွာသောထောက်လှမ်းရေးတွေဟာ ပြာတွေဖုံးလွှမ်းနေတဲ့အပျက်အစီးနေရာ
တဝိုက်ကိုစနေနေ့ကရှာဖွေနေကြပါတယ်။
အခင်းဖြစ်ပွါးရာနေရာအတွင်းမှာ ယာဉ်အသွားအလာလုပ်လို့မရအောင်ပိုင်းခြားကာဆီးထားပြီး၊ရပ်နားထားတဲ့ကားတွေ နဲ့သစ်ပင်တွေဟာမီးလောင်ကျွမ်းထားလို့
မည်းနက်နေသလို ပေါက်ကွဲထွက်နေတဲ့ရေ
ပိုက်တခုဟာလည်းတညလုံးရေတွေပန်းထွက်
နေတာကြောင့်သစ်ပစ်တွေမှာရေခဲအလွှာချပ်တခုဖုံးလွှမ်းနေပါတယ်။စီးပွါးရေးလုပ်ငန်း
၄၁ခု ထိခိုက်ပျက်စီးသွားတယ်လို့မြို့တော်ဝန်
ဂျွန်ကူးပါးက ပြောဆိုခဲ့ပါတယ်။
“ဧည့်ခန်းထဲက ပြတင်းတံခါးတွေအားလုံး
အိပ်ခန်းထဲကိုရောက်လာခဲ့တယ်။ရှေ့တံခါးကတော့ပတ္တာတွေပြုတ်ထွက်သွားခဲ့တယ်။”လို့ ပေါက်ကွဲမှုဖြစ်ပွါးခဲ့ဘလောက်မှာနေထိုင်တဲ့
ဘတ်ခ် မက်ကွိုင်းက ဒေသတွင်းက TVအသံလွှင့်ဌာန WKRNကိုပြောပြပါတယ်။
“ကျွန်တော့်မျက်နှာ၊နံဘေး နဲ့ခြေထောက်တွေမှာသွေးတွေမှာသွေးတွေစီးကျနေပြီး ခြေဖဝါးမှာလဲ သွေးအနည်းငယ် ထွက်နေပါတယ်။”လို့သူကပြောပါတယ်။
တင်နက်ဆီပြည်နယ်အုပ်ချုပ်ရေးမှူး ဘေလ် လီ က သူပေါက်ကွဲမှုဖြစ်ပွါးရာနေရာ ကိုသွား
ရောက်ခဲ့တယ်လို့ပြောဆိုပြီး ၊လူသေဆုံးမှုမရှိခဲ့တာ “အလွန်အံ့သြစရာအဖြစ်အပျက်တခု”လို့
တွစ်တာမှာ ရေးသားပြောဆိုခဲ့ပါတယ်။
သမ္မတဒေါ်နယ်ထရမ့်ဆီ ရေးသားခဲ့တဲ့စာမှာ
ဒီပြည်နယ်ကို ကယ်ဆယ်ရေးကြိုးပမ်း ဆောင်ရွက်မှုတွေလုပ်ဆောင်ရာမှာအထောက်အကူပေးဖို့ အရေးပေါ်အခြေအနေ ကြေညာပေးရန် တောင်းဆိုထဲ့ပါတယ်။
သောကြာနေ့အဖြစ်အပျက်ရဲ့လျှို့ဝှက်ဆန်း
ကျင်မှုဟာ ထိတ်လန့်စရာကောင်းတဲ့ ကြိုတင်ကြေညာမှု လုပ်ခဲ့တာဖြစ်ပါတယ်။
သေနတ်ပစ်ခတ်သံတွေ တဖြောက်ဖြောက် ကြားခဲ့ရပြီးနောက်မှာ ကွန်ပြူတာနဲ့ဖန်တီးထားတဲ့အမျိုးသမီးအသံတခုဟာ ဗုံးတလုံးပေါက်ကွဲတော့မယ်ဆိုပြီး
တမိနစ်ချင်းရေတွက် ပြောဆိုနေတဲ့အသံဟာ အပန်းဖြေ ယဉ်ဆီက ပေါ်ထွက်နေတာကို
ကြားနေကြရတာဖြစ်တယ်လို့ မျက်မြင်သက်သေတွေ နဲ့ ရဲတပ်ဖွဲ့ဝင်တွေကပြောပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေဟာ အနီးအနားမှာရှိတဲ့အိမ်တွေ နဲ့ အဆောက်အဦးတွေကလူတွေကို ဘေးကင်းရာရွှေ့ပြောင်းပေးနိုင်ဖို့အလုအယက်လုပ်ဆောင်ပေးခဲ့ကြရပြီးဗုံးရှင်းလင်းရေးအဖွဲ့တဖွဲ့ကိုလည်းခေါ်ယူခဲ့ကြ
ပါတယ်။ ဗုံးရှင်းလင်းအဖွဲ့လာရာလမ်းမှာပဲရှိနေတုန်းမှာ
AT&Tကုမ္ပဏီရုံးခန်းအဆောက်အဦး အပြင်ဘက်မှာ ပါကင်ထိုးရပ်နားထားတဲ့အပန်းဖြေယာဉ်ဟာ ပြင်းထန်စွာပေါက်ကွဲသွားခဲ့ပါတယ်။

ရဲတွေဟာနောက်ပိုင်းမှာမော်တာရုံရဲ့ ဓာတ်ပုံကို အင်တာနက်မှာတင်ခဲ့ပါတယ်။
ဒီအပန်းဖြေယာဉ်ဟာ ပေါက်ကွဲမှုမဖြစ်ခင်
၅နာရီလောက်ကြိုတင်ပြီးအခင်းဖြစ်ပွါးမဲ့
နေရာမှာရောက်ရှိနေခဲ့တာဖြစ်ပါတယ်။
ဒါဏ်ရာအနည်းငယ်စီအသီးသီး ရရှိခဲ့ကြသူ ၃ယောက်ကို ဆေးရုံတင်ထားခဲ့ပြီး
စိုးရိမ်စရာအခြေအနေမရှိဘူးလို့မီးသတ်အရာရှိတွေကပြောပါတယ်။ရဲတပ်ဖွဲ့ဟာ အခင်းဖြစ်ပွါးရာနေရာအနီးကလမ်းသွားလမ်းလာဘေးကရပ်ကြည့်နေသူတွေကို အလျှင်အမြန်ရှင်းလင်းဖယ်ရှားပေးနိုင်ခဲ့တာ
ကြောင့်နောက်ထပ်သေဆုံးမှုတွေမဖြစ်ခဲ့တာလို့အာဏာပိုင်တွေကပြောဆိုပါတယ်။

ပေါက်ကွဲမှုကြောင့်ပျက်စီးဆုံးရှုံးသွား
ခဲ့တဲ့AT&Tကုမ္ပဏီရဲ့အခြေခံအဆောက်အအုံတွေဟာဆိုရင် တင်နက်ဆီပြည်နယ်အလယ်ပိုင်းမှာ တယ်လီဖုန်း၊အင်တာနက် နဲ့ ဖန်နန်းကြိုးမျှင်မှ
အနီအောက်ရောင်ခြည်နဲ့ထုတ်လုပ်ပေးတဲ့TV
ဝန်ဆောင်မှု စံနစ်တွေ လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားခဲ့ရတဲ့အထိ ကျယ်ကျယ်ပြန့်ပြန့် ထိခိုက်ဆုံးရှုံးခဲ့ရပါတယ်။
မစ္စစပီ၊ကင်တက်ကီ၊အလာဘားမား နဲ့ ဂျော်ဂျီ
ယာစတဲ့အနီးအနားပြည်နယ်တွေမှာလည်း
ထိခိုက်ဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။
ပေါက်ကွဲမှုဖြစ်ပွါးရာမြို့လယ်ခေါင် နေရာက ကုမ္ပဏီရုံးခန်းကို ထပ်မံမီးလောင်မှုဖြစ်ပွါးနေချိန်မှာ ဝန်ဆောင်မှုလုပ်ငန်းတွေပြန်လည်ကောင်းမွန်စွာပေးနိုင်ဖို့ ညလုံးပေါက်AT&Tကကြိုးပမ်းဆောင်ရွက်နေ
ကြတာကိုစောင့်ဆိုင်းကြည့်ရှုပြီးမေးမြန်း
ခဲ့ပါတယ်။ကုမ္ပဏီက စနေနေ့က ထုတ်ပြန်
ချက်မှာ နက်ရှ်ဗီးလ် မြို့လည်နဲ့ ဒေသတဝှမ်း
မှာအလွယ်တကူသယ်ဆောင်သွားနိုင်တဲ့ဆဲလ်ဆိုက်တွေ(portable cell sites)တွေကို ဖြန့်ဝေ
ချထားပေးပြီးအသုံးပြုနေတယ်လို့ ကုမ္ပဏီက
ပြောခဲ့ပါတယ်။

Ref:(REUTERS)


Spread the love
  •  
  •  
  •  
  •  
  •  
  •