နမ့်ခမ်းမြို့နယ်အတွင်း ခဲယမ်းများသိမ်းဆည်းရမိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

နမ့်ခမ်းမြို့နယ်အတွင်း ခဲယမ်းများသိမ်းဆည်းရမိ
==========
နေပြည်တော် ၊ အောက်တိုဘာ – ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက် ရှိသော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၇ နာရီခွဲခန့်တွင် မုံးဝီးကျေးရွာ၏ အရှေ့ဘက် ၅ မိုင်ခန့်အကွာသို့အရောက်၌ ပန်ရှောကျေးရွာဘက်မှ မန်ဆက်ကျေးရွာဘက်သို့မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ် ၁ စီးအားတွေ့ရှိသဖြင့် စစ်ဆေးရန်ရပ်တန့်စေခဲ့ရာ ဆိုင်ကယ်မောင်းနှင်သူမှာ ဆိုင်ကယ်အား ရပ်တန့်၍ လျှိုအတွင်းဝင်ရောက် ထွက်ပြေးသွားခဲ့သည်။

ရပ်တန့်ထားခဲ့သည့် မော်တော်ဆိုင်ကယ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ဆိုင်ကယ်ထိုင်ခုံအနောက်တွင်တင်ဆောင်ထားသည့် ဆာလာအိတ်အတွင်းမှ RPGဒုံးသီး(ပို့ကျည်ပါ) ၅ လုံး၊ အီနာဂါဗုံးသီး(ပို့ကျည်မပါ) ၁၇ လုံးနှင့် ၄၀ မမဗုံးသီး ၈ လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ မော်တော်ဆိုင်ကယ်နှင့် ခဲယမ်းများအား လုပ်ထုံး လုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။http://dsinfo.org/node/557


Spread the love
  •  
  •  
  •  
  •  
  •  
  •