နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိ ရုံးအဖွဲ့၊ ဆေးခန်းအဖွဲ့ တို့အား Swab Test ပြုလုပ်ခဲ့ရာ အားလုံး Negative ဖြစ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အားလုံး Negative ပါ
=============
၂၀၂၀၊ အောက်တိုဘာ၊ (၂၆)ရက်
နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်တွင် ဥက္ကဌကြီး ဦးကျော်သူ အပါအ၀င် ဝန်ထမ်း (၃)ယောက် COVID-19 ရောဂါ ကူးစက်မှုဖြစ်ပေါ်ခဲ့ပါသည် ။

ယနေ့ (၁၁း၀၀)နာရီတွင် အသင်းရှိ ရုံးအဖွဲ့၊ ဆေးခန်းအဖွဲ့ တို့အား Swab Test ပြုလုပ်ခဲ့ရာ အားလုံး Negative ဖြစ်ပါသည်။ Contact မရှိတော့ပါဘူး။ ကျွန်တော်တို့အားလုံး (၄.၁၁.၂၀၂၀) ပြန်လာပါမယ်။

“ နာရေးကူညီမှုအသင်း(ရန်ကုန်) ပြန်လည် ကျန်းမာပါပြီ။ ပထမဆုံး ပိုးတွေ့သူလည်း ဒီနေ့ ပြန်လာပါပြီ။ နောက်ထပ်လည်း ဆက်လက် ပိုးကူးစက်သူမရှိတော့ပါဘူး။ ကိုကျော်သူ၊ ထွန်းကိုကိုနဲ့ ကျန်သုံးယောက်လည်း ကျန်းမာကြပါတယ်။ ဝမ်းသာစရာသတင်းကောင်းပါ။”(ဒေါ်မြင့်မြင့်ခင်ဖေ(ခ)ဒေါ်ရွှေဇီးကွက်)

ဥက္ကဌကြီး ဦးကျော်သူ မှ အားလုံးအတွက် ယခုလို သတိပေးစကား ပြောကြားခဲ့ပါတယ်

” N ကွ! ဆိုတော့ မင်းတို့နည်းတူ ငါလည်းဝမ်းသာမိတာပေါ့ကွာ။
ဒါပေမယ့် ဒါတစ်သက်လုံး “N” ဖြစ်သွားတာမဟုတ်ဘူးဆိုတာ သိထားဖို့ အရေးကြီးတယ်။
ဒါ့ကြောင့် … ငါ ဒါလေးရေးပေးလိုက် တယ်။
” ဝမ်းသာတယ်ဆိုပြီး အပျော်မကြူးကြနဲ့။
မပေါ့ကြနဲ့။
လွတ်လပ်ပြီဆိုပြီး လမ်းမထွက် ဆေးရိုးလှမ်းကြသလိုဖြစ်ကုန်မယ်။
သတိ!
အသိ!
အမြဲ ရှိ!
ကျော်သူ( ခေတ္တ ဝေဘာဂီ)
ကျွန်တော်တို့ အားလုံး လိုက်နာကျပါခင်ဗျာ။

ဆုတောင်းမေတ္တာပို့ပေးပါသော (၇)ရက်သား ၊ သမီးများအားလုံးကို ကျေးဇူးတင်ပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •