နာ​ရေးကူညီမှုအသင်း( ရန်ကုန် )ရုံးကို Lock  Down ချ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

နာ​ရေးကူညီမှုအသင်း( ရန်ကုန် )ရုံးကို Lock  Down ချ

 

ဒဂုံမြို့သစ်​မြောက်ပိုင်းမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ နာ​ရေးကူညီမှုအသင်း ရန်ကုန်ကို ​အောက်တိုဘာလ ၂၁ရက်​နေ့ကစပြီး ၁၄ရက်ပိတ်ထားလိုက်ပြီလို့သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက နာ​ရေးကူညီမှုအသင်း သားတစ်ဦး Covid-19ပိုး​တွေ့ရှိခဲ့ရာမှာ အသင်းဥက္ကဌအပါအဝင် ၃ဦး ​ဆေးစစ်ခဲ့ပါတယ်။နာ​ရေးကူညီမှုအသင်းဥက္ကဌဦး​ကျော်သူ တွင် Covid-19 Positive ဖြစ်လို့ အသင်းရုံးကို Lock Down ချလိုက်တာဖြစ်ပါတယ်။

Lock Down  (၁၄)ရက်တာကာလအတွင်းမှာအရေးပေါ်နဲ့ပတ်သတ်သောလုပ်ငန်းကိစ္စအဝဝကိုခေတ္တခဏရပ်နားထားမှာဖြစ်ပြီးဈာပနလုပ်ငန်းများကိုပုံမှန်ရုံးချိန်အတိုင်း ရေဝေး ရုံးခွဲမှပေးဆပ်ကူညီသွားမယ်လို့သိရပါတယ်။

@Aung Gyi


Spread the love
  •  
  •  
  •  
  •  
  •  
  •