“နိုင်ဂျီးရီးယားမှာကျောင်းသားများပြန်ပေးဆွဲခံရ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“နိုင်ဂျီးရီးယားမှာကျောင်းသားများပြန်ပေးဆွဲခံရ”

December 18, 2020

လွန်ခဲ့တဲ့အပတ်က နိုင်ဂျီးရီးယားအနောက်မြောက်ဘက်ဒေသမှာ
အစုလိုက်အပြုံလိုက်ပြန်ပေးဆွဲခံရမှုမှာ ဖမ်းဆီးခံထားရတဲ့ကျောင်းသားတွေရဲ့ဗီဒီယိုကို ဘိုကိုဟာရမ်အဖွဲ့ကကြာသပတေးနေ့မှာ ထုတ်လွှင့်ပြသခဲ့ပါတယ်။
AFP ကတွေ့မြင်ရတဲ့ဗီဒီယိုထဲမှာ အင်္ဂလိပ်လို နဲ့ ဟောင်ဆာလို ပြောဆိုနေတဲ့
တုန်လှုပ်ခြောက်ခြားနေတဲ့ ဆယ်ကျော်သက်
တဦးက သူဟာ အဘူရှီကောင်အဖွဲ့က ခေါ်ဆောင်လာတာခံရတဲ့ ကျောင်းသားအယောက်၅၂၀ထဲကပါလို့ပြောပါတယ်။ဒီဆယ်ကျော်သက်လေးကိုကျောင်းသား
ကောင်လေးတွေအုပ်စုကြီးက ဝိုင်းရံထားပြီး
အချို့ဟာအရမ်းကိုငယ်သေးပုံရပါတယ်။
သူတို့ကိုသစ်ပင်တပင်အောက်မှာအစုလိုက်အပြုံလိုက်ထားထားပြီး ညစ်ပတ်ပေရေလျှက်
မောပန်းနွမ်းနယ်နေကြပုံရပါတယ်။
ကတ်ဆီနာပြည်နယ်မှာရှိတဲ့ ကန်ကာရာက
ကျေးလက်ကျောင်းတကျောင်းကို လွန်ခဲ့တဲ့ သောကြာနေ့က ဝင်ရောက်စီးနင်းတိုက်ခိုက်မှု ကို အစကနဦးက ဒီဒေသကို နှစ်ပေါင်းများစွာကြာအကြမ်းဖက်လာကြတဲ့
တောပုန်းဓားပြတွေလို့သိထားတဲ့ ရာဇဝတ်သားတွေအပေါ်အပြစ်တင်ခဲ့ကြ
ပါတယ်။
ဒါပေမဲ့ ဒီစီနင်းတိုက်ခိုက်မှုကို
သူတို့လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဘိုကိုဟာရမ်အဖွဲ့က အင်္ဂါနေ့မှာ ပြောဆိုခဲ့ပါတယ်။ရက်စက်ကြမ်းကြုတ်တဲ့
ဆယ်စုနှစ်ကြာသောင်းကျန်မှု မွေးဖွားခဲ့ရာ ဒေသဖြစ်တဲ့နိုင်ဂျီးရီးယားအရှေ့မြောက်ဘက်မှာရှိတဲ့ ဘိုကိုဟာရမ်အဖွဲ့ရဲ့ အမာခံနယ်မြေမှ
ကီလိုမီတာ(မိုင်) ပေါင်းများစွာဝေးကွာတဲ့ အရပ်ဒေသမှာ ဒီစီးနင်းတိုက်ခိုက်မှု ဖြစ်ပွါး
ခဲ့တာဖြစ်ပါတယ်။
ဒီအကြမ်းဖက်အဖွဲ့ရဲ့ ဖမ်းဆီးရအလွန်ခက်ခဲတဲ့ခေါင်းဆောင်
အဘူဘေကာ ရှီကောင် ရဲ့ အသံနဲ့တူတဲ့ အသံ
နဲ့ ဒီဗီယိုထဲမှာဖမ်းယူထားပြီး ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။
ဒီဗီဒီယိုမှာသူတို့အဖွဲ့မှာ တာဝန်ရှိကြောင်း ထပ်တလဲလဲပြောဆိုထား ပါတယ်။
“ငါ အစောပိုင်းက အသံလွှင့်ပြီး ငါ့လူ
တွေဟာ ဘုရားသခင်ရဲ့လုပ်ငန်းတွေကိုဆောင်ရွက်နေတာလို့ အခိုင်အမာ ပြောခဲ့ပေမဲ့ လူတွေက
ငြင်းဆန်ခဲ့ကြတယ်” ၊”ဒီမှါငါ့ရဲ့လူတွေ ၊ပြီးတော့ မင်းတို့ရဲ့ကလေးတွေ စကားပြောကြပြီ။” လို့ဗီဒီယိုထဲကအသံက
ပြောဆိုပါတယ်။
“အစိုးက ဗီဒီယိုနဲ့ပတ်သက်လို့အတည်ပြု
ပြောဆိုတာမရှိ”
ဘိုကိုဟာရမ်က ပေးပို့တဲ့ ယခင်သတင်းစကားတွေလိုပဲ တူညီတဲ့လိုင်းက
နေ ဒီဗီဒီယိုကို AFP သတင်းဌာနကို ပေးပို့ခဲ့
ပါတယ်။
ဒီစစ်ဆင်ရေးကို ဘိုကိုဟာရမ်အဖွဲ့ရဲ့အမိန့်ပေးစေခိုင်းချက်နဲ့
နာမ်မည်ဆိုးနဲ့ကျော်ကြားတဲ့ ဒေသတွင်းဂိုဏ်းသားတဦးဖြစ်တဲ့ အော်ဝါလန်
ဒေါင်ဒါရာ ကဆောင်ရွက်ခဲ့ပါတယ်။အခြားဒုစရိုက်ခေါင်းဆောင်နှစ်ဦးဖြစ်တဲ့
အစ်ဒီမင်နော်တီ နဲ့ ဒန်ကါရာမီ တို့ရဲ့ ဒေသတွင်း
ကအင်အားတောင့်တင်းတဲ့နောက်လိုက်တွေနဲ့
ပူးပေါင်းပြီးဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။
အစိုးရက ဘိုကိုဟာရမ်အဖွဲ့ရဲ့ပြောဆိုချက်တွေကို ချက်ခြင်း မတုံ့ပြန်ခဲ့သလို ပျောက်ဆုံးနေတဲ့ကလေးတွေရဲ့အရေအတွက်ကိုလည်း အတိအကျထုတ်ပြန်အတည်ပြုခြင်း မလုပ်ခဲ့ပါဘူး။မတူညီတဲ့အရာရှိတွေကတော့
ကလေးတွေရဲ့အရေအတွက်ကို ၃၂၀ (ဒါမှမဟုတ်)၃၃၃ယောက် လို့အရေအတွက်နှစ်မျိုး ပြောဆိုကြပါတယ်။
ရှီကောင်ဟာ တကမ္ဘာလုံးကို ဒေါသဖြစ်စေခဲ့တဲ့၂၀၁၄ခုနှစ်မှာ
ချီဘော့(ခ်)က ကျောင်းသူ ၂၇၆ယောက်ကို
အဓမ္မဖမ်းဆီးပြန်ပေးဆွဲမှုရဲ့နောက်ကွယ်မှာ
ပါဝင်ခဲ့ပါတယ်။
ချီဘော့(ခ်) ပြန်ပေးဆွဲမှုအပြီး အလားတူနည်းလမ်းဟောင်းအတိုင်းပြန်လည်လုပ်ဆောင်လာတာကို ကျွန်တော်တို့ရဲ့ကောင်လေးတွေကို ပြန်ပေးဆွဲပြီး လူမှုသတင်းကွန်ယက်ပေါ်မှာ တင်တာနဲ့စတင်လုပ်လာခဲ့တယ်။
ကောင်လေးတွေကို ပြန်လွှတ်ပေးဖို့ဖိအားပေးတောင်းဆိုတဲ့ဆန္ဒပြမှုအနည်းငယ်ကတ်ဆင်နာမြို့မှာသာမက မြို့တော်အဘူဂျာ
မှာလည်းပဲကြာသပတေးနေ့က ဖြစ်ပွါးခဲ့ပါတယ်။
(Ref:AFP)


Spread the love
  •  
  •  
  •  
  •  
  •  
  •