” နိုင်ဂျီးရီးယား ၊လာဂို့စ်မြို့မှာ ကာဖျူးအမိန့်ထုတ်ပြန်ပြီးနောက် ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ကပစ်ခတ်”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

” နိုင်ဂျီးရီးယား ၊လာဂို့စ်မြို့မှာ ကာဖျူးအမိန့်ထုတ်ပြန်ပြီးနောက် ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ကပစ်ခတ်”

October 22,2020

အင်္ဂါနေ့မှာလာဂို့စ်မြို့က လုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒပြသူတွေကို သတ်ဖြတ်ခဲ့တယ်လို့
နိုင်ငံတကာလူ့အခွင့်အရေးကော်မတီကပြောဆိုခဲ့ပါတယ်။ကာဖျူးအမိန့်ကို ဆန့်ကျင်အာခံပြီး စီတန်းလှည့်လည်ခဲ့သူတွေကို လက်နက်ကိုင်တပ်ဖွဲ့တွေက ပစ်ခတ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက
သတင်းပို့ခဲ့ပြီးတဲ့နောက်မှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။
လမ်းတံတားဖြတ်သန်းခကောက်ခံတဲ့(လက်ကီ)ဂိတ်မှာ ပြည်သူတွေအသတ်ခံခဲ့ရတာ
လို့ နိုင်ဂျီးရီးယား လူ့အခွင့်အရေးအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ အီဆာ ဆန်နူဆီက AFPကို
ပြောပါတယ်။မြို့တော်ရဲ့အဓိကဆန္ဒပြနေတဲ့နေရာတခုကိုရည်ညွှန်းပြီးပြောဆိုခဲ့တာ
ဖြစ်ပါတယ်။တဆင့်ခြင်းတိုးမြင့်လာတဲ့ဆန္ဒပြမှုတွေကိုထိန်းချုပ်ရန် အဆုံးသတ်ချိန်ကြိုတင်သတ်မှတ်ထားခြင်းမရှိတဲ့ပိတ်ဆို့တားမြစ်မှုတွေကြေညာပြီးတဲ့နောက်မှာ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေတဲ့လူ၁၀၀၀
ကျော်ကိုသေနတ် နဲ့ပစ်ခတ်ပြီးနာရီများစွာကြာလူစုခွဲခဲ့တယ်လို့ မျက်မြင်သက်သေတွေက
AFP သတင်းဌာနကိုပြောခဲ့ပါတယ်။
“ကျွန်မတို့အားလုံးက ငြိမ်းချမ်းစွာထိုင်နေကြတာပါ။သူတို့က လျှပ်စစ်မီးတွေ၊လမ်းဘေး
ကြော်ငြာဆိုင်းဘုဒ်မီးတွေကိုပိတ်လိုက်ကြတယ်။လူတိုင်းကစပြီးအော်ဟစ်ကြတော့တာပဲ။”လို့
တိုရီလို့ခေါ်တဲ့အမျိုးသမီးက AFPကိုပြောပြပြီး သူမရဲ့နာမ်မည်ကို အပြည့်အစုံ မဖော်ပြဖို့ပြောပါတယ်။
“သူတို့ကျွန်မတို့ဆီကိုရောက်လာတယ်။ဘယ်သူဘယ်ဝါဆိုတာကျွန်မတို့မသိရဘူး။နောက်တော့သူတို့ကျွန်မတို့ကိုသေနတ်တွေနဲ့ပစ်တော့တာပဲ။ကျွန်မတို့အားလုံး အသက်လုပြီး ပြေးခဲ့ကြရတယ်”
အခြားသောအပြစ်မဲ့တဲ့ဆန္ဒပြသူတဦးကလည်း သူဟာဒါဏ်ရာရသူတွေကို အနီးအနားကဆေးရုံတွေဆီ သယ်ဆောင်ပေးခဲ့ရတယ်လို့AFPကိုပြောပါတယ်။
“မကြာသေးခင်လေးကတင် အမျိုးသမီးတယောက်နဲ့ငနဲတကောင်ကို ကျွန်တော့်ကားနဲ့ဆေးရုံကိုပို့ပေးခဲ့ရသေးတယ်။သူတို့ဟာအသက်အန္တရယ် စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်။” လို့သူကပြောပါတယ်။
“ဒီ့အရင်ကလည်း လူ၂ယောက်ကိုဆေးရုံပို့ရသေးတယ်။တယောက်က ကျောကိုသေနတ်မှန်ထားတယ်။
တယောက်ကဝမ်းပိုက်ကို သေနတ်မှန်ထားတယ်။”
တယောက်ယောက်ရဲ့ဒါဏ်ရာက သေနတ်ကျည်ဆံကို ဖယ်ရှားပစ်နေတဲ့သူတွေ၊အကူအညီအော်ဟစ်တောင်းခံနေကြသူတွေရဲ့မြင်ကွင်းတွေကို နာမ်မည်ကြီး ဒီဂျေ ဆွစ်ခ်ျ က
တိုက်ရိုက်ဗိဒီယို ထုတ်လွှင့်ပြသခဲ့ပါတယ်။အင်စတာဂရမ်မှာကြည့်ရှူသူ ၁၅၀၀၀၀ရှိခဲ့
ပါတယ်။
အစောပိုင်းမြင်ကွင်းမှာ အာခံဆန္ဒပြသူတွေဟာ အမျိုးသားသီချင်းကိုသီဆိုနေခဲ့ကြပြီး အိမ်ထဲမှာပဲနေထိုင်ဖို့အမိန့်ထုတ်ပြန်ထားပေမဲ့လမ်းတွေပေါ်မှာပဲဆက်ရှိနေဖို့ ကတိပြုခဲ့
ကြပါတယ်။ရဲတပ်ဖွဲ့ရဲ့ရွံရှာစက်ဆုပ်စရာကောင်းတဲ့ “အထူးလုယက်မှုနှိမ်နင်းရေးတပ်စု”(SARS)ရဲ့ မတော်မတရားအာဏာအလွဲသုံးစားလုပ်မှုအပေါ် ဖြစ်ပေါ်လာတဲ့ဒေါသတွေဟာ လွန်ခဲ့တဲ့၂ပတ်လောက်ကတည်းက ဆန့်ကျင်ဆန္ဒပြသူတွေကိုပိုမိုများပြားလာစေပြီး ထောင်ချီနေတဲ့လူအုပ်ကြီးကို လမ်းပေါ်ရောက် လာစေခဲ့ပါတယ်။
လာဂို့စ် ပြည်နယ်အုပ်ချုပ်ရေးမှူး ဘာဘာဂျီဒီ ဆန်ဝိုအိုလူ ကပြန့်ကျဲ တည်ရှိနေ
တဲ့စီးပွါးရေးအချက်အခြာအားလုံးကို ၂၄နာရီပတ်လုံးပိတ်ထားဖို့အမိန့်ထုတ်ပြန်ခဲ့ပြီး၊
” မြို့တော်အများအပြားမှာ ဆူပူအကြမ်းဖက်မှုတွေပေါ်ပေါက်လာခဲ့လို့
ဆန္ဒပြသူတွေကို မကောင်းဆိုးဝါးတကောင်အဖြစ်ကိုလျှောကျရောက်ရှိသွားစေခဲ့ပါတယ်။”လို့သူကပြော
ပါတယ်။”ဒီဆန္ဒပြမှုတွေတွေရဲ့ထီးရိပ်အောက်မှာ ပုန်းကွယ်နေတဲ့ရာဇဝတ်သားတွေ၊လူဆိုးလူယုတ်မာတွေရှိနေပြီး သူတို့တွေက ဝရုန်းသုန်းကားပရမ်းပတာလုပ်ရပ်တွေကိုအထိန်းအကွပ်မရှိ လုပ်ဆောင်နေကြတယ်။”
လို့သူကတွစ်တာမှာရေးသားခဲ့ပါတယ်။
“ကျွန်တော်တို့ချစ်မြတ်နိုးရတဲ့တိုင်းပြည်မှာမင်းမဲ့စရိုက်တွေပေါ်လာမှာကို
စောင့်ကြည့်ခွင့်ပြုပေးနေမှာမဟုတ်ဘူး။”
အာဏာပိုင်အဖွဲ့ကထွက်လာတဲ့လေသံဟာတင်းမာသလို နိုင်ဂျီးရီးယား ရဲတပ်ဖွဲ့အကြီးအကဲကလည်း အဓိကရုဏ်းနှိမ်နင်းရေးတပ်ဖွဲ့တွေကို နိုင်ငံအနှံ့အပြားမှာတပ်ဖြန့်ချထားလိုက်ပါတယ်။
နိုင်ငံသူ နိုင်ငံသားတွေရဲ့အသက်အိုးအိမ် စည်းစိမ်ကို ထိခိုက်လာမယ့်လုပ်ရပ်မျိုးတွေကိုကာကွယ်တားဆီးဖို့ တပ်ဖွဲ့တွေဟာ ဥပဒေရဲ့အခွင့်အာဏာကိုအခုအချိန်ကစပြီး
အပြည့်အဝအသုံးချသွားမယ်လို့ ထုတ်ပြန်ကြေညာချက်မှာဖော်ပြထားပါတယ်။
“ကုန်ကျစားရိတ်ထောက်ပံ့ပေးပြီးလေ့ကျင့်ပေးထားတဲ့ရာဇဝတ်သားများ”
ဆန္ဒပြသူတွေနဲ့ အရပ်သားအဝတ်အစားတွေဝတ်ဆင်ထားတဲ့ရန်ပြုတိုက်ခိုက်သူတွေကြား
ဖြစ်ပွါးခဲ့တဲ့ပဋိပက္ခတွေကြောင့် စီတန်းလှည့်လည်မှုတွေမှာလူ ၁၈ယောက်
သေဆုံးသွားခဲ့ရပြီးဖြစ်ပါတယ်။
ငြိမ်းချမ်းစွာဆန္ဒပြသူတွေကိုတိုက်ခိုက်ပြီး၊ဆန္ဒပြလှုပ်ရှားမှုတွေ ဂုဏ်အသရေဖျက်ဖို့အတွက် လူဆိုးလူမိုက်တွေ ရာဇဝတ်သားတွေကိုထောက်ပံ့ကြေးပေးပြီးစေခိုင်းနေကြတယ်လို့လက်ယာဝါဒီတွေနဲ့ စီတန်းလှည့်လည်ဆန္ဒပြသူတွေကစွတ်စွဲပြောဆိုပါတယ်။
အင်္ဂါနေ့မနက်က လာဂို့(စ်)ရဲ့ အော်ရိုင်းလ် အစ်ဂန်မူ ဒေသမှာ ရဲစခန်းတခုမီးရှိူ့ခံခဲ့ရတယ်
လို့ မျက်မြင်သက်သေတွေက AFPသတင်းဌာနကိုပြောပါတယ်။ရဲတွေဟာဆန္ဒပြသူတွေကိုသေနတ်နဲ့ပစ်ခတ်ခဲ့ပြီးလူပေါင်းများစွာထိခိုက်ဒါဏ်ရာရာခဲ့တယ်လို့သူတို့ကပြောပါတယ်။

မြို့တော်အာဘူဂျာမှာ လုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒပြသူတွေကိုအကြမ်းဖက်ဖြိုခွင်းခဲ့တာကြောင့် အင်္ဂါနေ့ အတောအတွင်း မြို့တော်ပေါ်မှာ မဲမှောင်နေတဲ့မီးခိုးတွေ တွေ့မြင်နေကြရပါတယ်။
အကြမ်းဖက်မှုတွေဟာအကြီးဆုံးမြောက်ပိုင်းမြို့တော်ကာနိုအထိရောက်ရှိသွား
ခဲ့ပါတယ်။လူတွေဟာဒေါသထွက်နေကြပြီးမော်တော်ယာဉ်များကိုမီးရှို့ဖျက်ဆီးကာ၊စီးပွါး
ရေးလုပ်ငန်းတွေကိုတိုက်ခိုက်လုယက်နေကြတယ်လို့AFP သတင်းဌာနရဲ့အဆိုအရ
သိရပါတယ်။
လူအုပ်စုကြီးဟာ စာသင်ကျောင်းတွေအနီးကိုရောက်ရှိလာကြပြီး၊သူတို့ရဲ့သားသမီးတွေကိုလာရောက်
ခေါ်ဆောင်ကြတဲ့ မိဘတွေကိုရန်မူတိုက်ခိုက်ကြပါတယ်လို့အသက်၃၅နစ်အရွယ် စက်ပြင်ဆရာ ဆာဒစ် မိုဟာမက်ကAFP သတင်းဌာနကိုပြောပါတယ်။
ရဲစခန်း ၂ခုကို သီးခြားစီတိုက်ခိုက်ခဲ့တာတွေနဲ့ပတ်သက်ပြီးတောင်ပိုင်း ဘီနင်မြို့မှာ သံသယရှိသူ လူ၁၂ယောက်ကို ရဲတပ်ဖွဲ့ကဖမ်းဆီးထားပါတယ်။လွန်ခဲ့တဲ့တဲ့တပတ်ကျော်က SARS တပ်ဖွဲ့
ဖျက်သိမ်းမှုကို ပြုပြင်ပြောင်းလဲမှုဆောင်ရွက်ချက်တခုအဖြစ်ရဲတပ်ဖွဲ့ကကြေညာခဲ့ပေမဲ့ ဒီပြောဆိုချက်ဟာဆန္ဒပြသူတွေရဲ့ဒေါသကိုမပြေငြိမ်းစေနိုင်ခဲ့ပါဘူး။
ရဲအရာရှိတွေက သူတို့ရဲ့ကတိကဝတ်ပေးမှုတွေကိုကောင်းမွန်စွာဆောင်ရွက်နိုင်ဖို့အတွက်အချိန်ပေးပြီး၊
ဆန္ဒပြပွဲတွေကိုရပ်ဆိုင်းထားဖို့ တောင်းဆိုခဲ့ပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံမှာ ပျမ်းမျှအသက်၁၈ နှစ်အရွယ်ရှိလူငယ်တယောက်ဟာ လူမှုရေး၊
စီးပွါးရေးဆိုင်ရာမကျေနပ်ချက်တွေ၊လူမျိုးရေးပြဿနာတင်းမာမှုတွေနဲ့ပေါက်ကွဲ
လုမတတ်ဖြစ်နေတဲ့ လောင်စာတခုဖြစ်နေပါတယ်။လူဦးရေးသန်း၂၀၀ရဲ့တဝက်လောက်ဟာ
အလွန်အမင်းဆင်းရဲမွဲတေနေကြပြီး လူငယ်တွေကြားမှာ အလုပ်လက်မဲ့နှုန်းဟာအတော်
များပြားနေပါတယ်။
အာဖရိကတိုက်ရဲ့အကြီးကျယ်ဆုံးရေနံထုတ်လုပ်တဲ့နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်(စ်)ကပ်ရောဂါကြောင့် ရေနံ
ဈေးနှုန်းတွေကျဆင်းနေတာကြောင့်အစိုးရဟာငွေကြေးကြပ်တည်းမှုပြဿနာကို ရင်ဆိုင်
ကြုံတွေ့နေရပါတယ်။
လာဂို့စ် ကူးသန်းရောင်းဝယ်ရေးရုံးချုပ်ကလွန်ခဲ့တဲ့၁၂ရက်အတွင်းစီးပွါးရေးဆုံးရှုံးမှာဟာ နိုင်ရာ ၇၀၀ဘီလျှံ(အမေရိကန်ဒေါ်လာ၁.၈ဘီလျှံ၊ယူရိို ၁.၅ဘီလျှံ)ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်တခုမှာတွက်ချက်ဖော်ပြထားပါတယ်။
အင်္ဂါနေ့မှာ အောက်လွှတ်တော်က သမ္မတမူဟန်မာဒူ ဘူဟာရီ ကို ဆန္ဒပြသူတွေနဲ့ပတ်သက်ပြီး အရေးပေါ်
အခြေအနေတခုအဖြစ် နိုင်ငံကို မိန့်ခွန်းပြောဆိုဖို့ တောင်းဆိုခဲ့ကြပါတယ်။

Ref:AFP


Spread the love
  •  
  •  
  •  
  •  
  •  
  •