နိုင်ငံတကာလေကြောင်းလိုင်းများ ပြန်ဖွင့်ပြီး ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးခြင်းကို ယခုနှစ် စက်တင်ဘာလနောက်ပိုင်းမှ သာမျှော်လင့်နိုင်မည်ဟု ဒုတိယ သမ္မတပြော

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

နိုင်ငံတကာလေကြောင်းလိုင်းများ ပြန်ဖွင့်ပြီး ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးခြင်းကို ယခုနှစ် စက်တင်ဘာလနောက်ပိုင်းမှ သာမျှော်လင့်နိုင်မည်ဟု ဒုတိယ သမ္မတပြော

ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူက အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအစည်းအဝေး (၁/၂၀၂၀)မှာ အခုလိုပြောကြားခဲ့တာပါ။

နေပြည်တော် ဇူလိုင် ၇

အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ (၁/၂၀၂၀) အစည်း အဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟို ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာ စကားပြောကြားပါတယ်။

ရှေးဦးစွာ ဒုတိယသမ္မတသည် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနရှိ လေ့ကျင့် ရေးနှင့် ပညာပေးရေးဌာနခွဲ ၊ ခရီးသွားမြှင့်တင်မှု ( Digital Marketing ) ဌာနခွဲနှင့် e – Government Office တို့အား လှည့်လည်ကြည့်ရှုသည်။
အစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အမျိုးသားခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအစည်းအဝေး(၁/၂၀၂၀)သို့ပေးပို့သည့် အမှာစကား Video Clip ကိုပြသ ပါတယ် ။

ထို့နောက် ဒုတိယသမ္မတက ယနေ့ကျင်းပသည့် အစည်းအဝေးဟာ ၂၀၁၈ ခုနှစ် တွင် ပြန်လည်ပြင်ဆင်ပြဌာန်းခဲ့သည့် မြန်မာနိုင်ငံခရီးသွားဥပဒေသစ်အရ အမျိုးသား ခရီးသွားလုပ်ငန်းဗဟိုကော်မတီ၊ ခရီးသွားလုပ်ငန်းကော်မတီနှင့် ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်းကော်မတီများကိုဖွဲ့စည်းပြီးနောက်ပိုင်းကျင်းပသည့် အမျိုးသား ခရီးသွား လုပ်ငန်း ဗဟိုကော်မတီ၏ တတိယအကြိမ်မြောက် အစည်းအဝေး ဖြစ်ပါကြောင်း။

 

ဒုတိယအကြိမ်အစည်းအဝေးတွင် ထွက်ပေါ်လာခဲ့သည့် ဆုံးဖြတ်ချက်များအပေါ် နိုင်ငံတော်အပိုင်းနှင့် ပုဂ္ဂလိကအပိုင်းတို့၏ ဆောင်ရွက်ပြီးခဲ့သည်များကို တင်ပြကြရန်နှင့် ဆောင်ရွက်ရန်ကျန်ရှိသည်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဝိုင်းဝန်းဆွေး နွေးကြရမည်ဖြစ်သော်လည်း COVID-19 ကပ်ရောဂါကြောင့် ပြောင်းလဲ သွားသည့် ခရီးသွား လာရေးလုပ်ငန်း အခြေအနေပေါ်မူတည်၍ မြန်မာ့ခရီးသွား လုပ်ငန်း မဟာဗျုဟာတခုလုံး ကိုပြန်လည်သုံးသပ်လမ်းညွန်မှုပေးနိုင်ရေးသည် အရေး အကြီးဆုံးဦးစားပေးဖြစ်လာခဲ့ပါ ကြောင်း။

မြန်မာနိုင်ငံခရီးသွားကဏ္ဍလုပ်ငန်းလမ်းညွှန်ဖြစ်သည့် ခရီးသွားလုပ်ငန်း ပင်မစီမံ ကိန်း (၂၀၁၃-၂၀၂၀)ကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ဖော်ဆောင်ခဲ့ရာ နိုင်ငံတော် ကပုဂ္ဂလိက ကဏ္ဍကိုလုပ်ပိုင်ခွင့်မြှင့်တင်ပေးခြင်း၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံ မှုများ ဖိတ်ခေါ်ခြင်း၊ ခရီးသွားလာရေးလုပ်ငန်းများတွင်ဒေသခံပြည်သူများ ပိုမိုပါဝင်စေ နိုင်ရန် ဒေသအလိုက်ခရီးသွားစီမံကိန်းများ ရေးဆွဲဖော်ဆောင်စေခြင်း၊ ပြည်ပခရီးသွား များအား ဆွဲဆောင်နိုင်ရန် ပြည်ဝင်ခွင့်ဖြေလျှော့ပေးခြင်းကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ နှင့် ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ သဘာဝခရီး သွားလာရေးလုပ်ငန်းတိုးမြှင့်နိုင်ရန် ကန့်သတ် နယ်မြေများ ဖြေလျှော့ပေးခြင်း၊ မြန်မာနိုင်ငံ သည်တည်ငြိမ်အေးချမ်းပြီး ဘေးအန္တရာယ် ကင်းစွာလာ ရောက်လည်ပတ်နိုင်သည်ကို နိုင်ငံတကာခရီးသွားများ သိရှိနိုင်ရန် Digital Marketing လုပ်ဆောင်ခြင်း၊ ပြည်တွင်း ပြည်ပသတင်းမီဒီယာများ ဖိတ်ခေါ်၍ ရုပ်သံ အစီအစဉ်များရိုက်ကူး ထုတ်လွှင့်ခြင်း၊ ပြည်ပနိုင်ငံများတွင် RoadShow များပြုလုပ်ခြင်း၊ FamilirizationTrip များ ဖိတ်ခေါ်ခြင်းတို့ဖြင့်ဆောင်ရွက်ခဲ့ရာ၂၀၁၈ ခုနှစ်တွင် ပြည်ပ ခရီးသွား ၃ ဒသမ ၅ သန်း ကျော် ဝင်ရောက်ခဲ့ရာမှ ၂၀၁၉ခုနှစ်တွင် ပြည်ပခရီးသွား ၄ ဒသမ ၄ သန်းခန့် အထိ ဝင်ရောက်ခဲ့သဖြင့် ပြည်ပခရီးသွား (၁) သန်းနီးပါးခန့် တိုးတက်ဝင်ရောက် လာခဲ့ပါ ကြောင်း။

 

ပင်မစီမံကိန်း၏နောက်ဆုံးနှစ်ဖြစ်သည့်၂၀၂၀ ခုနှစ်တွင် ပြည်ပခရီးသွား ၅ သန်း ကျော် လာရောက်ရန်မျှော်လင့်ပြင်ဆင်ထားခဲ့သော်လည်း COVID-19 ရောဂါဖြစ်ပွားလာ သည့်အခါ ရောဂါကူးစက်ပြန့်ပွားမှုကိုထိန်းချုပ်ရန်ပြည်ဝင်ခွင့်များရပ်ဆိုင်းခြင်း၊ လေ ကြောင်း လိုင်းများရပ်ဆိုင်းခြင်း၊ ခရီးသွားလာခွင့်ထိန်းချုပ်ခြင်း စသည်တို့ကို လုပ်ဆောင် သည့် အခါကမ္ဘာနှင့် တစ်ဝန်းရှိ ခရီးသွားလုပ်ငန်းများပြင်းပြင်း ထန်ထန် ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ပါကြောင်း။

ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ခန့်မှန်းချက်အရ ယခုနှစ်ခရီးသွားလုပ်ငန်း အခြေ အနေသည်ပြီးခဲ့သည့်နှစ်ထက်စာလျှင်နိုင်ငံတကာခရီးသည်သန်း ၈၅၀ မှ ၁ ဒသမ ၁ ဘီလီ ယံထိလျော့နည်းနိုင်ပြီးခရီးသွားလုပ်ငန်းမှဝင်ငွေအမေရိကန်ဒေါ်လာ ၉၁၀ ဘီလီယံ မှ ၁ ဒသမ၂ ထရီလီယံအထိဆုံးရှုံးနိုင်ကာ ခရီးသွားလုပ်ငန်းမှ တိုက်ရိုက်အလုပ်အကိုင်သန်း ၁၀၀ မှ၂၀၀ အထိဆုံးရှုံးနိုင်သည်ကိုသိရှိရပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်၂၀၂၀ ခုနှစ် ဇန်နဝါရီ လတွင် လေကြောင်းမှဝင်ရောက်ခဲ့သည့် ပြည်ပခရီးသွား (၁၈၃,၄၁၆)ဦး ဝင်ရောက်ခဲ့ရာမှ ဧပြီလတွင် (၈၂) ဦးသာ ဝင်ရောက် ခဲ့ပါကြောင်း၊ ယခုနှစ် ဇန်နဝါရီလမှ မေလ အထိနိုင်ငံ တကာ ခရီးသည်ဝင်ရောက်မှုကို ယခင်နှစ်အလားတူကာလ နှင့် နှိုင်းယှဉ်ပါက ၅၅ ရာခိုင်နှုန်း လျော့နည်းခဲ့ပါကြောင်း၊ Stay Home အစီအစဉ်ကြောင့်ပြည်တွင်းခရီးသွား လုပ်ငန်းများ သည်လည်း ရပ်ဆိုင်း သွားခဲ့ပါကြောင်း။

COVID-19 ကြောင့်ဖြစ်ရသည့် လူမှုစီးပွားသက်ရောက်မှုများကိုဖြေလျှော့ပေးရန် နိုင်ငံတော်က CERP (COVID-19 Economic Relief Plan)ကိုချမှတ်လုပ်ဆောင်နေပြီ ဖြစ်ပါကြောင်း၊ CERP ၏နောက်ဆက်တွဲအဖြစ် COVID-19 Tourism Relief Plan ကို ရေးဆွဲအတည်ပြုချက်ရယူပြီး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက အဆင့် (၃) ဆင့် ဖြင့်စတင်အကောင်အထည်ဖော်နေပြီဖြစ်ပါကြောင်း။

လက်ရှိအချိန်တွင်ပထမအဆင့် Survival အနေဖြင့် ခရီးသွားလာရေးလုပ်ငန်းနှင့် ပတ်သက်သည့်လိုင်စင်ကြေးဖြေလျှော့ပေးခြင်း၊ ပေးဆောင်ရမည့်အခွန်အခများကို အချိန် ကန့်သတ်ရွှေ့ဆိုင်းပေးခြင်း၊ လုပ်ငန်းရှင်များလုပ်ငန်းဆက်လက်လုပ်ဆောင် နိုင်ရန် အတိုး နှုန်းသက်သာသည့်ချေးငွေများထုတ်ပေးခြင်း၊ ဌာနပိုင်အဆောက်အဦ ငှားရမ်းခများ သက်သာခွင့်ပေးနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းပေးခြင်း စသည်တို့ကို ဆောင် ရွက်ပြီးဆောင်ရွက်ဆဲဖြစ်ပါကြောင်း။

ဒုတိယအဆင့်အနေဖြင့် ခရီးသွားလာရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် Reopening ကိုလုပ်ဆောင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံတကာလေကြောင်း လိုင်းများ ပြန်လည် ပြေးဆွဲပြီးပြည်ဝင်ခွင့်များပြန်လည်ပေးအပ်၍ လေဆိပ်များ ပြန်လည် ဖွင့်လှစ်သည်ကို ယခုနှစ်၏ တတိယ၃လပတ်နောက်ပိုင်းမှ သာမျှော်လင့်နိုင်သည့် အတွက် ပြည်တွင်းခရီးသွား လုပ်ငန်းဖြင့်ဦးစွာစတင်ရမည်ဖြစ်ပါကြောင်း၊ ထိုသို့ စတင်ရာတွင် COVID-19 ရောဂါကူးစက် မှုပြန်လည်တိုးတက်မလာနိုင်ရန် သတိကြီးစွာ ထားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာန၊သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ ထုတ်ပြန်သည့် COVID-19 ကပ်ရောဂါဘေးကင်းရေးလမ်းညွန်မှုများကိုစုစည်းကာ National TourismGuidelines အဖြစ်ထုတ်ပြန်ထားပြီးဖြစ်ပါကြောင်း။

ထိုသို့ထုတ်ပြန်ထားသည့် Guideline များကိုအမှန်တကယ်ကျင့်သုံးလိုက်နာပြီး COVID-19 Safe Tourism Destination အဖြစ် မြန်မာ့ခရီးသွားလာရေး လုပ်ငန်း ပြန်လည် ပေါ်ထွက်လာရေးအတွက်ယခုဗဟိုကော်မတီတွင်ပါဝင်သည့် ဝန်ကြီးဌာနများ၊ ကော်မတီ ဝင်များ၊ ခရီးသွားလုပ်ငန်းကော်မတီ၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီနှင့်ခရီး သွားလုပ်ငန်းနယ်ပယ်တွင်ရှိကြသည့် Stakeholder များအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုပါကြောင်း။

ဒုတိယအဆင့် Reopening ကိုအောင်အောင်မြင်မြင်စတင်နိုင်ပါက တတိယ အဆင့် Relaunching ကိုယခုနှစ်စတုတ္ထ၃လပတ်တွင် ASEAN နိုင်ငံများ၊ အာရှနိုင်ငံ များ နှင့် စတင် ဖော်ဆောင်ရန်ရည်ရွယ်ထားပါကြောင်း၊ မိမိတို့နိုင်ငံနှင့် တိုက်ရိုက် လေကြောင်းမရှိသည့် လာအို၊ ကမ္ဘောဒီးယားနိုင်ငံများနှင့် နယ်စပ်ဖြတ်ကျော် ခရီး သွားလာခြင်းကို Travel Bridge ပုံစံလုပ်ဆောင်နိုင်ရန် မိမိတို့နိုင်ငံနှင့် တိုက်ရိုက် လေကြောင်းရှိသည့်ထိုင်း၊ ဗီယက်နမ်နိုင်ငံ များနှင့် TravelBubbleလုပ်ဆောင်နိုင်ရန် ဖြစ်ပါကြောင်း၊ ထိုမှတဆင့် COVID-19 ကိုထိန်း ချုပ်နိုင်နေပြီဖြစ်သည့် ဂျပန်၊ ကိုးရီးယား၊ တရုတ်၊ ဟောင်ကောင်၊ မကာအိုတို့နှင့် တိုးချဲ့လုပ်ဆောင်သွား မည်ဖြစ်ပါကြောင်း။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံကိုလာရောက်ခဲ့သည့် ပြည်ပခရီးသွား များ ၏သုံးစွဲငွေသည် အမေရိကန်ဒေါ်လာ၂ ဘီလီယံကျော်ရှိသည်ဟု သိရပါကြောင်း၊ ဟိုတယ် နှင့်ခရီးသွားလုပ်ငန်းက တိုက်ရိုက်အလုပ်ပေးထားသူ ၁ သိန်းနီးပါးရှိပြီး စားသောက် ဆိုင်၊ အနှေးယာဉ်၊ ပျံကျစျေးသည်များကဲ့သို့ သွယ်ဝိုက်အလုပ်အကိုင်ရရှိသူ ၂ သိန်းနီးပါးရှိကာ စုစုပေါင်းပြည်သူ၃သိန်းနီးပါးနှင့် မှီခိုသူမိသားစုများ အားကိုး အားထားပြုနေရသည်ဟု နောက်ဆုံး ကောက်ယူသည့် စာရင်းဇယားများ အရ သိရှိရပါကြောင်း၊ ခရီးသွားလာရေး လုပ်ငန်းတဆင့်ပြီးတဆင့်ပြန်လည်စတင်နိုင်ပါက လူထု လူတန်းစားအသီးသီးထံ တိုက်ရိုက် သို့မဟုတ်သွယ်ဝိုက်နည်းလမ်းဖြင့် ဝင်ငွေများ စီးဆင်းစေပြီး multiplier effect ဖြင့် လူတန်းစားနယ်ပယ် ပေါင်းစုံအကျိုး ရှိစေမည် ဖြစ်ပါကြောင်း။

ခရီးသွားလုပ်ငန်းသည် မီးခိုးမထွက်သည့်စက်ရုံလုပ်ငန်းဟု တင်စားခေါ်ဝေါ် ပြောဆို နိုင်သော်လည်း ခရီးသွားလာခြင်းများကြောင့်ဖြစ်ပေါ်လာသည့် ဘေးထွက် ဆိုးကျိုးများဖြစ် သည့်အမှိုက်စွန့်ပစ်ခြင်းများ၊ လေထုညစ်ညမ်းခြင်းများနှင့် သဘာဝ ပတ်ဝန်းကျင်ထိပါး ပျက်စီးခြင်းများဖြစ်ပေါ်လာသည့်အတွက် ခရီးသွားလုပ်ငန်း ပြန်လည် စတင်ပြီး တိုးတက် အောင်တဆင့်ပြီးတဆင့် အကောင်အထည် ဖော်ဆောင် ကြရာတွင် ဂေဟစနစ်ကို ထိခိုက်မှု အနည်းဆုံးဖြစ်စေရန် တာဝန်ယူမှုရှိပြီး ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းအဖြစ် ဖော်ဆောင်ကြရန်လိုအပ်ပါကြောင်း။

COVIDအလွန်ကာလNew Normal တွင်ခရီးသွားများ၏ ရွေးချယ်မှုသည် ယခင်က နှင့်မတူ ပြောင်းလဲသွားပြီးလူများပြည့်ကြပ်နေသည့်မြို့ပြဘဝခရီးသွားထက် social distancing ဖြင့်နေထိုင်သွားလာခြင်းများ၊ Natural Tourism, Ethnic Tourism, Environmental Tourism ကဲ့သို့သော ခရီးသွားလာခြင်းများကို ပိုမိုလိုလားလာကြလိမ့် မည် ဟုခန့်မှန်းသည့်အတွက် ထိုသို့သောခရီးသွားများကိုပိုမိုဆွဲဆောင်နိုင်မည့် ခရီး သွားလာရေး ပုံစံသစ်ကိုဖော်ဆောင်နိုင်ရန်လိုအပ်မည်ဖြစ်ပါကြောင်း။

နိုင်ငံတကာတွင် ကျင့်သုံးနေသည့် စည်းမျဉ်း၊ စည်းကမ်းများကို လေ့လာပြီး မိမိတို့ နိုင်ငံနှင့်လိုက်လျောညီထွေဖြစ်သည့် model များအဖြစ်ပြုပြင်ပြောင်းလဲကာSafe & Enchanting Travel in Myanmar ဖြစ်စေရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဒေသဆိုင် ရာခရီးသွားလုပ်ငန်းကော်မတီများပေါင်းစပ်၍ ကြိုတင်လေ့လာသုံးသပ် ကြစေလိုပါ ကြောင်း

COVID-19 ကပ်ရောဂါဖြစ်ပွားနေသည့် ကာလတွင်ခရီးသွားလာရေးလုပ်ငန်းနှင့် ပတ်သက်သည့်လိုအပ်ချက်များကိုပြုပြင်ပြီး COVID-19 အလွန်ကာလတွင် မြန်မာ့ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းပြန်လည်တည့်မတ်လာရန် ၊ အဆင်သင့်ဖြစ်နေစေရန်၊ ပြောင်းလဲလာ သည့်ဖြစ်စဉ်များနှင့် လိုက်လျောညီထွေဖြစ်ရန် ပြောင်းလဲနိုင်ရေးသည့် ယခု ဗဟိုကော်မတီတွင် ပါဝင်သည့်ဝန်ကြီးဌာနများနှင့်ကော်မတီဝင်များ၊ ခရီးသွား လုပ်ငန်း ကော်မတီ၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီနှင့် ခရီးသွား လုပ်ငန်း နယ်ပယ်များ တွင်ရှိကြသည့် Stakeholder များအနေဖြင့် အားလုံးဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ် ပါကြောင်း ပြောကြားသည်။

ယင်းနောက် ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် က ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်အစီအစဉ်များနှင့် အစီအမံများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဗဟိုကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးတင်လတ် က ဟိုတယ် လုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်းများ၏ လတ်တလောအခြေအနေများကို ရှင်းလင်းတင်ပြ သည်။

ယင်းနောက် ဗဟိုကော်မတီတွဲဖက်အတွင်းရေးမှူး ဟိုုတယ်နှင့် ခရီး သွားလာရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် က ဗဟိုကော်မတီ အစည်းအဝေး (၂/ ၂၀၁၉) ဆုံးဖြတ်ချက်များမှတ်တမ်းတင်ပေးနိုင်ရေး၊ ခရီးသွားလုပ်ငန်း ကော်မတီဝင်နှင့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီဝင် များပြင်ဆင်ဖွဲ့စည်းနိုင်ရေးနှင့် မသန်စွမ်းသူများ အတားအဆီးမဲ့သွားလာနိုင်ရေး အတွက် ( Barrier Free Tourism Pilot Project ) ရေးဆွဲထားရှိမှုတို့ကို ရှင်းလင်း တင်ပြသည်။

ထို့နောက် ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ် ၊ ဦးစိုးဝင်း၊ ဦးသောင်းထွန်း၊ ဦးကျော်တင်၊ သူရဦးအောင်ကို၊ ဦးသန့်စင်မောင်၊ ဒေါက်တာသန်းမြင့်နှင့် ဒေါက်တာမြင့်ထွေး တို့က ဗဟိုကော်မတီ အစည်းအဝေး (၂/၂၀၁၉) ဆုံးဖြတ်ချက်ပါ ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများ၊ နိုင်ငံခြား ခရီးသွားများလိုက်နာဆောင်ရွက်သင့်သည့်ကိစ္စရပ်များ ၊ ခရီးသွားလာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ COVID
– 19 ကပ်ရောဂါဖြစ်ပွားမှုကြောင့် ခရီးသွားလုပ်ငန်းအပေါ်အကျိုးသက်ရောက်မှုများ ၊ ခရီး သွားလုပ်ငန်းများပြန်လည်စတင်နိုင်ရေးနှင့်စပ်လျဉ်းသည့် ပြည်ပနိုင်ငံများ၏ ဆောင်ရွက် နေမှုအခြေအနေများ၊ ပြည်ပဘုရားဖူးခရီးသွားလာခြင်းဆိုင်ရာကိစ္စရပ်များ ၊ ခရီးသွား လုပ်ငန်းအနေဖြင့် ကုန်သွယ်မှုတိုးတက်ဖွံ့ဖြိုးရေးကို အထောက်အပံ့ ပြုနေသည့် ကိစ္စရပ်များ၊ COVID – 19 ကပ်ရောဂါနှင့် ခရီးသွားလုပ်ငန်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးတင်မြင့်၊ ဒေါက်တာရဲမြင့်ဆွေနှင့် ဦးမြင့်ကြိုင်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင် တို့က ဌာနအလိုက် ဆောင်ရွက် လျှက်ရှိသည့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။

ယင်းနောက် ဗဟိုကော်မတီဝင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးများ၊ ဗဟိုကော်မတီ ဝင် ခရီးသွားလုပ်ငန်းတတ်သိပညာရှင်များ၊ ပုဂ္ဂလိကခရီးသွားအဖွဲ့အစည်း ကိုယ်စားလှယ် များနှင့် တာဝန်ရှိသူများက ဒေသအလိုက်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက် ခဲ့မှုများကို Video Conferencing စနစ်ဖြင့် ရှင်းလင်း တင်ပြကြသည်။
ထို့နောက် အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုး တက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က ရှင်းလင်းဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ (World Tourism Organization)၏ ထုတ်ပြန်ချက်အရ ၂၀၁၉ ခုနှစ် အတွင်း မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၄၀ ဒသမ ၂ ရာခိုင်နှုန်း ရှိသဖြင့် တိုးတက်မှုအရှိ ဆုံးစာရင်း ဝင်ခဲ့သည်ဟုသိရပါကြောင်း၊ ထို့ကြောင့် မြန်မာ့ခရီးသွားလုပ်ငန်း၏ အတိုင်း အတာ တစ်ခုအထိအောင်မြင်ခဲ့ခြင်းအား အသိအမှတ်ပြု ဂုဏ်ယူရမည်ဖြစ်ပါကြောင်း၊ ထို့သို့ သော အောင်မြင်ခဲ့မှုသည် သက်ဆိုင်ရာ တာဝန် ရှိသူများအားလုံး တက်ညီလက်ညီ ဝိုင်းဝန်း ကြိုးပမ်းမှု၏ အသီးအပွင့်ရလဒ် ကောင်း ဖြစ်ပါကြောင်း၊ COVID အလွန်ကာလတွင်လည်း အဆိုပါနှုန်းအတိုင်း ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားသည်။

Source – Myanmar President Office


Spread the love
  •  
  •  
  •  
  •  
  •  
  •