နိုင်ငံတစ်ဝန်းက မဲရုံတွေမှာ အသုံးပြုဖို့ တစ်ကိုယ်ရေသုံး ကာကွယ်ရေးပစ္စည်းတွေ အမေရိကန်ပြည်ထောင်စုက ပေးအပ်လှူဒါန်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

နိုင်ငံတစ်ဝန်းက မဲရုံတွေမှာ အသုံးပြုဖို့အတွက် တစ်ကိုယ်ရေသုံး ကာကွယ်ရေးပစ္စည်းတွေ အမေရိကန်ပြည်ထောင်စုက ပေးအပ်လှူဒါန်း

သံရုံးယာယီတာဝန်ခံ ကွမ်ကတ်နို ဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးက ရဲတပ်ဖွဲ့တွေနဲ့အတူ နိုဝင်ဘာ ၈ ရက်ကျရင် နိုင်ငံတစ်ဝန်းက မဲရုံတွေမှာ အသုံးပြုဖို့အတွက် တစ်ကိုယ်ရေသုံး ကာကွယ်ရေးပစ္စည်းတွေ ပေးအပ်လှူဒါန်းတာကို ဒီသီတင်းပတ်အစောပိုင်းက ကြည့်ရှုကြီးကြပ်ပေးခဲ့ပါတယ်။

မြန်မာနိုင်ငံတစ်လွှားက မဲရုံတွေမှာတာဝန်ထမ်းဆောင်ကြမယ့်သူတွေအတွက် အလားတူ အကူအညီမျိုးကိုလည်း အမေရိကန်ပြည်ထောင်စုဟာ ပေးအပ်ကူညီနေပါတယ်။

အမေရိကန်ပြည်ထောင်စုကပေးအပ်လှူဒါန်းတဲ့ တစ်ကိုယ်ရေသုံးကာကွယ်ရေးပစ္စည်းတွေကို နိုဝင်ဘာ ၈ ရက်ကျရင် နိုင်ငံတစ်ဝန်းက မဲရုံတွေမှာ အသုံးပြုမှာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံမှာ တူညီတဲ့ ဒီမိုကရက်တစ် စံတန်ဖိုးတွေရှိကြပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါဟာ ဆန္ဒမဲပေးဖို့အတွက် အကူအညီပေးနေကြတဲ့ မဲရုံလုပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအတွက် ထူးခြားတဲ့စိန်ခေါ်မှုဖြစ်ပါတယ်။

မဲဆန္ဒရှင်တွေနဲ့ ရွေးကောက်ပွဲလုပ်သားတွေအတွက် အရေးကြီးတဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အမေရိကန်သံရုံးကနေပြီး ခွဲစိတ်ခန်းသုံးနှာခေါင်းစည်းတွေနဲ့ လက်သန့်ဆေးရည်တွေပေးအပ်လှူဒါန်းတာဖြစ်ပါတယ်။

နိုင်ငံသားတွေ ဘေးကင်းလုံခြုံရေးအတွက် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း လူကိုယ်တိုင်သွားရောက် မဲပေးကြမယ့်သူတွေအားလုံး သတိကြီးစွာထားဖို့လိုအပ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံတကာမူးယစ်ဆေးနှင့် တရားဥပဒေ စိုးမိုး‌ရေးဗျူရိုကနေပြီး နိုင်ငံတစ်ဝန်းမဲရုံတွေအတွက် လုံခြုံရေးပံ့ပိုးပေးကြမယ့် ယာယီရဲအရာရှိတွေအတွက် ခွဲစိတ်ခန်းသုံးနှာခေါင်းစည်းတွေနဲ့ လက်သန့်ဆေးရည်တွေ လှူဒါန်းပေးတာဖြစ်ပါတယ်။

မဲရုံတွေမှာရှေ့တန်းကနေ တာဝန်ထမ်းဆောင်ကြမယ့် လုပ်သားတွေကို အကာအကွယ်ပေးရေးအတွက် အလားတူအကူအညီမျိုးကို အမေရိကန်သံရုံးက ပေးအပ်နေပါတယ်။

Credit – US Embassy


Spread the love
  •  
  •  
  •  
  •  
  •  
  •