နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြနှင့်သင်တန်းသားအရာရှိများအား၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှအမှာစကား ပြောကြားမှုကို ဆန်းစစ်ခြင်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြနှင့်သင်တန်းသားအရာရှိများအား၊
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှအမှာစကား
ပြောကြားမှုကို ဆန်းစစ်ခြင်း –

ဥပဒေကိုမလေးစားဘူး၊မလိုက်နာဘူးဆိုရင်၊
ဒီဥပဒေကိုဖျက်ပစ်ရမယ်၊
ဆိုလိုတာကတော့ အခြေခံဥပဒေဆိုရင်လည်းဖျက်ပစ်ရမယ်၊
ဒီဥပဒေကို မလိုက်နာဘူးဆိုလို့ရှိရင်၊
ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်ပစ်ရမယ်၊
ဒါကြောင့် တော်လှန်ရေးကောင်စီခေတ်တုန်းကလည်း (၁၉၄၇) ခုနှစ်ဥပဒေကိုဖျက်လိုက်တာပဲ၊
နဝတ ခေတ်တပ်မတော်တက်လာတဲ့အခါမှာ
(၁၉၇၄) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်လိုက်တာပဲ၊ ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ပြောတာကိုတွေ့ရ၊ကြားသိကြရပါတယ်၊

လက်ရှိတည်ဆဲ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်ပါစေ၊
ဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်းချက်များ၊
တည်ဆဲဥပဒေများကို လေးစားလိုက်နာနေသည်က မည်သူ၊မည်သည့်အဖွဲ့အစည်းလည်းဆိုသည်က လယ်ပြင်မှာ ဆင်သွားသကဲ့သို့ ထင်ထင်ရှားရှားမြင်နေကြရမှာဖြစ်ပါတယ်၊

ဤစကားရပ်သည် ယနေ့ကာလ နိုင်ငံတော်၏ အာဏာကို ထိပါးမှုပင်ဖြစ်ပါတယ်၊

တော်လှန်ရေးကောင်စီခေတ်နှင့်၊
အာဏာသိမ်း နဝတ တပ်မတော်အစိုးရများအကြောင်းကိစ္စကို အားလုံးကလည်းသိနေကြတာဖြစ်ပါ၍ ရေးသားတင်ပြမှု မပြုတော့ပါဘူး၊

လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေသည့် ယနေ့ခေတ်ကာလမှာ ပြည်သူသာလျှင်အဓိကမူဝါဒသည် နိုင်ငံနဲ့အဝှမ်းလွမ်းခြုံနေပါပြီ၊
သို့ကြောင့် ပြည်သူ ပြည်သားများ၏ နိုင်ငံရေးအသိများတွင် နိုင်ငံရေးအကြောက်တရားများကင်းဝေးနေကြကာ၊
နိုင်ငံရေးအသိနဲ့တိုင်းချစ် ပြည်ချစ်စိတ်များက ကြီးမား၊ကျယ်ပြန့်စွာကိန်းအောင်းနေကြပါပြီ၊
ထို တိုင်းချစ် ပြည်ချစ်စိတ်များမှာ၊
အသံလိူင်းသည်နားစည်မှတစ်ဆင့်အဆင့်ဆင့်ရိုက်ခိုက်ထိတွေ့မူများကြောင့်
အသံကိုကြားနေရသလိုမျိုး၊
မိမိတို့ပြည်သူ ပြည်သားများ၊ဌာနဆိုင်ရာအမူထမ်း၊အရာထမ်းများ၊တပ်မတော်တွင် အဆင့်ဆင့်သော တာဝန်ထမ်းဆောင်နေကြသူအရာရှိအရာခံအကြပ်တပ်သားများ၊
ရဲတပ်ဖွဲ့အဆင့်ဆင့်တွင်တာဝန်ထမ်းဆောင်နေကြသူ အရာရှိအရာခံ အကြပ်တပ်သားများ၊
နယ်ပယ်ဌာန အသီးသီးမှ အငြိမ်းစားဝန်ထမ်းများ၊လူမူစီးပွားအဖွဲ့အစည်းများ၊လူပုဂ္ဂိုလ်များ၊
အစရှိသဖြင့် မိမိတို့၏ တိုင်းသူ၊ပြည်သား၊တိုင်းရင်းသား၊နိုင်ငံသားအားလုံးထံတွင် ကိန်းအောင်နေရာယူထားကြပါပြီ၊
သို့ကြောင့် အကယ်၍ နိုင်ငံတော်အာဏာကိုထိပါးနှောင့်ယှက်မူများလုပ်ဆောင်မည်ဆိုပါက၊
ထိုသို့ပြုမူ၊လုပ်ဆောင်မည့် လူပုဂ္ဂိုလ်၊အဖွဲ့၌ မည်ကဲ့သို့သော လူပုဂ္ဂိုလ်၊အဖွဲ့အစည်းများကပါဝင်ပူးပေါင်းကြမှာလဲ ?
လက်ရှိနိုင်ငံတော် တာဝန်ထမ်းဆောင်နေကြသူ၊လူပုဂ္ဂိုလ်၊အဖွဲ့များကရော အားလုံးပါဝင်ပူးပေါင်းကြနိုင်ပါလား ?
တပ်မတော်သားကြီးများသည် လူထုက
လေးစားချစ်ခင်ကြမူကိုသာ မက်မောကြသူ
စစ်ဗိုလ်ချုပ်များလည်းအများကြီးရှိနေကြပါတယ်၊
သူတို့မက်မောမူက စစ်ဗိုလ်ချုပ်အထိဖြစ်နိုင်သူ၊ တပ်သားမှ အကြပ်၊အကြပ်မှ အရာခံ၊စသည်ဖြစ် သူတို့၏ ရာထူးတာဝန်ကိုတန်ဘိုးထားကြသူများသည်လည်းများစွာရှိနေကြပါတယ်၊
နိုင်ငံတော်ကို ကာကွယ်လိုသူများအဖြစ်သာရှိနေချင်သူစစ်ဗိုလ်ချုပ်များလည်းရှိနေကြပါတယ်၊
သို့မို့ကြောင့် နိုင်ငံတော်အာဏာကိုထိပါးလာမည့် အာဏာသိမ်းမူမျိုးလုပ်မည်ဆိုပါက၊
တပ်မတော်သားအရာရှိ၊အရာခံ၊အကြပ်တပ်သား၊စစ်ဗိုလ်ချုပ်၊ အားလုံးကရော သဘောကျကြမှာလား ?
အငြိမ်းစား တပ်မတော်သားအကြပ်တပ်သား၊အရာရှိ၊အရာခံများနှင့် စစ်ဗိုလ်ချုပ်ကြီးများကရော သဘောကျကြမှာလား ?

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကရော သဘောကျလက်ခံ ကြမှာလား ?
တိုင်းရင်းသားနိုင်ငံရေးပါတီများကရော သဘောကျ လက်ခံကြမှာလား ?

နိုင်ငံရေးပါတီအားလုံးကရော သဘောကျလက်ခံကြမှာလား ?

သို့သော်လည်း ယခုခေတ်ကာလအခြေအနေမှာ ပြည်သူ ပြည်သားအများစုက လက်ခံလိုမူမရှိပါဘဲ၊
(၂၀၂၀) အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင် မိဘပြည်သူအများစု၏
ငြင်းပယ်မူ၊ငြင်းဆန်မူကိုခံလိုက်ရတဲ့ စစ်ဗိုလ်ချုပ်ဟောင်းများဦးဆောင်နေကြသည့်
နိုင်ငံရေးပါတီအချို့နှင့် အပေါင်းအပါနိုင်ငံရေးပါတီတစ်ချို့ကတော့၊
တိုင်းပြည်၏ လက်ရှိပစ္စုပန်နဲ့အနာဂတ်ကောင်းများဖြစ်လာမူကို မျက်နှာမူကြမှူ မရှိကြပါဘဲ၊
သူတို့၏တစ်ကိုယ်တစ်ကာရအကျိုးဖြစ်ထွန်းမူကိုသာ တွေးယူ၊နေကြသူများဖြစ်နေကြပါကတိုင်းပြည်အတွက် သမိုင်းဆိုး၊သမိုင်းတရားခံများဖြစ်မူမှလွဲ၍ အခြားဘာမှဖြစ်လာကြမှာမဟုတ်ဘူးဆိုသည်ကို သက်ဆိုင်သူအသီးသီး၏ သတိထား၊ဆင်ခြင်တုံတရားများကသာ သူတို့အတွက် အဆုံးအဖြတ်များ၊စံများပင်ဖြစ်နေပါလိမ့်မယ်၊
နိုင်ငံတစ်နိုင်ငံမှာ ပြည်သူမပါရင်၊
ဘာကိုမျှဖြစ်လာနိုင်မှာမဟုတ်ဘူးဆိုတာ
သိကြဖို့လိုပါတယ်၊
နိုင်ငံနှင့် ပြည်သူ ပြည်သားများအား၊
ဥပဒေမဲ့ ပြောဆိုခြိမ်းခြောက်၊ကြိမ်းဝါးမှူမှန်သမျှသည်၊ ထိုသို့ခြိမ်းခြောက်၊ကြိမ်းဝါသူများသာ ကျဆုံးကြရမှာက လောက၏ အကြီးမားဆုံးပြစ်ဒဏ်သာဖြစ်ပါတယ်၊

ပြည်သူ ပြည်သားများအား ဥပဒေမဲ့ ခြိမ်းခြောက်၊ကြိမ်းဝါး၊ပြောဆိုမူများကို ရှောင်ရှားနိုင်ကြပါစေ၊
ပြည်သူ့ဆန္ဒများကို အလေးထား၊အသိအမှတ်ပြုနိုင်ကြပါစေ၊
ပြည်သူနဲ့အတူရှိနေကြပါစေ၊ဟုဆန္ဒပြုရင်း၊

အလေးထားစွာဖြင့် . ကိုသိန်းဌေး ပဲခူး၊
……….(၂၈.၁.၂၀၂၁)……….


Spread the love
  •  
  •  
  •  
  •  
  •  
  •