“နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီဟူသော အဖွဲ့မှ ခန့်အပ်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တရားဝင်(Legitimacy) ဖြစ်မှုမရှိခြင်း”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

နိုင်ငံတော်စီမံအုပ်ချုပ်မူကောင်စီဟူသော အဖွဲ့မှ ခန့်အပ်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တရားဝင်(Legitimacy) ဖြစ်မှုမရှိခြင်း –

ဖွဲ့စည်းပုံအခြေခံဥပဒေ၊
ပုဒ်မ(၃၉၈)(က) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တစ်ရပ်ကိုဖွဲ့စည်းရမည်၊

အကယ်၍နိုင်ငံတော်တွင် အရေးပေါ်ကာလအခြေအနေဟု သမ္မတမှ သဘောတူ လက်ခံလက်မှတ်ထိုးကြေညာလိုက်ပါက၊
(ပုဒ္မ ၄၁၇ )၊ပုဒ်မ၊

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၎င်းအားပေးအပ်ထားသည့် တာဝန်ပြီးမြောက်အောင်ဆောင်ရွက်ပြီးကြောင်းတင်ပြသည့်အစီရင်ခံစာကိုလက်ခံရရှိသည့်အခါ
ပုဒ်မ(၄၁၈) အရတပ်မတော်ကာကွယ်ရေးဦးစီးချုပ်အားနိုင်ငံတော်အာဏာ လွဲအပ်ဆောင်ရွက်စေခဲ့သောအမိန့်ကိုပယ်ဖျက်ကြောင်းကြေညာရမည်၊
(ပုဒ္မ ၄၂၆) ၊ ပုဒ်မ၊

ပုဒ်မ(၄၂၈) အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အဆင့်ဆင့်သော အာဏာပိုင်အဖွဲ့အစည်းများ၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့များနှင့်
” ရွေးကောက်ပွဲကော်မရှင်တို့ကို ”
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဌာန်းထားသော သက်ဆိုင်ရာအရည်အချင်းနှင့်ညီညွတ်သည့်
ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ရမည်၊

ပုဒ်မ(၄၃၁) အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် နိုင်ငံတော်အာဏာကို ကျင့်သုံးရာတွင် နိုင်ငံတော်သမ္မတအမည်ဖြင့်ဖော်ပြရမည်၊

ပုဒ်မ(၄၂၄) ဖွင့်ဆိုချက်အရ နိုင်ငံတော်သမ္မတနှင့်ဒုတိယသမ္မတများ၊
ပြည်သူ၊အမျိုးသားလွှတ်တော်ဥက္ကဌများဟာ ပြည်ထောင်စုလွှတ်တော်သက်တမ်းကုန်စေကာမူ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီသမ္မတအသစ်နှင့်ဒုတိယသမ္မတအသစ်၊
ပြည်သူ၊အမျိုးသားလွှတ်တော်ဥက္ကဌအသစ်တို့ကိုရွေးချယ်ပြီးသည်အထိ ဆက်လက်တည်ရှိရမှာဖြစ်ပါတယ်၊

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်
ဒုတိယသမ္မတဦးမြင့်ဆွေ၏ (၂.၂.၂၀၂၁) နေ့၌ နိုင်ငံတော်သမ္မတရုံးက ဥပဒေကဲ့သို့အာဏာတည်သောအမိန့်တစ်ရပ်ထုတ်ပြန်မူသည် တည်ဆဲဖွဲ့စည်းပုံနှင့် လုံးဝ(လုံးဝ) ကို ကိုက်ညီမူမရှိပါ၊
လက်နက်အင်အားသုံး၍ ဖွဲ့စည်းပုံအခြေခံဥပဒေအား အတင်းကာရော လိုရာကို အသုံးချ ကြမူဖြစ်ပါတယ်၊
ဒီမိုကရေစီနည်းကျရွေးကောက်ထားသည့် အစိုးရဆီမှ နိုင်ငံတော်အာဏာကို လုယူမူဖြစ်ပါတယ်၊

ထပ်မံပြီး(၃.၂.၂၀၂၁) နေ့ရက်တွင်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဆိုပြီး၊
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌနှင့်အဖွဲ့ဝင်များကိုခန့်အပ်တာဝန်းပေးလိုက်ပြန်ပါတယ်၊
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို
ရွေးချယ်ခံသမ္မတကသာလျှင် ခန့်အပ်တာဝန်ပေးပိုင်ခွင့်ရှိပါတယ်၊(ပုဒ်မ ၃၉၈)(က) )၊
သို့မဟုတ် နိုင်ငံတော်အရေးပေါ်ကာလဟု
နိုင်ငံတော်သမ္မတက လက်ခံသဘောတူကြေညာလိုက်လျှင်တောင် – ကာလုံမှ သမ္မတအမည်ဖြင့် ရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းခန့်အပ်တာဝန်ပေးနိုင်ခွင့်ရှိရမှာဖြစ်ပါတယ်၊
ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ဖွင့်ဆိုမူက မည်သည့်အခြေအနေအခင်းအကျင်းမှာဘဲဖြစ်စေ၊
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို
နိုင်ငံတော်သမ္မတမှသာ ခန့်အပ်တာဝန်ပေးနိုင်ခွင့်ရှိသည့်ပြဌာန်းချက်ပင်ဖြစ်ပါတယ်၊

ယခုဖြစ်စဉ်များ၌
(၁) ဒီမိုကရေစီနည်းကျရွေးကောက်ထားသောအစိုးရခေါင်းဆောင် နိုင်ငံတော်သမ္မတကြီးကိုယ်တိုင်မှ နိုင်ငံတော်တွင်အရေးပေါ်အခြေအနေဖြစ်သည်ဟု သဘောတူလက်မှတ်ထိုးထုတ်ပြန်ကြေညာမူမဖြစ်ခြင်း၊
(၂) အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်ဥပဒေများမှာ ပြဌာန်းထားမူမရှိသော ဒုတိယသမ္မတက ယာယီသမ္မတရာထူးကို ကိုယ့်ဘာသာကိုယ်ခန့်ယူသတ်မှတ်ကာ အရေးပေါ်အခြေအနေဟူ၍ ထုတ်ပြန်ကြေညာလိုက်ခြင်း၊
(၃) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ တပ်မတော်ကိုယ်စားလှယ်အစုအဖွဲ့မှ တင်မြှောက်ထားသည့် ဒုတိယသမ္မတတစ်ဦးတည်းနဲ့အတူ ဖွဲ့စည်းပုံအခြေခံဥပဒေအား လိုသလို အဓိပ္ပါယ်ဖွင့်၍ နိုင်ငံတော်အာဏာကို ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားသောအစိုးရဆီမှ အတင်းအဓမ္မလုယူမူဖြစ်ခြင်း၊
စသည့်အခြေအနေများကြောင့်
ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သော
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်
တရားဝင်သို့မဟုတ် ယာယီအစိုးရဟူ၍တောင်မှ ဥပဒေအရ အဆင့်သတ်မှတ်၍ မရနိုင်ချေ၊
ကုလသမဂ္ဂအဖွဲ့နှင့် နိုင်ငံတကာမှလည်း ယနေ့အချိန်အထိမြန်မာနိုင်ငံအစိုးရအဖြစ် တရားဝင် အသိအမှတ်ပြုမူမရှိပေ၊
မိမိတို့နိုင်ငံ၏ ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားသော
သမ္မတကြီးဦးဝင်းမြင့်နှင့်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သောရွေးချယ်ခံအစိုးရကိုသာလျှင် မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ်အသိအမှတ်ပြု လက်ခံထားခြင်းဖြစ်ပါတယ်၊

ထပ်ပြီးတော့ ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်ပြီး၊တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီပါဘဲ၊
တည်ဆဲဥပဒေများကိုကျုးလွန်ဖောက်ဖျက်၍ နိုင်ငံတော်အာဏာကို လုယူထားသည့် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့်
စစ်ကောင်စီမှ ဖွဲ့စည်းခန့်အပ်တာဝန်ပေးခွင့်ဥပဒေပြဌာန်းထားခြင်းမရှိပါလျက်နဲ့ ခန့်အပ်တာဝန်ပေးလိုက်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေအရသော်လည်းကောင်း၊
တည်ဆဲဥပဒေ၊ လုပ်ထုံးအရသော်လည်းကောင်း ညီညွတ်မူအလျဉ်းမရှိပေ၊
သို့ကြောင့်အဆိုပါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံတော်၏ တရားဝင်အဖွဲ့အစည်းမဟုတ်ပေ၊
နိုင်ငံတော်တွင် တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေ၊တည်ဆဲလုပ်ထုံးများနှင့်မညီသည့်၊
ဖွဲ့စည်းပုံအခြေခံဥပဒေအရတရားဝင်မူမဖြစ်သည့် ယခုပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆိုသူများ၏ အစည်းအဝေးဖိတ်ကြားမူကို တက်ရောက်ကြမည့် နိုင်ငံရေးပါတီများသည်လည်း တိုင်းပြည်နှင့် တိုင်းသူပြည်သားများစွာအတွက် ဆူးညှောင့်ခလုတ်ကန်သင်းများဟူ၍
ပြည်သူ ပြည်သားများက ထင်ဟပ် မှတ်ယူနိုင်ပါကြောင်းသတိပြုမိကြစေရန်နှင့်
မိမိတို့ပါတီ၏ ပြည်သူ ပြည်သားများအား
ကိုယ်စားပြုနိုင်မူ စံနှုန်းကိုလည်း တွက်ချက် ချင့်ချိန်နိုင်ကြပါစေလိုရင်းအလို့ငှာ
ဤဆောင်းပါးကိုရေးသားလိုက်ရပါတယ်။

အလေးထားစွာဖြင့်. ကိုသိန်းဌေး ပဲခူး၊
……….(၂၅.၂.၂၀၂၁)……….


Spread the love
  •  
  •  
  •  
  •  
  •  
  •