နိုင်ငံတော်သမ္မတက ဒုတပ်ချုပ်ကို သရေစည်သူဘွဲ့ ချီးမြှင့်၊ပြည်ထဲရေးဝန်ကြီးဟောင်းဒုဗိုလ်ချုပ်ကြီးကျော်ဆွေအပါအဝင် လက်ရှိပြည်ထဲရေး၊ကာကွယ်ရေး၊နယ်စပ်ရေးဝန်ကြီးများနင့်တပ်မတော်ထ်ပ်တန်းအရာရှိကြီးများကို စည်သူဘွဲ့ချီးမြှင့်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

နိုင်ငံတော်သမ္မတက ဒုတပ်ချုပ်ကို သရေစည်သူဘွဲ့ ချီးမြှင့်၊ပြည်ထဲရေးဝန်ကြီးဟောင်းဒုဗိုလ်ချုပ်ကြီးကျော်ဆွေအပါအဝင် လက်ရှိပြည်ထဲရေး၊ကာကွယ်ရေး၊နယ်စပ်ရေးဝန်ကြီးများနင့်တပ်မတော်ထ်ပ်တန်းအရာရှိကြီးများကို စည်သူဘွဲ့ချီးမြှင့်
—————-
နေပြည်တော်၊ဇန်နဝါရီ၄ရက်

နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့များကို ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းအပါအဝင် ပြည်ထဲရေး၊ကာကွယ်ရေး၊နယ်စပ်ရေးဝန်ကြီးများနှင့်တပ်မတော်ထိပ်တန်းအရာရှိကြီးအချို့၊အငြိမ်းစားယူသွားသည့် ပြည်ထဲရေးဝန်ကြီးဟောင်းဒုဗိုလ်ချုပ်ကြီးကျော်ဆွေနှင့်ဂုဏ်ပြုချီးမြှင့်ထိုက်သည့် တပ်မတော်သားများအား ယနေ့ကျရောက်သည့် လွတ်လပ်ရေးနေ့ အခါသမယတွင် ပေးအပ်ချီးမြှင့်လိုက်ပါတယ်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို သရေစည်သူဘွဲ့၊ပြည်ထဲရေး၊ကာကွယ်ရေး၊နယ်စပ်ရေးဝန်ကြီးများနှင့်တပ်မတော်ထိပ်တန်းအရာရှိကြီးအချို့၊အငြိမ်းစားယူသွားသည့် ပြည်ထဲရေးဝန်ကြီးဟောင်းဒုဗိုလ်ချုပ်ကြီးကျော်ဆွေစသည့် တပ်မတော်ထိပ်တန်းအရာရှိ၁၀ဦးကိုစည်သူဘွဲ့၊ရခိုင်တိုက်ပွဲတွင် နိုင်ငံတော်အတွက်အသက်စွန့်သွားသော အမှတ်၂၀၇ခြေမြန်တပ်ရင်းမှ ဒုတိယတပ်ကြပ် သက်ရှည်ကို သူရဘွဲ့၊စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းအပါအဝင်တပ်မတော်အရာရှိကြီး၁၇ဦးကိုဇေယျကျော်ထင်ဘွဲ့၊စီးပွားရေးလုပ်ငန်းရှင်ဦးဇော်မိုးခိုင်နှင့်ဦးမောင်ကို ကို ဝဏ္ဍကျော်ထင်ဘွဲ့၊တပ်မတော်သား၇ဦးကို သူရဲကောင်းမတ်တမ်းဝင်တံဆိပ်စသည်ဖြင့် အသီးသီးချီးမြှင့်ခဲ့ပါ​သေးတယ်။

ထို့အပြင်တပ်မတော်သားနှင့်အရပ်သား၃၀ကိုလည်း လူမှုထူးချွန်၊ဝိဇ္ဇာထူးချွန်၊သိပ္ပံထူးချွန်စသည့် ဘွဲ့များကိုပါ ချီးမြှင့်ခဲ့သေးကြောင်းလည်းသိရပါတယ်။

 


Spread the love
  •  
  •  
  •  
  •  
  •  
  •