နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ မဲဆွယ်စည်းရုံးနိုင်ခွင့်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

တိုင်းပြု ပြည်ပြု ဟူသော လေးမြတ်သည့် စိတ်ခွန်အားများနှင့် အမိနိုင်ငံတော် – –

နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ မဲဆွယ်စည်းရုံးနိုင်ခွင့်…

===========================

မိမိတို့နိုင်ငံ သည် လွပ်လပ်ရေးကြိုးပန်းးစဉ် ကာလ –
ရပြီး ကာလ…
တိုင်းပြည်ပြန်လည်ထူထောင်သည့်ကာလ – တည်ဆောက်သည့်ကာလ – နှင့်
ခေတ်အဆက်ဆက် ချိ တ်ဆက် ဆက်နွယ်လာသည့်…
ယခုခေတ်သစ်ကာလ…
စသည်ဖြင့် နိုင်ငံရေး ခေတ်ကာလ
အမျို းမျ ို းကို တိုင်းပြည်နဲ့အတူ တိုင်းသူ ပြည်သားများအားလုံး က…
မိမိတို့မွေးဖွားကြီးပြင်းသည့် ခေတ်အလိုက် ဖြတ်သန်းခဲ့ ကြရပါတယ်။

ညီညွတ် စည်းလုံးမူများစွာလည်း ခေတ်အလိုက် ဖြစ်ထွန်းခဲ့ ကြရသလို…

မညီ မညွတ်မူများဖြင့် စည်းလုံးမူများ အားနည်းကာ ညီညွတ်ရေးနဲ့ တရား မျှ တမူများ အားနည်း လာခြင်း ကိုလည်း ရင်ဆိုင်ခဲ့ ကြရပါတယ်။

သို့ပေမယ်လို့ မိမိတို့နိုင်ငံ၏ ထူးခြားချ က်က ညီညွတ် စည်းလုံးမူများကို ခေတ်အလိုက် ဆောင်ကျ ဉ်း သယ်ဆောင် လာနိုင်မူများက အားနည်း လျော့ ပါးလာပြီး –
စည်းလုံးမူ – ညီညွတ်မူမရှိပါဘဲ…
သူတစ်မျ ို း ကိုယ်တစ်ဖုံ ဖြစ်နေမူက
နိုင်ငံအနှံ့ လက်ညို းထိုးမလွဲ လက်ဆင့်ကမ်းသယ်ဆောင်လာ ကြတာကိုဘဲ ကြုံ တွေ့
နေကြရပါတယ်။

နိုင်ငံရေးနှင့် ညီညွတ်မူ ဆိုတာ မည်သည့် နိုင်ငံ၌မဆို ပြီးပြည့်စုံမူ မရှိနိုင်ပါ ဆိုတာကိုလည်း စာရေးသူအပါအဝင် အားလုံးကလည်း
ရှုမြင်နိုင်ကြဘို့တော့လိုပါလိမ့်မယ်။
ဒါသည် လူမူ လောကပင်ဖြစ်ပါတယ်။
သို့ပေမယ့် လူသားအရင်းအမြစ်များ စုပေါင်းနေထိုင်ကြသည့် နိုင်ငံတစ်ခုအဖြစ် ရပ်တည် ကြပြီ ဆိုပါက နိုင်ငံသားများကို…
ထိန်းကြောင်း – ထိန်းကွပ် ပြီး ၎င်းအမည်ပေါက် နိုင်ငံအား ကာကွယ် ထိန်းသိမ်း ရန် နိုင်ငံသူ နိုင်ငံသားများကိုယ်စား ဤ နိုင်ငံသားအများစုက ရွေးချ ယ်တာဝန် ပေးခွင့် ဖြင့် နိုင်ငံ၏ အစစ အရာရာ ကို အုပ်ချ ု ပ် – စီမံခန့်ခွဲ တာဝန်ယူရသည့် ရွေးချ ယ်ခံ အစိုးရ တစ်ရပ်သည်မရှိ မဖြစ်…
ရှိကို ရှိရပေမည်။
ထိုယဉ်ကျေ းမူကိုလည်း ကမ္ဘာ့ နိုင်ငံ အားလုံး က လက်ခံကျ င့်သုံးနေကြ ပြီဖြစ်ပါတယ်။
ဖြစ်လာသည့် အစိုးရ တိုင်းအား ဥပဒေ နည်းဥပဒေ များကို အကောင်အထည် ဖော်နိုင်စေရန် ဖွဲ့စည်းပုံအခြေခံတည်းဟူသော ပြဌာန်းလိုက်သည့် ဥပဒေ က အစိုးရ နှင့် ပြည်သူ ပြည်သား အားလုံးအတွက် နိုင်ငံသားများ၏ သဘော ဆန္ဒနှင့်အညီ ရေးဆွဲ ပြဌာန်း အတည် ပြု ထားကြရပါတယ်။

၎င်းဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ခေတ် အလိုက် လိုအပ်တာတွေကို ထည့်သွင်း ပြင်ဆင် နိုင်ရန် ဖွဲ့စည်းပုံထဲမှာဘဲ ရေးဆွဲ ပြဌာန်း အတည်ပြု ပေးထားရပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေးက ချောမွေ့ နိုင်သလို ခက်ခဲကြမ်းတမ်းတာတွေလည်းရှိကြတာကိုလည်း ကမ္ဘာအနှံ့
တွေ့ မြင်နေကြရပါတယ်။
နိုင်ငံတိုင်း နိုင်ငံတိုင်း သည် မိမိတို့နိုင်ငံအလိုက် ဖွဲ့စည်းပုံအခြေခံဥပဒေ၏
ထိန်းကြောင်းခြင်းကို ခွင့် ပြု ပေးကြရပါတယ်။

သို့သော် ပြဌာန်းထားသော ဖွဲ့စည်းပုံ၏
အခြေခံ သဘောက တိုင်းပြည်နှင့် ပြည်သူ ပြည်သားများအတွက် ကောင်းကျ ို းချ မ်းသာနှင့် နိုင်ငံကို ကာကွယ်ထိန်းသိမ်းနိုင်သည့် စွမ်းအင်များ အပြင် နိုင်ငံသားတိုင်းအတွက် တရားမျှ တသည့် နိုင်ငံသားအခွင့်အရေး
ကရှိကြရမှာဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ နိုင်ငံအတွက် ဥပဒေဖြင့်တာဝန်အပြည့်ယူမည့်
တောင့် တင်းသည့်အစိုးရတစ်ရပ် ကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ကဘဲ ရှာပေးရမှာဖြစ်ပါတယ်။

ဆိုလိုတာက ရွေးချ ယ်ခံအစိုးရသည် တိုင်းပြည်ကို အုပ်ချ ု ပ်ခွင့်ရသည့်အခါမှာ အစိုးရ၏ အင်္ဂ ါရပ်များက ပြည့်စုံစေသည့် ဥပဒေများပါဝင်ဘို့လည်းလိုပါတယ်။

သို့မှာသာ နိုင်ငံအတွင်းထိန်းကြောင်းနိုင်ကာ ပြည်ပနိုင်ငံများနှင့် ဆက်ဆံ ဆက်သွယ်တဲ့အခါမှာ နိုင်ငံတကာမှ ယုံကြည် အလေးထားမူက အားကောင်းလာမှာဖြစ်ပါတယ်။

မိမိနိုင်ငံအတွင်း၌လည်း တရားဥပဒေစိုးမိုးနိုင်ပါမှ နိုင်ငံတကာ၏ ဆက်ဆံအလေးထားမူ နဲ့အတူ – –
ငွေပင်ငွေရင်းမြောက်များစွာနဲ့ လာရောက်ရင်းနှီးမြုပ်နှံ ကြမှာဖြစ်ပါတယ်။

မိမိတို့ရှင်းရှင်းလင်းလင်း သိထားကြရမှာက နိုင်ငံအားလုံးသည် မိမိတို့နိုင်ငံအတွင်း မဲဆွယ်စည်းရုံးဘို့လာကြခြင်းမဟုတ်ကြပါ။

သူတို့၏ စီးပွားရေးဖြစ်ထွန်းမူ အကျ ို းအမြတ်အတွက်လာကြခြင်းဆိုတာကိုဖြစ်ပါတယ်။

မိမိတို့သည်လည်း မိမိတို့နိုင်ငံအကျ ို းအမြတ်ကိုသာ အလေးပေးကြရမှာပါ။
သူတို့တစ်တွေ သည်မည်သည့် ပုံသဏ္ဌန် မည်သည့် အသွင်နဲ့ဘဲလာသည်ဖြစ်ပါစေ စီးပွားလာရှာကြတာဖြစ်ပါတယ်။
နိုင်ငံတစ်ကာကိုဝင်ဆန့်နိုင်သည့် ဥပဒေများက မိမိတို့ဆီမှာ အဆင်သင့်ရှိနေဖို့လိုအပ်ပါတယ်၊
လာရောက်ရင်းနှီးမြုပ်နှံ သူတို့စီးပွားဖြစ်ကြသလို မိမိတို့လည်း စီးပွားဖြစ်ကြဘို့ စဉ်းစား လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။

ဤ တွင်အကြောင်းအချ က်လိုလာပါပြီ။၎င်းသူတို့ လာရောက်ရင်းနှီးမြု တ်နှံ ကြစေဘို့ မိမိတို့ဘက်ကအရေးတကြီးပေးရမှာက နိုင်ငံ၏ တာဝန်ခံ အစိုးရက အာမခံရမှာဖြစ်ပါတယ်။
ဤသည်က – –
(1) မိမိနိုင်ငံအကျ ို းအမြတ်ရှိရမည်။
(2) မိမိပြည်သူနဲ့ တကွ ရင်းနှီးမြု တ်နှံသူသည်လည်း အကျ ို း အမြတ်ရှိရမည်။
(3) လက်ခံမည့် နိုင်ငံတာဝန်ခံ အစိုးရသည် မိမိပြည်သူကို နိုင်နိုင် နင်းနင်းဖြင့် နားချ စည်းရုံးနိုင်ရမည်။

အချ က် no – (3) ကိုမဆောင်ရွက်နိုင်ပါက မည်သည့်နိုင်ငံကမျှ မြောက်များစွာသော ငွေပင်ငွေရင်းများနှင့် အထိုင်တစ်ကျ လာရောက် လုပ်ကိုင်မူက မလွယ်လှပါ။

ဒေသခံ ပြည်သူများနှင့် ဦးဆောင်နေကြသူ အစုအဖွဲ့များမှ မိမိတို့နိုင်ငံနှင့် အကျ ို းတူ
မိမိတို့ကိုယ်တိုင်အတွက်ဆိုကာ စဉ်းစား သုံးသပ်နိုင်ကြဘို့လိုအပ်လာပါပြီ။

မြင်သမျှ လာသမျှ အစိုးရလုပ်တာမှန်သမျှ ကို ဆန့်ကျ င်မူသည် နိုင်ငံရေးမဟုတ်သလို
နိုင်ငံ့ အကျ ို း မိမိတို့ အကျ ို းမဟုတ်ပါဘူးဆိုတာကိုလည်း မြင်ကြရမှာဖြစ်ပါတယ်။

ပြဌာန်းထားသည့် တည်ဆဲဥပဒေများသည် မိမိကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အလေးထားကြရမှာက နိုင်ငံသားတိုင်း၏ တာဝန်နှင့် နိုင်ငံတကာ၏ မိမိတို့နိုင်ငံအပေါ် အလေးထားမည့် သဘောထားများကိုဖြစ်စေပါတယ်။

နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ဥပဒေဆိုတာ မရှိ မဖြစ် လိုအပ်ပါတယ်။

သို့သော် မျှ တဘို့လိုအပ်သည့်အပြင် နိုင်ငံတော်နှင့် နိုင်ငံသားများကို ထိန်းကြောင်းနိုင်မည့် ဥပဒေများ ရှိစေဘို့လည်းလိုအပ်ပါတယ်။

နိုင်ငံရေးပါတီများ – အနိုင်ရပါတီအပါအဝင် အကြောင်းကိစ္စ တစ်ရပ်ဖြစ်လာပြီဆိုပါက လက်ရှိ တည်ဆဲ ဥပဒေများကို ထိုပေါ်လာသည့်အကြောင်းကိစ္စနှင့်သက်ဆိုင်သည့် အချ က်အလက် ဥပဒေများကို ချ က်ခြင်းရှာဖွေ သုံးသပ် ဆင်ခြင် ကြရပါမယ်။
သိစေဘို့လည်းဆောင်ရွက်ကြရပါမယ်။

တစ်ယောက်နှင့်တစ်ယောက်
တစ်ဖွဲ့နှင့် တစ်ဖွဲ့ တိုက်ခိုက်ခြင်းသည်
လိုတာထက် ပိုလာပြီဆိုပါက…..

သေခြာပါတယ်…
ထိုနိုင်ငံသည် ကမ္ဘာ့ အောက်ဆုံးအဆင့်မှ ဘယ်သောအခါမှာမှ အပေါ် ကိုတက်မလာနိုင်တော့ပါ။
ထိုကဲ့သို့ ဖြစ်စဉ် အခင်းအကျ င်း ကို မိမိတို့နိုင်ငံက လုပ်ကိုင် ကြုံတွေ့ ရင်ဆိုင်လာခဲံ့ ကြရတာ လွပ်လပ်ရေး ရလု ရခင်ကထဲမှ
ယခု အချ ိန်ကာလအထိဆိုရင် မှားမည်မထင်ပါ။
ကျွန်ုပ် တို့၏ စိတ်များ အပြောအဆိုများ ပြောင်းကြဘို့တော့လိုလာပါပြီ။

မကြေနပ်မူများ တိုက်ခိုက်မူများ နေရာတွင် တိုင်းပြု ပြည်ပြု စိတ်များ – တိုင်းပြု ပြည်ပြု အပြောအဆို ဆောင်ရွက်မူများ သို့
ပြောင်းလဲကြရပေမည်။

ရွေးကောက်ပွဲ မဲဆွယ်မူနဲ့ သက်ဆိုင်သည့် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေကို ရေးသားတင်ပြပါရစေ။

ပြည်ထောင်စုအစိုရအဖွဲ့ ဥပဒေ…..
ပုဒ္မ (၆) – – – က – – ပုဒ်မ…
ပြည်ထောင်စုအစိုးရအဖွဲ့ကို အောက်ပါပုဂ္ဂို လ်များဖြင့်ဖွဲ့စည်းရမည်။ (1) နိုင်ငံတော်သမ္မတ။
(2) ဒုတိယသမ္မတများ။
(3) ပြည်ထောင်စုဝန်ကြီးများ။
(4) ပြည်ထောင်စုရှေ့နေချ ု ပ်။

ပုဒ္မ (၇) – – ပုဒ်မ…
ပုဒ်မ ၆ ပုဒ်မခွဲ (က) ပါပြည်ထောင်စုအစိုးရအဖွဲ့ အဖွဲ့ဝင်တစ်ဦးဦးသည် – – –

(က) လွှတ်တော်တစ်ရပ်ရပ်၏ ကိုယ်စားလှယ်သော်လည်းကောင်း။နိုင်ငံ့ဝန်ထမ်းသော်လည်းကောင်း။တပ်မတော်သားသော်လည်းကောင်း။နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်သော်လည်းကောင်း ဖြစ်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ( ၆၃ – ၆၄ – ၂၃၂ /ဈ ည ဋ နှင့် ပုဒ်မ ၂၃၇/စ ဆ ဇ ) တို့ပါပြဌာန်းချ က်များအတိုင်း ဆောင်ရွက်ရမည်။

(ခ) ပုဒ်မခွဲ (က)…..
အရဆောင်ရွက်ရာတွင် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှ င်သော်လည်းကောင်း၊တစ်သီးပုဂ္ဂလ်ရွေးချ ယ်ခံခဲ့သူဖြစ်လျှင်
သော်လည်းကောင်း၊
သီးခြားခန့်အပ်တာဝန်ပေးခြင်းခံခဲ့ရသည့် နိုင်ငံသားတစ်ဦး ဖြစ်လျှင်သော်လည်းကောင်း၊အဆိုပါပုဂ္ဂို လ်သည် နောက်လာမည့် အထွေထွေ ရွေးကောက်ပွဲတစ်ရပ်ရပ်တွင် ပါဝင်ရွေးချ ယ်ခံမည့်သူဖြစ်ပါက…..
နိုင်ငံသားတစ်ဦးအား
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ( ၃၈/က ) အရ ပေးအပ်ထားသော ရွေးကောက်တင်မြှောက်ပိုင်ခွင့် မဆုံးရှုံးစေရန် အလို့ငှာ ရွေးကောက်ပွဲကျ င်းပရန်
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာသည့်နေ့မှစ၍
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၀ နှင့် ၁၂၁ တို့ပါပြဌာန်းချ က်များနှင့် ကိုက်ညီလျှ င် ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေး လုပ်ငန်းများကိုလည်းကောင်း၊
နယ်မြေ စည်းရုံးရေး လုပ်ငန်းများကို လည်း
ကောင်း ဆောင်ရွက်ခွင့်ရှိသည်။

ပုဒ္မ(၁၇/ဃ) – – – ပုဒ်မ…
ဒုတိယဝန်ကြီးများသည် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှ င်သော်လည်းကောင်း၊

စသည်ဖြစ် အထက်ပါ…..
ပုဒ်မ (၇ ) (ခ ) ပါပြဌာန်းချ က်စကားရပ်
အတိုင်းပင်ဖြစ်ပါသည်။

ပုဒ္မ(၃၈)/(က)….. ပုဒ်မ…
နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ခွင့် နှင့် ရွေးကောက်
တင်မြှောက်ခံပိုင်ခွင့်ရှိသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒပြဌာန်းချ က်များသည်…..
( နိင်ငံတော် အေးချ မ်းသာယာရေး ဖွံ့ ဖြို ရေးကောင်စီ ဥပဒေ အမှတ် ၁၅ /၂၀၁၀ )…
၌ပြဌာန်းထားခဲ့ ခြင်း ဖြစ်ပါတယ်။

ယခု NLD အစိုးရတက်မှ ပြဌာန်းထားမူမဟုတ်ပါ ဆိုသည်ကိုလည်း နိုင်ငံရေးပါတီအားလုံးနှင့် ပြည်သူ ပြည်သားများ အားလုံးမှ သိ ကြပါစေရန် ရေးသား တင်ပြခြင်းဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ – –
ပုဒ္မ (၄၄၅) – – – ပုဒ်မ…
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမူတည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်ေ အေးချ မ်းသာယာရေးနှင့် ဖွံ့ ဖြို းရေး ကောင်စီ တို့၏ မူဝါဒလမ်းညွှန်မူများ။
ဥပဒေများ၊နည်းဥပဒေများ၊စည်းမျ ဉ်းများ၊အမိန့် ပြန်တမ်းများ၊ကြေညာချ က်များကိုလည်းကောင်း၊ဆာင်ရွက်ချ က်များ၊
တာဝန်များနှင့် ရပိုင်ခွင့် များကိုလည်းကောင်းဆက်ခံသည်။

ပုဒ်မ (၄၄၆) – – – တည်ဆဲ ဥပဒေများသည် ပြည်ထောင်စု လွှတ်တော်က ပယ်ဖျ က်ခြင်း၊ ပြင်ဆင်ခြင်း မပြု သေးမီ…
ဤ ဖွဲ့ စည်းပုံအ ခြေခံဥပဒေ နှင့် မဆန့်ကျ င်သမျှ အတည်ဖြစ်သည်။

စာလည်း အလွန်ရှည်သွားပါပြီ ။

သမ္မတနှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂို လ် အပါအဝင်
ပြည်ထောင်စု ဝန်ကြီးများ၏ အထွေထွေ ရွေးကောက်ပွဲ ကာလတွင်
ရွေးကောက်ပွဲ ဆိုင်ရာ ပါတီစည်းရုံးရေး
လုပ်ငန်းနှင့်
မဲဆွယ် နယ်မြေ စည်းရုံးရေးဆိုင်ရာ လုပ်ငန်း များအား ဆောင်ရွက်ခွင့်ရှိပါကြောင်း
နှင့်…..
ပြည်ထောင်စုအစိုးအဖွဲ့ ဥပဒေ၌ ပြဌာန်း အတည်ပြု ထားပြီးဖြစ်ပါ ကြောင်း ကို…..

နိုင်ငံရေးပါတီ အသီးသီးအား ရေးသားတင်ပြလိုက်ကာ…..
မိမိတို့နိုင်ငံ ၌ ကွယ်ပြောက်လု နီးပါးဖြစ်နေသည့် ကောင်းမြတ်သောဥပဒေ စိုးမိုးမူကိုအလေးထားမူများ အားနည်းလာခြင်းအား…..
ခြေဖျ က်ကြ၍ ပြဌာန်းထားသည့် ကောင်းမွန်လွတ်လပ်သော ဥပဒေ များကို အလေးထား လိုက်နာ ကြပြီး ကောင်းမြတ်သော တရား ဥပဒေများ စိုးမိုး နိုင်ပါစေကြောင်း…..
အသိပေး နှိုးဆော် ရေးသား လိုက်ရပါတယ်။

အလေးထားစွာဖြင့် – ကိုသိန်းဌေး ၈၈ ပဲခူး၊
………. (28.6.2020)……….


Spread the love
  •  
  •  
  •  
  •  
  •  
  •