နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ နေပြည်တော်တွင် မဲ ပေးမည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ နေပြည်တော်တွင် မဲ ပေးမည်

နေပြည်တော်၊ အောက်တိုဘာ ၂၂

နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ အနေဖြင့် နေပြည်တော်တွင် ဆန္ဒမဲ ပေးမည် ဖြစ်ပြီး ကြိုတင်မဲ ပေးရန်အတွက် ပုံစံ (၁၅) ဖြင့် လျှောက်ထားမှု ပြုလုပ်ထားကြောင်း နေပြည်တော် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ထံမှ သိရှိရသည်။

နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ အနေဖြင့် ၄င်းတို့ နေထိုင်ရာ နေပြည်တော် ဇမ္ဗူသီရိ မဲဆန္ဒနယ်မှ ကိုယ်စားလှယ်လောင်းများကို မဲပေးမည် မဟုတ်ဘဲ မူလ မဲစာရင်းပါရှိရာ ဒေသမှ ကိုယ်စားလှယ်လောင်းများကို မဲပေး ရွေးချယ်မည် ဖြစ်သည်။

မဲဆန္ဒနယ် ပြင်ပရောက် မဲဆန္ဒရှင်များ အနေဖြင့် ပုံစံ (၁၅) ဖြင့် ကြိုတင်မဲ ပေးရေး လျှောက်ထားနိုင်သည့် အတွက် သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီးများ အပါအဝင် နေပြည်တော်ရှိ နိုင်ငံဝန်ထမ်းများ အနေဖြင့်လည်း ကြိုတင်မဲ ပေးနိုင်ရေးကို အထူးကိစ္စရပ်အဖြစ် ဆောင်ရွက်ထားရှိကြောင်း ရွေးကောက်ပွဲကော်မရှင်မှ သိရှိရသည်။

ပုံစံ (၁၅) ဖြင့် ကြိုတင်မဲ ပေးနိုင်ရေးကို အောက်တိုဘာ (၂၅) ရက်နေ့အထိ လျှောက်ထားနိုင်ကြကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာထားသည်။

 

#Peacock


Spread the love
  •  
  •  
  •  
  •  
  •  
  •