နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကြိုတင်မဲ မနက်ဖြန် ပေးမည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ကြိုတင်မဲ မနက်ဖြန် ပေးမည်

နေပြည်တော်၊ အောက်တိုဘာ ၂၈

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် အောက်တိုဘာ ၂၉ ရက် (မနက်ဖြန်) တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အတွက် နေပြည်တော်၌ ကြိုတင်ဆန္ဒမဲ ပေးမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သိရှိရသည်။

နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ အနေဖြင့် မဲဆန္ဒနယ် ပြင်ပရောက် အနေဖြင့် ကြိုတင်မဲဆန္ဒ ပေးရန် ပုံစံ ၁၅ ဖြင့် လျှောက်ထားခဲ့ပြီး နိုင်ငံတော်သမ္မတ အနေဖြင့် တာမွေမြို့နယ်မှ ကိုယ်စားလှယ်လောင်းများ အတွက် လည်းကောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဗဟန်းမြို့နယ်မှ ကိုယ်စားလှယ်လောင်းများ အတွက် အသီးသီး မဲဆန္ဒ ပေးကြမည် ဖြစ်သည်။

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ချမှတ်ထားသော လုပ်ငန်းလမ်းညွှန်ချက်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကျန်းမာရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများအရ မိမိ မဲစာရင်း ပါရှိသော မဲဆန္ဒနယ်သို့ ပြန်၍ မဲပေးနိုင်ခြင်း မရှိသူများ ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေရန် ၊ ပုံစံ(၁၅) ဖြင့် လျှောက်ထား၍ ကြိုတင်မဲ ပေးနိုင်ကြကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ (၈) ရက်က ကြေညာထားပြီး ဖြစ်သည်။

#Peacock #2020Election #ရွေးကောက်ပွဲ


Spread the love
  •  
  •  
  •  
  •  
  •  
  •