နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဆက်စပ်သူများအား ဓာတ်ခွဲ စစ်ဆေးရာ ရောဂါ ကူးစက်ခံရခြင်းမရှိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဆက်စပ်သူများအား ဓာတ်ခွဲ စစ်ဆေး

ရောဂါ ကူးစက်ခံရခြင်း မရှိကြောင်း အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

နေပြည်တော်၊ စက်တင်ဘာ ၉

နိုင်ငံတော်သမ္မတရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး တစ်ဦး အတည်ပြုလူနာအဖြစ် သတ်မှတ်ခံရပြီးနောက် ၄င်း တာဝန်ထမ်းဆောင်သည့် ဌာနတွင်းရှိ ဝန်ထမ်း (၁၁) ဦးအား ဓာတ်ခွဲနမူနာ ရယူ စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိကြောင်း နိုင်ငံတော်သမ္မတရုံးမှ သိရှိရသည်။

တစ်ချိန်တည်းတွင် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တို့နှင့် တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ဆက်စပ်နေသူ အားလုံးအား ဓာတ်ခွဲနမူနာ ရယူ စစ်ဆေးရာတွင် အားလုံး ပိုးမတွေ့ရှိကြောင်း အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

လက်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဝန်ထမ်းများသည် တစ်ဝက်တက် စနစ်ဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး၊ ယန္တယား ပုံမှန် လည်ပတ်လျက်ရှိကြောင်း ဦးဇော်ဌေးက ဆက်လက် ပြောကြားသည်။

ထို့အတူ နိုင်ငံတော်သမ္မတကြီး၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တို့၏ ကျန်းမာရေးမှာလည်း ကောင်းမွန်လျက်ရှိကာ လုပ်ငန်း တာဝန်များ ပုံမှန်အတိုင်း ဆောင်ရွက်လျက် ရှိကြောင်း နိုင်ငံတော်သမ္မတရုံးမှ သိရှိရသည်။

#Peacock


Spread the love
  •  
  •  
  •  
  •  
  •  
  •