နိုင်ငံတော်အစိုးရက သက်ကြီးရွယ်အိုများအား (၃)လလျှင် တစ်ကြိမ် ကျပ်(၃၀,၀၀၀/-) ထောက်ပံ့ပေးလျက်ရှိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

နိုင်ငံတော်အစိုးရက သက်ကြီးရွယ်အိုများအား (၃)လလျှင် တစ်ကြိမ် ကျပ်(၃၀,၀၀၀/-) ထောက်ပံ့ပေးလျက်ရှိ

နိုင်ငံတော်အစိုးရသည် သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးနှင့် အာဟာရ ဖွံ့ဖြိုးတိုးတက်စေရန်၊ သက်ကြီးရွယ်အိုများ၏ ဝင်ငွေလုံခြုံမှုကို မြှင့်တင်ရန် နှင့် ၎င်းတို့မိသားစုများ၏ ထိခိုက်လွယ်မှုကိုလျှော့ချရန်ရည်ရွယ်၍ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင်ထောက်ပံ့ခြင်းအစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ငွေကြေးထောက်ပံ့ကြေးအစီအစဉ်တွင် အကျုံးဝင်သည့် သက်ကြီးရွယ်အိုများအား တစ်ဦး တစ်လလျှင် ကျပ်(၁၀,၀၀၀/-)နှုန်းဖြင့် (၃)လလျှင် တစ်ကြိမ် ကျပ်(၃၀,၀၀၀/-) နိုင်ငံတော်အစိုးရက သက်ကြီးရွယ်အိုများအား ထောက်ပံ့ပေးလျက်ရှိသည်။

အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင်ထောက်ပံ့ခြင်းအစီအစဉ်တွင် အကျုံးဝင်သည့် သက်ကြီးရွယ်အိုများအနေဖြင့် မိမိတို့နေထိုင်သည့် နီးစပ်ရာ မြို့နယ်/ ရပ်ကွက်/ ကျေးရွာ အထွေထွေအုပ်ချုပ်ရေးမှူးရုံးများနှင့် တိုင်းဒေသကြီး/ ပြည်နယ်/ခရိုင်/ မြို့နယ် လူမှုဝန်ထမ်းရုံးများသို့ အသက်အတွက် အထောက် အထားများဖြစ်သည့် မှတ်ပုံတင်/ နိုင်ငံသားစိစစ်ရေးကတ်ပြား (သို့မဟုတ်) အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ ၆၆/၆)ဖြင့် စာရင်းသွင်းလျှောက်ထားရမည်ဖြစ်ပြီး အဆိုပါ အသက်အထောက်အထား သက်သေခံ (၂)မျိုးလုံးမရှိပါက ဖြေလျှော့ခြင်း အဆင့်(၄)ဆင့်ပါ ထောက်ခံစာပုံစံဖြင့် စာရင်းပေးသွင်း လျှောက်ထားနိုင်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အသိပေးနှိုးဆော်ထားသည်။

အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအတွက် လူမှုရေး ပင်စင်ထောက်ပံ့ခြင်းအစီအစဉ်နှင့် ပတ်သက်၍ သတင်းအချက်အလက်များ ရယူခြင်း၊ အကြုံပြုခြင်းနှင့် တိုင်ကြားခြင်းများ ဆောင်ရွက်လိုပါက လူမှုဝန်ထမ်းဦးစီးဌာန ဖုန်းနံပါတ် ၀၆၇-၃၄၀၄၅၈၃ ၊ ၀၆၇-၃၄၀၄၀၇၇၊ ၀၆၇-၃၄၀၄၂၂၂ ၊ ၀၆၇-၃၄၀၄၉၉၉ များသို့ ဆက်သွယ်အကြောင်းကြား နိုင်သည်။
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •