နိုင်ငံတော်အရေးပေါ်ရိက္ခာ စားအုန်းဆီများ မန္တလေးတိုင်းဒေသကြီးအတွင်း ဖြန့်ခွဲသိုလှောင်သွားမည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

နိုင်ငံတော်အရေးပေါ်ရိက္ခာ စားအုန်းဆီ တန်ချိန် (၁၄၃၆)ကို မန္တလေးတိုင်းဒေသကြီးအတွင်း ဖြန့်ခွဲသိုလှောင်သွားမည်

နိုင်ငံတော်အစိုးရက ဝယ်ယူသည့် နိုင်ငံတော်အရေးပေါ်ရိက္ခာ စားအုန်းဆီတန်ချိန် ၁၂၀၀၀(တစ်သာင်း နှစ်ထောင်)တန်ထဲမှ တန်ချိန် ၁၄၃၆(တစ်ထောင့်လေးရာသုံးဆယ့်ခြောက်)တန်ကို မန္တလေးတိုင်းဒေသကြီး အတွင်း ဖြန့်ခွဲသိုလှောင်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ သိရ သည်။

 

” ဆီပုံးတွေထားရှိတဲ့အခါ ပျက်စီးဆုံးရှုံးမှုမရှိဖို့ သိုလှောင်ရုံတွေရဲ့ လုံခြုံမှုအခြေအနေတွေ၊ သို လှောင်ရုံတွေရှိနိုင်မယ့် မြို့နယ်တွေကို ရွေးချယ်ထားရှိတာဖြစ်ပါတယ်၊ တစ်နိုင်ငံလုံးအနေနဲ့ COVID-19 ဖြစ်ပွားမှု ပိုများလာမယ်ဆိုရင် စာရေးရိက္ခာတွေအဆင်ပြေဖို့ အတွက် နိုင်ငံတော်အဆင့်ကနေ သက်ဆိုင်ရာဝန်ကြီးဌာနတွေ ဆီကုန်သည်အသင်း ဆီလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး စားအုန်းဆီတန်ချိန် တစ်သောင်းနှစ်ထောင်တန်ကိုဝယ်ယူပြီး သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် တွေကိုခွဲပေးမှာဖြစ်ပါတယ်၊မန္တလေးတိုင်းမှာတန်ချိန်တစ်ထောင့်လေးရာသုံးဆယ့်ခြောက်တန်ကို လက်ခံပြီး အရေးပေါ်ရိက္ခာအနေနဲ့ထားရှိသွားမှာပါ။ ” ဟု မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ဇော်ဦးကပြောသည်။

 

နိုင်ငံတော်အနေဖြင့် ကိုဗစ်ကာလအတွင်း အရေးပေါ်ရိက္ခာအဖြစ် တစ်နိုင်ငံလုံးအတွက် အရေးပေါ် ရိက္ခာဆန်တန်ချိန် ၅၀၀၀၀(ငါးသောင်း)ကို ဝယ်ယူသိုလ်လှောင်ထားကာ စားအုန်း ဆီ (18 Liter, 3 Layer, Food Grade) ပလပ်စတစ်ပုံး ၇၄၄၀၀၀ ပုံး( ၁၂၀၀၀ တန်)အား နိုင်ငံတော် အရေးပေါ်ရိက္ခာအဖြစ် ဝယ်ယူသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါစားအုန်းဆီများကို ရန်ကုန် သီလဝါ ဆိပ်ကမ်းမှသယ်ယူပြီး မန္တလေးတိုင်းဒေသကြီးအတွင်း ဇူလိုင်လ ၂၄ ရက်မှ ၂၈ရက်အတွင်း ခရိုင်မြို့ကြီး (၇)မြို့တွင် ဖြန့်ခွဲသိုလှောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိပ်ထားနိုင်


Spread the love
  •  
  •  
  •  
  •  
  •  
  •