နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကျန်းမာရေးကောင်းမွန်ကြောင်း သမ္မတရုံး​ပြော​ရေးဆိုခွင့်ရှိသူ ဦး​ဇော်​ဌေး ရှင်းလင်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ကျန်းမာရေးကောင်းမွန်ကြောင်း သမ္မတရုံး​ပြော​ရေးဆိုခွင့်ရှိသူ ဦး​ဇော်​ဌေး ရှင်းလင်း

အခုတစ်​လော ဖြစ်​ပေါ်​နေတဲ့ ​ကောလဟာလ သတင်းမှား​တွေနဲ့ပါက်သက်ပြီး စက်တင်ဘာလ ၂၃ရက်​နေ့က

နိုင်ငံ​တော်သမ္မတရုံး​ပြော​ရေးဆိုခွင့်ရှိသူ ဦး​ဇော်​ဌေးက

လူမှုကွန်ရက်စာမျက်နှာ​​ပေါ်တွင်  အတိုင်ပင်ခံရဲ့ ကျန်းမာ​ရေး​ကောင်းမွန်​ကြောင်း နဲ့ သတင်းမှားဖြန့်သူ​တွေကိုအ​ရေးယူမယ်ဆိုတဲ့အ​ကြောင်း ​ပြောကြားခဲ့ပါတယ်။

 

၁။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ကျန်းမာရေး အထူးကောင်းမွန်ပါတယ်။ စိတ်ပူပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျန်းမာရေး အထူး(အထူး)ကောင်းမွန်ကြောင်း သတင်းစကား ပါးလိုပါတယ်။

၃။ ဒါ့အပြင် လူ အစားထိုးတယ် ဆိုတဲ့ သတင်းမှားတွေလည်း ဖြန့်နေကြတာ တွေ့ရှိရပါတယ်။ လုံးဝ မှားယွင်းတဲ့ သတင်းတုတွေပဲ ဖြစ်ပါတယ်။

၃။ နိုင်ငံ့ခေါင်းဆောင်တွေ၊ နိုင်ငံ့အကြီးအကဲတွေနဲ့ ပတ်သက်ပြီး လုပ်ကြံဖန်တီးတဲ့သတင်းမှားတွေ၊ ချဲ့ကားရေးသားတဲ့ သတင်းတုတွေနဲ့ ပတ်သက်ပြီး အထင်အရှား ပေါ်ပေါက်ရင် ပြင်းပြင်းထန်ထန် အရေးယူခံရမှာ ဖြစ်ပါတယ်။

၄။ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ ရောက်နေတာနဲ့အမျှ သတင်းမှားတွေ၊ လုပ်ကြံဖန်တီးတဲ့သတင်းတွေ ပိုပြီး များလာပါတယ်။ ဘယ်သူတွေက သတင်းမှားတွေ လုပ်ကြသလဲ၊ ဒီလူတွေရဲ့ ရည်ရွယ်ချက်က ဘာလဲ သာမန်အားဖြင့် စဉ်းစားကြည့်ရင် ရှင်းရှင်းလင်းလင်း သိနိုင်ပါလိမ့်မယ်။ အဲ့ဒီ သတင်းမှားတွေ ထုတ်လွှင့်တဲ့ Page တွေနဲ့ ပတ်သက်လို့ နည်းပညာဆိုင်ရာ လုပ်ဆောင်ဖွယ်ရာတွေကို လုပ်နေပါတယ်။ ခိုင်လုံတဲ့ အထောက်အထားတွေ ရရှိရင် ဥပဒေနဲ့အညီ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ် လို့

နိုင်ငံ​တော်သမ္မတရုံး​ပြော​ရေးဆိုခွင့်ရှိသူ ဦး​ဇော်​ဌေးက သူရဲ့လူမှုကွန်ရက်စာမျက်နှာ တွင် အခုလို​ဖော်ပြ​ပြောဆိုထားပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •