ပြည်သူများအကြားမှာ Lock Down လုံး၀ပိတ်လှောင်မှု မလုပ်သေးဘူးလား တိုက်တွန်းနေသူများလည်း ရှိကြပါတယ်။ ဒီလိုတိုက်တွန်းချက်တွေကြောင့် ဘယ်တော့ Lock Down လုပ်မလဲဆိုပြီး စိုးရိမ်နေတာတွေလည်း ရှိကြပါတယ်။ ဒါကြောင့် တစ်နိုင်ငံလုံးအကျိုးလိုအပ်လျှင် အချို့သောနေရာတွေမှာ အသွားအလာ ကန့်သတ်ခြင်း အစီအစဉ် Community Quarantine ကဲ့သို့ ကန့်သတ်မှုများကို ဆောင်ရွက်ကောင်း ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရန် ရှိလျှင်လည်း စားနပ်ရိက္ခာ၊ ဆေးဝါး စတာတွေ မပြတ်လပ်စေရေး၊ တည်ငြိမ်အေးချမ်းရေးတို့ကို စနစ်တကျ ဆောင်ရွက်နိုင်ဖို့အတွက် ဒုတိယသမ္မတ(၁) ဦးစီးတဲ့ ကော်မတီကို ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ Community Quarantine ဆောင်ရွက်ရန်ရှိရင်လည်း စောနိုင်သမျှ စောစောကြိုတင်ပြီးတော့ အသိပေးပါမယ်။ ပြည်သူများက နားလည်မှုရှိရှိ ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်။””
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
(၃၁-၃-၂၀၂၀ ပြောကြားချက်)