နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ထံသို့ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ (ငြိမ်း) က ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

Spread the love
  •  
  •  
  •  
  •  
  •  
  •  

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ထံသို့ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ (ငြိမ်း) ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၌ အထွေထွေရွေးကောက်ပွဲ အား အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ အောင်မြင်မှု ရရှိခဲ့ခြင်း တို့အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ထိုင်းအစိုးရနှင့် ပြည်သူများကိုယ်စား ပြောကြားလိုပါကြောင်း၊

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အား သောင်းသောင်းဖြဖြ၊ လှိုက်လှိုက်လှဲလှဲ ထောက်ခံခဲ့ကြခြင်းသည် အဆွေတော် အပေါ်၌ မြန်မာပြည်သူများ ၏ အခိုင်အမာ ယုံကြည်မှုကို ရှင်းလင်းစွာ ထင်ဟပ် ပြသနေခြင်း ဖြစ်သကဲ့သို့ လွန်ခဲ့သည့် (၅) နှစ်တာ ကာလအတွင်း အဆွေတော်၏ ဦးဆောင်မှုအပေါ် အခိုင်အမာ ထောက်ခံလိုက်ခြင်းပင် ဖြစ်ပါကြောင်း။

ယခု အချိန်အခါသမယတွင် Natural Strategic Partner ဖြစ်သည့် မိမိတို့နှစ်နိုင်ငံ၏ ဆက်ဆံရေးကို ပိုမို ခိုင်မာလာစေရန်နှင့် နှစ်နိုင်ငံ အကျိုးစီးပွားအတွက် ကဏ္ဍစုံတွင် ပူးပေါင် းဆောင်ရွက်မှုများကို တိုးမြင့် လာစေရန် အဆွေတော်နှင့် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားမည်ကို မိမိအနေဖြင့် ထပ်လောင်းကတိပြု ပြောကြားလိုပါကြောင်း၊

ထို့အပြင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့တွင် အဆွေတော်နှင့် တယ်လီဖုန်းမှ တစ်ဆင့် ဆွေးနွေးခဲ့စဉ်က ပြောကြားခဲ့သည့်အတိုင်း COVID-19 ကပ်ရောဂါ ဘေးကြောင့် ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ကျော်လွှား နိုင်ရန် အတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်း ဆောင်ရွက်မှုများကို အကူအညီပေးရန် ထိုင်းနိုင်ငံအနေဖြင့် အဆင်သင့်ရှိနေပါ ကြောင်း။

မိမိအနေဖြင့် COVID-19 ကပ်ရောဂါဘေး လျော့ကျလာသည့် အချိန်တွင် တွေ့ဆုံခွင့်ရရန်နှင့် ကိုယ်တိုင် ဂုဏ်ပြုစကား ပြောကြားရန် စိတ်အားထက်သန်စွာဖြင့် မျှော်လင့်လျက် ရှိပါကြောင်း။

#Peacock
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •