နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံ၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ (ငြိမ်း)တို့ တယ်လီကွန်ဖရင့်ဖြင့် ဆွေးနွေး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံ၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ (ငြိမ်း)တို့ တယ်လီကွန်ဖရင့်ဖြင့် ဆွေးနွေး

နေပြည်တော် နိုဝင်ဘာ ၅

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ထိုင်းနိုင်ငံ၊ ဝန်ကြီး ချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ (ငြိမ်း)နှင့် ယနေ့ မွန်းလွဲ ၁ နာရီတွင် တယ်လီ ကွန်ဖရင့်ဖြင့် ဆွေးနွေးသည်။

ထိုသို့ဆွေးနွေးရာတွင် နှစ်ဖက်ခေါင်းဆောင်များက နှစ်နိုင်ငံအကြား ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်သွားရေး၊ ထိုင်းနိုင်ငံ ရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား အများစုနေထိုင်သည့် ပြည်နယ်တစ်ခုတွင် တရားဝင် ကောင်စစ်ဝန်ရုံးဖွင့်လှစ်ပေး၍ ကူညီဆောင်ရွက်ပေးရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလ အတွင်း ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ အခက်အခဲများအား ကူညီပံ့ပိုး ဖြေရှင်းပေးရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးတွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်မှု ပိုမိုမြှင့်တင်ရေး၊ ပြည်သူများအကြား ထိတွေ့ဆက်ဆံမှု ပိုမိုမြှင့်တင်ရေးအတွက် နှစ်နိုင်ငံ နယ်စပ်ဂိတ်များ တိုးချဲ့ဖွင့်လှစ်ရေးနှင့် နယ်စပ်ဒေသတစ်လျှောက် လူကုန်ကူးမှုတိုက်ဖျက်ရေး ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •