နိုင်ငံရေးရမ်းကားမှုများနှင့် မြန်မာပြည်၏ ကံကြမ္မာ 

Spread the love
  •  
  •  
  •  
  •  
  •  
  •  

နိုင်ငံရေးရမ်းကားမှုများနှင့် မြန်မာပြည်၏
ကံကြမ္မာ

 

ဤဆောင်းပါးသည် မည်သူ၊မည်သည့်အဖွဲ့အစည်းကိုမှ ထိပါးရေးသားမှုသမဟုတ်ပါ၊
စာဖတ်သူများ သိသင့်သည့်အခြေအနေများကို သိသာစေချင်ပါ၍ အတိုချုံ့ ရေးသားတင် ပြမှုဖြစ်ပါတယ်ဟုဆိုပါရစေ၊

မြန်မာပြည်လွတ်လပ်ရေးရေပြီးချိန်
ဖဆပလ ခေတ်တွင် ဦးနု၏ နိုင်ငံရေးရမ်းလာမှုကြောင့် ဖဆပလ အကွဲအပြဲက ပိုမိုမြန်ဆန်စွာဖြစ်သွား ပြီး၊
ဦးနုဦးဆောင်သော သန့်ရှင်းနှင့် ဦးကျော်ငြိမ်းဦးဆောင်သော တည်မြဲဖဆပလ ဖြစ်လာခဲ့ကာ မြန်မာပြည်သည်လည်း ထိုနိုင်ငံရေးအကွဲအပြဲကြားထဲမှာ လုံးလည် ခြာလည်လိုက်ခဲ့ပြီး၊ယနေ့ခေတ်ကာလတိုင်အောင်ရိုက်ခတ်ခဲ့ပါတယ်၊
ဤကဲ့သို့နိုင်ငံရေးရမ်းမှုကို အခွင့်အရေးယူ၍
ဦးနေဝင်းဦးဆောင်သော မြန်မာ့တပ်မတော်က မြန်မာ့နိုင်ငံရေးထဲသို့ဝင်လာခဲ့ကာ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ချုပ်ကိုင်ချယ်လှယ်ခွင့်စတင်ရသွားခဲ့ပါတယ်၊
တစ်ခါ ဦးနေဝင်း၏ နိုင်ငံရေးရမ်းကားမူကြောင့်မြန်မာနိုင်ငံသည် စီးပွားရေးပျက်လာပြီး၊ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဘဝကိုရောက်ရှိလာ၍ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ပြည်သူလူထုမှ ယုံကြည်မူပျက်ပြားလာပြီး၊မဆလပါတီ လည်းပျက်သုန်းခဲ့ရပါတယ်၊

(၈၈၈၈) လူထုတော်လှန်ရေးမှ တစ်ပါတီအာဏာရှင်စနစ်ကိုအပြီးတိုင်တိုက်ထုတ်နိုခဲ့သည်ကို အားလုံးသိနေကြပါလိမ့်မယ်၊
သို့သော် ဦးနေဝင်းမှ စခဲ့သော နိုင်ငံရေးထဲသို့
မြန်မာ့တပ်မတော်က ဝင်ရောက်ကိန်းအောင်းမူသည် ယနေ့တပ်မတော်မှ တစ်ဘက်သတ်ပြောဆိုနေသည့် နိုင်ငံတော်၏အမျိုးသားနိုင်ငံရေးဦးဆောင်မူအခန်းကဏ္ဍတွင်တပ်မတော်ကပါဝင်ထမ်းဆောင်နိုင်ရေးတို့ကိုအစဉ်တစိုက်ဦးတည်သည်၊
ဟူ၍ ၎င်းတို့ကတဘက်သတ်ရေးဆွဲပြဌာန်းထားသော ဖွဲစည်းပုံထဲအထိပါလာပြီး၊
မည်မည်ရရ မဟုတ်ပါဘဲ ထိုစကားလုံးကိုသုံးနူန်း၍ နိုင်ငံတော်၏ အချုပ်အခြာအာဏာသုံးရပ်ကို လောဘတကြီး ဝင်ရောက်စွက်ဖက် ဗိုလ်ကျမှုသည် ယနေ့ဖြစ်ပေါ်နေရသော
မြန်မာနိုင်ငံ၏ ဖြစ်စဉ် အခြေအနေများပင်ဖြစ်ပါတယ်၊
မြန်မာနိုင်ငံသည် နိုင်ငံရေးတွင်စစ်တပ်မှ ဝင်ရောက်စိုးမိုးချယ်လှယ်မူကြောင့်သာလျှင် လွတ်လပ်းရေးရပြီးစ အတန်အသင့်ချမ်းသာဖွံ့ဖြိုးတိုးတက်သော နိုင်ငံဘဝမှ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများစာရင်း၌ပါရှိလာရပြီး၊ နိုင်ငံရေးအရတည်ငြိမ်မူမရှိခြင်း၊
တရားဥပဒေစိုးမိုးမူမရှိခြင်း၊
ပြည်သူပြည်သားများသည်လည်း လူမူဘဝများဆင်းရဲဒုက္ခရောက်ကြရပါတယ်၊
သို့ပေမယ်လို့ စစ်ဗိုလ်ချုပ်အုပ်စုများကတော့ ဆွေစဉ်မျိုးဆက်တိုင်အောင်ချမ်းသာပြီးရင်း ချမ်းသာလာကြပါတယ်၊
ပြည်သူများမှာတော့မည်သူ မည်သည့်နိုင်ငံကများ ကူညီကြမှာလဲ ဆိုပြီးမျှော်နေကြရသောဘဝအခြေအနေများဖြစ်ပါတယ်၊
အခုမှ ပြည်သူပြည်သားများ၏ ဒီမိုကရေစီနည်းအရရွေးချယ်တင်မြှောက်သည့် ဥပဒေပြုလွှတ်တော်ကိုယ်စားလှယ်များပါဝင်သော လွတ်တော်များနှင့်ရွေးချယ်ခံအစိုးရ၏
လုပ်ဆောင်နိုင်မူ လမ်းကြောင်းက အစပြုကာစအခြေအနေမှာ တစ်ကိုယ်ကောင်းသမား စစ်ခေါင်းဆောင်များ၏ အာဏာရမက်ကြီးမူ၊ နိုင်ငံတော်ကိုလုပ်ကြံမူများကြောင့်
မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသား တိုင်းရင်းသားပြည်သူများသည် နိုင်ငံရေးနှင့်လူမှု စီးပွားဘဝများပျက်စီး ဆုံးရူံးနေကြရပါပြီ၊
သို့ကြောင့် မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံးလိုအပ်မူသည် မြန်မာ့နိုင်ငံရေးနှင့်နိုင်ငံတော်၏ အုပ်ချုပ်မူအာဏာတွင် စစ်တပ်မှဝင်ရောက်စိုးမိုး ချယ်လှယ်ခွင့်မရှိစေရန်သည် ပထမဆုံးလိုအပ်ချက်ပင်ဖြစ်ပါတယ်၊
ဖဆပလ ခေတ် နိုင်ငံရေးတာဝန်ရှိသူများ၏
နိုင်ငံရေးရမ်းခဲ့မူများကြောင့် စည်းလုံးမူများဆုံးရူံးခဲ့ရပြီး၊
မြန်မ့ာတပ်မတော်ဟာ မြန်မာ့နိုင်ငံရေးမှာ
နိုင်ငံရေးရမ်းကားနိုင်မူအခွင့်တွေရသွားတာ၊
ရနေတာကို မြန်မာပြည်သူများက ထင်းထင်းလင်းလင်းမြင်နိုင်ကြစေလိုပါတယ်၊
မည်သည့်နိုင်ငံမှာမဆို နိုင်ငံနဲ့ နိုင်ငံသားပြည်သူကို ကာကွယ်ရမည့် နိုင်ငံပိုင်တပ်မတော်က နိုင်ငံရဲ့ နိုင်ငံရေးအာဏာတွေမှာ ဝင်ရောက်စွက်ဖက် ရမ်းကားလာရင် နိုင်ငံရေးတည်ငြိမ်မူတွေ၊တရားဥပဒေစိုးမိုးမူတွေဟာ ပျက်စီးယိုယွင်းလာစေပါတယ်၊
ထို့အပြင် နိုင်ငံ့စီးပွားနဲ့ ပြည်သူ ပြည်သားများစွာရဲ့ နေထိုင်မူ လူမူစီးပွား ဘဝများကို ထိခိုက်ပျက်စီး ဆုံးရူံးလာရတာက ဓမ္မတာဖြစ်ပါတယ်၊
နိုင်ငံရဲ့ဥပဒေအရ တရားဝင်လက်နက်ကိုင်ဆောင်၊စုဖွဲမူ၊ဖွဲ့စည်းမူရရှိထားတဲ့ စစ်တပ်ဆိုတာ နိုင်ငံတော်အာဏာကို ရယူပြီးရင်တော့
သူတို့အာဏာတည်မြဲရေးအတွက် တိုင်းပြည်နဲ့ ပြည်သူအပေါ်မှာ နိုင်ငံရေးရမ်းကားမူ၊ရက်စက်ကြမ်းကြုတ်မှုတွေ၊
လက်နက်မဲ့ ပြည်သူများကို ကလေး၊လူကြီး၊
ယောကျာင်္းမိန်းမ၊ကိုယ်ဝန်ဆောင်၊မသန်စွမ်းသူ၊မိမိအိမ်ထဲမှာနေခြင်းကိုပါမရှောင် တရားလက်လွတ်သတ်ဖြတ်နေကြမှာဖြစ်ပါတယ်၊
မြန်မာစစ်တပ်မှ နိုင်ငံတော်အာဏာကို လက်နက်ပြ လုယူထားတဲ့အချိန်မှ ယခု(၆၁) ရက် မြောက်မှာဘဲ၊
လက်နက်မဲ့ပြည်သူ(၅၄၀) ကျော်ကို စစ်မြေပြင်အလား လက်နက်ကြီး၊လက်နက်ငယ်များဖြင့် တရားလက်လွှတ်ပစ်သတ်ခဲ့ပြီးဖြစ်ပါတယ်၊ ကလေးက(၄၃) ဦးရှိပါတယ်၊
မတရား ဖမ်းဆီးခံထားခြင်းခံရသူ(၂၇၄၁) ဦးရှိကာ၊ ဖမ်းဝရမ်းထုတ်ခံထားသူ(၁၂၆) ဦးရှိပါတယ်ဟု သတင်းအရင်းအမြစ်များကဆိုပါတယ်၊
နောက်ထပ်ဘယ်နှစ်ယောက်များ ကြမ်းကြုတ်ရက်စက်မူနဲ့ပစ်သတ်ခံကြရအှဲုံးမှာလဲဆိုတာကိုလည်း မြန်မာပြည်သူများက စိုးရိမ်ထိတ်လန့် စိုးတထိတ်ထိတ်ဖြစ်နေကြရပါတယ်၊
စာရင်းပျောက်လူငယ် လူရွယ်လေးများကလည်းမနည်းလှပါဘူး၊
သူတို့လေးတွေ ဘယ်၍ဘယ်ပုံများပေါ်လာကြမှာလဲဆိုတာကို မိဘများကပူပန်သောကရှိနေကြရပါတယ်၊
ယနေ့ကာလမှာ မြန်မာပြည်သူများကလည်း ကိ်ုယ်လုပ်နိုင်တာကို ကိုယ်လုပ်ဆောင်နေကြတာကိုလည်းတွေ့မြင် ကြားသိနေကြရပါတယ်၊
အင်အားဖြည့်ခြင်း၊ ကူညီခြင်း၊သတင်းအချက်အလက်များဖြန့်ဝေခြင်း၊စာရေးခြင်း၊စသည်ဖြင့် သူ့နေရာနဲ့သူ ကျရာဝန်ကို မငြီးမငြူလုပ်ဆောင်နေကြပါတယ်၊

ပြည်သူပြည်သားများမှ ဒီမိုကရေစီနည်းကျ
မဲပေးရွးချယ်ထားသော Mandate အပြည့်အဝ ရရှိထားသော ပြည်ထောင်စုလွတ်တော်ကိုယ်စားပြုကော်မတီ ” CRPH ” ကလည်း
တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့များ၊
တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်ပါဝင်သင့်သောလူပ္ဂိုလ်၊အစုအဖွဲ့များနဲ့ ဆွေးနွေးညှိနိူင်း၍ (၃၁.၃.၂၀၂၁) ရက်နေ့မှာဘဲ ၊
ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ဖျက်သိမ်းလိုက်ကြောင်းထုတ်ပြန်ကြေညာလိုက်ပြီး၊
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကိုပါ ထုတ်ပြန်လိုက်ပါတယ်၊
ကြေညာချက်ထုတ်ပြန်ပြီး မရှေးမနှောင်းအချိန် ကုလသမဂ္ဂလုံခြုံရေးကောင်စီတံခါးပိတ်အစည်းအဝေး၌
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊တည်ငြိမ်ရေးနဲ့
” ဖွဲ့စည်းပုံဥပဒေအာဏာတည်ရေး”
အမြန်ဆုံးပြန်လည်ရရှိဖို့နဲ့ဒီမိုကရေစီ၀0ကူးပြောင်းရေးတဖြေးဖြေးရှေ့ဆက်ရောက်ဖို့ တရုတ်နိုင်ငံက မျှော်လင့်တယ်လို့တရုတ်ကိုယ်စားလှယ်ကပြောခဲ့တာကိုတွေ့ရပါတယ်၊
တရုတ်က ဘာရည်ရွယ်ချက်နဲ့ပြောတာလဲ
ဆိုသည်ကို မြန်မာနိုင်ငံမှ တာဝန်ရှိသူလူပုဂ္ဂိုလ်၊အဖွဲ့အစည်းများနဲ့အတူ မြန်မာပြည်သူများကသတိ ထားလေ့လာ သုံးသပ်ကြရပါမယ်၊
UN၊နဲ့နိုင်ငံတကာသည် တရားဝင်မူ(Legitimacy )၊ကိုအလေးထားသလို နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအပေါ်ကိုလည်းဂရုပြုမူရှိပါတယ်၊
မည်သည့် ဥပဒေရူထာင့်ကကြည့်ကြည့်
” CRPH ” နှင့် ရွေးချယ်ခံအစိုးရသည် ဖျက်သိမ်းပြီးခဲ့သော ဖွဲ့စည်းပုံထုံးအရ
တရားဝင်(Legitmacy) ဖြစ်ပြီးသားဖြစ်ပြီး၊
စစ်ကောင်စီအဖွဲ့သည် နိုင်ငံတော်အာဏာအားဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်လုယူ ရယူခဲ့သည်မှာ အထင်အရှားပင်ဖြစ်ပါတယ်၊
မြန်မာနိုင်ငံအစိုးရအဖြစ် တရားမဝင်ပါ၊
” illegal government ” သာလျှင်ဖြစ်ပါတယ်၊

ယခုအခါတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်(၁၅) နိုင်ငံအားလုံးမှသဘောတူဆုံးဖြတ်ကြေညာချက်ထုတ်ပြန်လိုက်ပါပြီ၊
လုံခြုံရေးကောင်စီအနေနဲ့နောက်ထပ်အဆင့်များစွာတိုးမြှင့်အရေးယူသွားမယ်ဆိုတဲ့စကားရပ်ကို တရုတ်ကပြင်ဆင်ပေးဖို့တောင်းဆိုခဲ့လို့ လုံခြုံရေးအဖွဲ့တွေရဲ့လုပ်ဆောင်မူကို အနီးကပ်စောင့်ကြည့်မှတ်တမ်းတင်သွားမယ် လို့ပြင်ဆင်ပေးခဲ့ရပါတယ်၊
(၁) ထိရောက်ထူးခြားသည့်ဆောင်ရွက်ချက်များအမြန်ဆုံးလုပ်ဆောင်ရန်၊
(၂) နိုင်ငံစုံ စုပေါင်းအားနဲ့ ဖြစ်နိုင်သမျှနည်းလမ်းများဖြင့်ဆောင်ရွက်ရန်၊
(၃) မြန်မာပြည်အဖက်ဖက်က ယို့ယွင်းနေမူကို ဝိုင်းဝန်းကာကွယ်ရန်၊
တို့ဖြစ်ပါတယ်၊
ကုလသမဂ္ဂအထူးကိုယ်စားလှယ်
” ခရစ်စထန်းဘာဂ်နာ” နဲ့အဖွဲ့ကတော့လာမဲ့
တနလာင်္နေ့(၅.၄.၂၀၂၁) ကစလို့ အာဆီယံ
နိုင်ငံများကို ခရီးစပါတော့မယ်၊

အမေရိကန်ပြည်ထောင်စုဖွဲ့စည်းပုံအစိတ်အပိုင်းလေးတစ်ခုရေးသားတင်ပြရင်းဆောင်းပါူကိုအဆုံးသတ်ပါရစေ၊
လွန်ခဲ့သောနှစ်ပေါင်း(၂၃၀) ခန့်က အမေရိကန်ဟာ အင်္ဂလန်၏ ကိုလိုနီဘဝကလွတ်မြောက်လာပြီး၊
အရှေ့တစ်လွှားအခြေချသည့်(၁၃) ပြည်နယ်များပေါင်း၍ တော်လှန်ကာ ပြည်ထောင်စုအစိုးရဖွဲ့စည်းခဲ့ပါတယ်၊
အစ ကနဦးတွင်ပြည်နယ်တစ်ခုချင်း လွတ်လပ်စွာအုပ်ချုပ်ခဲ့ရာမှာ “မိတ်ဆွေပြည်ထောင်စု”
များက စည်းလုံးမူပျက်ပြားလာကာ ပြိုကွဲမည့်
အန္တရာယ်များကြုံတွေ့ခဲ့ကြပါတယ်၊
စစ်ရေး၊နိုင်ငံခြားရေး၊ ဘဏ္ဍာငွေကြေး စသည့်ကိစ္စများတွင် တစ်သွေး၊တစ်သံ၊တစ်မိန့်၊
ရှိမှသာ ပြည်ပအန္တရာယ်များနှင့် ကမ္ဘာတွင် တစ်ထီးတစ်နန်းရပ်တည်နိုင်မည်ဟုသဘောပေါက်လာကြကာ၊
ထိုအာဏာများကို ဗဟိုအစိုးရ(Federal Government ) တွင်အပ်နှင်းထားကြပါတယ်၊
တစ်နိုင်ငံလုံးနှင့်ဆိုင်သော ကိစ္စရပ်များကို
တစ်ခုတည်းသော ဥပဒေဖြင့်ဖွဲ့စည်းအုပ်ချုပ်နိုင်ရန်၊ အောက်လွှတ်တော်(Congress ) နှင့်
အထက်လွတ်တော် (Senate) တို့ကိုဖွဲ့စည်းပြီး၊
ဥပဒေပြုရေးနှင့် ဗဟိုအစိုးရ (Federal Government ) မှ ဥပဒေနှင့်အညီအုပ်ချုပ်မူ
ရှိ/ မရှိ၊ ကြီးကြပ်နိုင်ရန်၊
ဗဟိုအစိုးရ(Federal Government ) ၏ ဘဏ္ဍာရေးသုံးစွဲမူကိုစီစစ် ဖြတ်တောက်နိုင်သည့်အာဏာကို အပ်နှင်းထားပါတယ်၊
National Guard ခေါ် ပြည်နယ်များ၏ ကာကွယ်ရေးတပ်တို့ကိုဖွဲ့စည်းလျက် ဗဟိုအစိုးရ (Federal Government ) ကလေ့ကျင့်မူကုန်ကျစရိတ်များကို (Congress ) ကဆုံးဖြတ်ကျခံရမည်၊
အဆိုပါ ကာကွယ်ရေးတပ် (National Guard )များကို လိုအပ်လျှင်အမေရိကန်တပ်ဖွဲ့
(US Army ) အဖြစ်စစ်ပွဲများသို့စေလွှတ်နိုင်သည်၊ အရံတပ်ရင်းများဖွဲ့စည်းတည်ထောင်လျှက်အသင့်ဖြစ်စေနေရမည်၊ဟု ပြဌာန်ူထားပါတယ်၊
ဆိုလိုချင်တာက (US Arny) နဲ့ ပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့(National Guard )များက ပြည်နယ်အစိုးရများအောက်တွင်မထားရှိပါဘဲ၊
ဗဟိုအစိုးရ (Federal Govenment ) အောက်တွင် လွှတ်တော်၏စီစဉ် ဆုံးဖြတ်မူဖြင့်သာရှိရပါတယ်၊
ပြည်နယ်အချင်းချင်း စစ်မက်ဖြစ်ပွားနိုင်မူများနှင့် ပြည်ထောင်စုကြီးပြိုကွဲနိုင်မူကို လည်းကာကွယ်ထားသည့်သဘောသက်ရောက်ပါတယ်၊
ပြည်နယ်ရဲတပ်ဖွဲ့များသည်သာ သက်ဆိုင်ရာ ပြည်နယ်အစိုးရ၏ ဥပဒေအောက်၊အုပ်ချုပ်စီမံမူအောက်တွင်ရှိကြရမှာဖြစ်ပါတယ်၊
သို့ပါသော အကြောင်းအချက်များကို လေ့လာ သိရှိကြပါရင်း မိမိတို့ ပြည်ထောင်စုကြီးအားစည်းလုံးညီညွတ် မျှတသော၊
မပြုမကွဲသောပြည်ထောင်စုကြီးအဖြစ်၊
တန်းတူ ရည်တူမူများဖြင့်ထူထောင်နိုင်ပါစေကြောင်းနှင့်
စစ်အာဏာရှင်စနစ်အား မြန်မာပြည်၌ အမြစ်ပါမကျန်စေရန်အတွက် တိုက်ထုတ်
တွန်းလှန်နိုင်ပါစေကြောင်း၊
ပြည်ထောင်စုအကျိုးမျှော် ရေးသားလိုက်ပါတယ်၊

ဒီမိုကရေစီစနစ် ရှင်သန် ခိုင်မြဲရမည်၊
ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားသော ရွေးချယ်ခံအစိုးရ ဖြစ်တည်စေရမည်၊
မြန်မာနိုင်ငံတွင် ယနေ့ခေတ်ကာလမှအစပြုလျက် နောင်ခေတ်အဆက်ဆက်မှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပျောက်ကွယ် စေရမည်၊

အရေးတော်ပုံ အောင်ရမည်၊

ယုံကြည်စွာဖြင့် . ကိုသိန်းဌေး ပဲခူး၊
……….(၂.၄.၂၀၂၁)……….


Spread the love
  •  
  •  
  •  
  •  
  •  
  •