နိုင်ငံရေးသမား နှင့် နိုင်ငံရေးကျင့်ဝတ် ( မိမိတိုင်းပြည်ကို အရှက်ခွဲရုံသက်သက်နဲ့ နိုင်ငံရေးပါတီ မထောင်ပါနဲ့)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

နိုင်ငံရေးသမား နှင့် နိုင်ငံရေးကျင့်ဝတ်…..

 

မိမိတိုင်းပြည်ကို အရှက်ခွဲရုံသက်သက်နဲ့ နိုင်ငံရေးပါတီ မထောင်ပါနဲ့၊

နိုင်ငံရေးပါတီခေါင်းဆာင်များမလုပ်ကြပါနဲ့၊

နိုင်ငံရေးသမား မလုပ်ပါနဲ့၊

နိုင်ငံရေးလုပ်တယ်ဆိုတာ မိမိတိုင်းပြည်ကို မိမိတတ်သိသ၍ အလုပ်အကြွေးပြုလိုမူပါ၊

တိုင်းပြည်ရဲ့အခြေအနေ့အခင်းအကျင်းတွေကို
သိအောင်ကြိုးစားရပါမယ်၊

ဘာကြောင့် ဘယ်လိုအခင်းအကျင်းတွေ
ဖြစ်ပေါ်လာတယ်၊
အဲဒီအခင်းအကျင်းက တိုင်းပြည်နဲ့ တိုင်းသူ ပြည်သားများကို အကျိုးယုတ် စေလား ?
အလွန်ကိုပဲ မကောင်းတဲ့ဆိုးကျိုးတွေများ
နေပြီလား ?
တွက်ဆ ကြည့်ဖို့လိုအပ်ပါတယ်၊

ဘေးထွက်ဆိုးကျိုးတွေ နည်းပါးလာအောင် ဘယ်လိုလုပ်ရင်ဖြင့် ပိုမို အကျိုးရှိလာစေမယ်၊ ဆိုတာကိုလည်း အမြဲ စဉ်ဆက်မပြတ် တွေးတော ကြံဆ နေဖို့လိုပါတယ်၊

မိမိတိုင်းပြည်အတွက် အရေးအကြီးဆုံးက
မိမိတိုင်းပြည်နဲ့ မိမိတို့နိုင်ငံသားများ၏ ဂုဏ်သိက္ခာမကျစေဖို့နှင့် အရှက်မရစေဖို့
ဆိုသည့် စောင့်ထိန်းမူသည်
နိုင်ငံရေးသမားတိုင်းက မိမိအသက်ထက်
ပိုပြီး အလေးထားနိုင်ကြရပါမယ်၊

နိုင်ငံရေးပါတီတစ်ရပ်နဲ့ ပါတီခေါင်းဆောင် နေရာယူထားကြသူအားလုံးက…
စရိုက်လက္ခာဏာကောင်းမွန်သည့်နိုင်ငံရေး အကျင့်၊
နိုင်ငံရေး ကိုယ်ကျင့်တရား၊
နိုင်ငံရေးကျင့်ဝတ်၊
များကို စောင့်ထိန်းကြရပါမယ်။

နိုင်ငံရေးပါတီတစ်ရပ်နဲ့ ပါတီခေါင်းဆောင်နေရာဆိုတာ ငွေသုံးသိန်း နိုင်ငံတော်ကိုဆောင်ကာ ပါတီထောင်ယုံ နဲ့့ မလုံလောက်ပါဘူး၊
ပြည်သူ လူထု ကလိုလို လာလား ထောက်ခံ အားပေးကြဖို့ လည်းလိုအပ်ပါတယ်။

နိုင်ငံရေးပါတီတစ်ခုသည် တိုင်းသူ ပြည်သားများကိုလည်း စိတ်ချမ်းသာမူများပေးနိုင်စေဖို့လိုပါတယ်၊
တိုင်းသူ ပြည်သားများရဲ့ စိတ်ပိုင်းဆိုင်ရာတွေ ဆင်းရဲလာပြီဆိုပါက မိမိတို့ လုပ်ဆောင်နေတာတွေက မကောင်းဘူးဆိုတာကို သိနေကြရပါမယ်။

ထပ်ပြီးပြောပါရစေ၊
တိုင်းပြည်နဲ့ တိုင်းသူပြည်သားများကို
စိတ်ဆင်းရဲစေပြီး အရှက်ရ စေအောင်လုပ်ဆောင်ကြမူသည် နိုင်ငံရေးပါတီတစ်ရပ်၊
နိုင်ငံရေးပါတီတစ်ခု၏ ဦးဆောင်မူ၊
ကျင့်ဝတ်များနဲ့ လျော်ညီမူမရှိပါ၊

သို့ကြောင့် မိမိကြောင့် မိမိတိုင်းပြည်နဲ့
မိမိ နိုင်ငံသား များ အရှက်မရကြပါစေနဲ့။

ကျင့်ဝတ်ကို စောင့်ထိန်းပါ၊
လူကြီး လူကောင်းဆန်ပါ၊
ကလေ ကချေ အလုပ်များကို
မလုပ်မိကြပါစေနဲ့…
ဟုတိုက်တွန်းလိုက်ရပါတယ်။

အလေးထားစွာဖြင့်. ကိုသိန်းဌေး ၈၈ ပဲခူး၊
………. (3.8.2020)……….


Spread the love
  •  
  •  
  •  
  •  
  •  
  •