နိုဝင်ဘာလ(၈)ရက်နေ့ အထွေထွေရွေးကောက်ပွဲနှင့် မိမိတို့နိုင်ငံ၏ အနာဂတ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

နိုဝင်ဘာလ(၈) နေ့အထွေထွေရွေးကောက်ပွဲနှင့် မိမိတို့နိုင်ငံ၏ ရှေ့အနာဂတ် –

ရွေးကောက်ပွဲနှင့် တိုင်းပြည်၏ ပစ္စုပန်နှင့် အနာဂတ်တို့သည် အမြဲတစ်စေ ချိတ်ဆက်မူရှိနေကြစမြဲဆိုသည်ကို ကမ္ဘာ့နိုင်ငံများစွာက လက်ခံ သတ်မှတ်ထားကြပါတယ်၊
ရွေးကောက်ပွဲကျင်းပမည့် သတ်မှတ်ရက် နီးလာလေလေ ဝင်အရွေးခံကြမည့် နိုင်ငံရေးပါတီများနှင့် လွတ်တော်ကိုယ်စားလှယ်လုံးအသီးသီး၏ ပြိုင်ဆိုင်မူများကလည်း ပြင်းထန်လာလေလေပါ၊
သို့ကြောင့် ရွေးကောက်ပွဲနဲ့သက်ဆိုင်သော ဥပဒေများ၊နည်းဥပဒေများကို ပြဌာန်းထားကြရခြင်းလည်းဖြစ်ပါတယ်၊
(၂၀၂၀) ကာလမှာ အထွေထွေရွေးကောက်ပွဲကျင်းပသည့် အချိန်ကာလနှင့် ကမ္ဘာကြီးမှာ တစ်မူထူးပြီး၊အသက်၊အိုးအိမ်၊စည်းစိမ်၊နိုင်ငံတစ်ခု၏ လူမူ၊စီးပွားဥပဒေများအပါအဝင် အုပ်ချုပ်စီမံနိုင်သည့် အစိုးရများစွာအတွက်အဟန့်အတား များသဖွယ်လည်းဖြစ်သွားစေကာ အလွန်ပင် လူမူ၊စီးပွားရေးအဆင်ပြေချမ်းသာကြသော နိုင်ငံများမှသည် အလယ်အလတ်အဆင့်နိုင်ငံများအပါအဝင် ဖွံ့ဖြိုးဆဲ ဆင်းရဲသောနိုင်ငံများပါမကျန် အားလုံးခံစားနေကြရတာကိုတွေ့ရပါတယ်။
ဒါပေမယ်လို့ နိုင်ငံတိုင်းအတွက် အရေးပါသည့်အထွေထွေရွေးကောက်ပွဲများနှင့်တိုက်ဆိုင်မူများကိုလည်းကြုံကြရတာကိုလည်းတွေ့ကြရပါတယ်၊

တောင်ကိုရီးယားနိုင်ငံ၊နယူးဇီလန်နိုင်ငံ၊ အမေရိကန်နိုင်စသဖြစ်ပါ၊
လတ်တလောမိမိတို့ မြန်မာနိုင်ငံနှင့် ရွေးကောက်ပွဲအနီးဆုံးနိုင်ငံကို ပြရလျှင် –
(17.10.2020) နေ့ရက်မှာရွေးကောက်ပွဲကျင်းပပြီးပြီဖြစ်တဲ့ နယူးဇီလန်နိုင်ငံနှင့် နိုဝင်ဘာလ(၃) ရက်နေ့မှာကျင်းပမည့် အမေရိကန်ပြည်ထောင်စုဖြစ်ပါတယ်၊

နယူးဇီလန်နိုင်ငံကတော့ ပုံမှန်သတ်မှတ်ထားတဲ့ကျင်းပမည့် နေ့ရက်ထက် တစ်လသာသာလောက်ရွှေ့ဆိုင်းကျင်းပခဲ့တာကိုတွေ့ရပါတယ်၊
ဒါပေမယ်လို့ နယူးဇီလန်နိုင်ငံမှာ ထိုကဲ့သို့ မရွှေ့ဆိုင်းခင်ကာလအခြေအနေနဲ့ ရွှေ့ဆိုင်းကျင်းပလိုက်တဲ့နေ့ရက်က Covid အခြေအနေက ပိုပြီးကောင်းလာတဲ့ အခြေအနေမဖြစ်ခဲ့ပါဘူး၊
သိတ်ပြီးမထူးခြားလှပါ၊
ဘာကြောင့်လည်းဆိုတော့ Covid ကပ်ရောဂါကြီးကို နိုင်ငံအားလုံးကအစိုးမရသေးပါ၊
ဆိုတာကိုစာဖတ်သူများကို တွေးဆ စေလိုမူပါ၊
ယခုလို Covid ကပ်ရောဂါဆိုးကြီးဖြစ်နေတဲ့ကာလမှာ နဂိုသတ်မှတ်ရင်းစွဲ ရွေးကောက်ပွဲရှိနေကြသည့် နိုင်ငံတိုင်းကတော့ ခက်ခက်ခဲခဲတော့ ရင်ဆိုင် ကျော်ဖြတ်ကြရမှာဖြစ်ပါတယ်၊
နယူးဇီလန်လိုလူဦးရေနည်းသောနိုင်ငံမှာလည်း လက်ရှိအာဏာရပါတီအစိုးရနှင့် အတိုက်အခံနိုင်ငံရေးပါတီများ၏ အတိုက်အခိုက် ပြသနာက ရှိနေတာပါဘဲ၊
နယူးဇီလန်နိုင်ငံ၏ နိုင်ငံရေးပါတီတစ်ခုဖြစ်သည့် (Advance New Zealant) တိုးတက်သောနယူးဇီလန်ပါတီ၏ ဝက်ဘ်ဆိုက်အား ဖေ့စ်ဘွတ်ကို Covid နဲ့ပတ်သက်တဲ့သတင်းအမှားများကို ဖြန့်ဝေခဲ့ခြင်းကြောင့်၊
၎င်းပါတီ၏ Facebbook Page ကို ရွေးကောက်ပွဲမကျင်းပမှီ နှစ်ရက်အလို
အောက်တိုဘာ(၁၅) ရက်နေ့တွင်ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ ဖေ့စ်ဘွတ်ကနေ သတင်းအမှားတွေဖြန့်လို့ဆိုပြီးပိတ်ခဲ့ပါတယ်၊
တရားဝင်မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီတစ်ခုကို Facebook ကဤကဲ့သို့အရေးယူလိုက်ခြင်းသည် မကြုံစဖူးဖြစ်စဉ်တစ်ခုဖြစ်ကာ
Facebook အနေနှင့် ၎င်း၏ လူမူမီဒီယာပေါ်တွင် သတင်းအမှားများတင်မူကို အရေးယူ
ကိုင်တွယ်ဖြေရှင်းမူများ ပိုမိုလုပ်ဆောင်နေသည့်အချက်ကို ပြသလိုက်ခြင်းပင်ဖြစ်ပါတယ်၊
မဲဆွယ်စည်းရုံးရေးကာလအတွင်း ယခုကဲ့သို့အရေးယူဆောင်ရွက်မူသည်
ဖေ့စ်ဘွတ်၏ စာမျက်နှာတွင်သတင်းအမှားများကိုဖော်ပြ ဖြန့်ဝေခြင်းကို တိုက်ဖျက်လိုသည့် ဦးတည်ချက်ဖြစ်ပြီး၊
ကျွန်တော်တို့ရဲ့ မီဒီယာကွန်ရက်မှာ မည်သူတစ်ဦးတစ်ယောက်ကိုမှ ယခုကဲ့သို့ Covid ရောဂါနှင့်ပတ်သက်ပြီးသတင်းမှား ဖြန့်ချီတာကို ခွင့်မပြုနိုင်ပါဘူး၊
ယခုအရေးယူခဲ့ရတဲ့ တိုးတက်သောနယူးဇီလန် ပါတီအနေနဲ့ ဖေ့စ်ဘွတ်ရဲ့ မူဝါဒကို
အကြိမ်ကြိမ်ချိုးဖောက်တဲ့အတွက်အရေးယူဆောင်ရွက်ရခြင်းဖြစ်ပါတယ်” ဟု ဖေ့စ်ဘွတ်၏ ပြောရေးဆိုခွင့်ရှိသူကပြောကြားတာကိုလည်းတွေ့ရပါတယ်၊
ပါတီ၏လက်ထောက်ခေါင်းဆောင် ဘီလီတိကာဟီကာ မှ ယခုဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်ရောဂါသည်အတုအယောင်သာဖြစ်ကြောင်း ဖေ့စ်ဘွတ် တွင်ပြောကြားခဲ့ပါတယ်၊
ဖေ့စ်ဘွတ်အား ၎င်း၏မီဒီယာစာမျက်နှာရှိသတင်းအမှားများအား တုံ့ပြန်ဆောင်ရွက်မူမရှိဘဲ လျစ်လျူရှုခဲ့သဖြင့် ယခင်ကဝေဖန်မူများရှိခဲ့ပါတယ်၊
ဇွန်လနှောင်းပိုင်းမှ အောက်တိုဘာလ အစောပိုင်းကာလအတွင်း တိုးတက်သောနယူးဇီလန်ပါတီမှထုတ်လွှင့်မူများကြည့်ရှုသူပရိသတ်မှာ (5•3) သန်းလောက်ရှိခဲ့တာကိုတွေ့ရပါတယ်၊
နယူးဇီလန်နိုင်ငံတွင် (2020) အောက်တိုဘလ(21) ရက်နေ့အထိ လူဦးရေ(4822233) ကျော်ရှိပါတယ်ဟု ဖတ်ရပါတယ်၊
အောက်တိုဘလ(၁၇) ရက်နေ့တွင်ကျင်းပသော အထွေထွေရွေးကောက်ပွဲ၌ နိုင်ငံတွင်း
Covid -19 ရောဂါကူးစက်ပျံ့နှံ့မူကို ထိန်းချုပ်နိုင်ကာ လက်တွေ့ဆောင်ရွက်နေသော
လက်ရှိနယူးဇီလန်ဝန်ကြီးချုပ်ဂျင်စင်ဒါအာဒန်
ဦးဆောင်သော လေဘာပါတီက ထောက်ခံမူအများဆုံးရရှိကာ မဲအားလုံး၏ (၈၇)ရာခိုင်နူန်းတွင် (၄၈•၉) ရာခိုင်နူန်းကိုရရှိပြီး၊နှစ်(၅၀) အတွင်းနိုင်ငံသားများ၏ အကြီးမားဆုံးထောက်ခံမူရရှိခဲ့ပြီဟု အာဒန်ကအောင်ပွဲခံမိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့ပါတယ်၊
အတိုက်အခံ အမျိုးသားရေးပါတီက (၂၇) ရာခိုင်နူန်းခန့်သာရရှိခဲ့ပါတယ်၊
(၂၀၁၉) ခုနှစ်က ဖြစ်ပွားခဲ့သော ဘာသာရေးအဆောက်အအုံတိုက်ခိုက်ခံရမူအပေါ်ဖြေရှင်းခဲ့မူနှင့်ပတ်သက်ပြီး နိုက်ငံတကာက ဝန်ကြီးချုပ်ဂျင်စင်ဒါအာဒန် ကိုချီးကျုးခဲ့ကာ၊
၎င်းကလည်း နိုင်ငံသားများအား ဘာသာ၊လူမျိုးခွဲခြားခြင်းမရှိဘဲ ချစ်ခင်ကြရန်ပြောကြားခဲ့ပါတယ်၊
စာရေးသူ ဆိုလို လိုတာက ယခုလို Covid ကပ်ရောဂါ ကူးစက်မူကာတွင် ရှိနေကြသောနိုင်ငံများ၏ အထွေထွေရွေးကောက်ပွဲတိုင်းသည် ပြသနာကြီးငယ်ဆိုသလိုဖြစ်နေကြမှာက မလွဲဧကန်ပါဘဲ၊

သို့ပေမယ်လို့ မဲပေးပြည်သူအများက အဘယ်ကဲ့သို့သောသူခေါင်းဆောင်သည့် ဘယ်ပါတီကိုသာ မိမိတို့အတွက်၊မိတို့နိုင်ငံအတွက် မိမိတို့၏ ဆန္ဒမဲပြားကိုပေးကြမည်ဟူသော ဆုံးဖြတ်ချက်များက ရှိနေပြီးသားပါဆိုသည်ကို မီးမောင်းထိုးပြလိုရင်းလည်းဖြစ်ပါတယ်၊
ခေါင်းဆောင်၏ အတိတ်အရိပ်၊ပစ္စုပန်ကာလမှာ တိုင်းပြည်နဲ့ တိုင်းသူ ပြည်သားများအပေါ်မှာ ဘယ်လောက်ပင် ခက်ခဲနေပါစေ၊
ခေါင်းဆောင်၏ နှလုံးသားနဲ့စေတနာများ၊လုပ်ဆာင်မူများကို ကြည့်ခြင်းဖြင့် ဆုံးဖြတ် ပြီးဖြစ်နေကြမှာလို့ တွေ့ မြင်နေရပါပြီ။
မိမိတို့လို ပြည့်စုံမူအားနည်းတဲ့အပြင်၊
ငွေကြေးဓနလည်းအတော်အတန်ပြည့်စုံမူအားနည်းကာ တိုင်းရင်းသားရေးရာနိုင်ငံရေး ပြသနာများ၊နိုင်ငံရေးစနစ်အခက်အခဲများ၊
ယခုတစ်ခါ Covid ကူးစက်ပြသနာများ၊ကိုဗစ်ကာကွယ်ရေးဆေးဝါးများရရှိနိုင်မည့်အခြေအနေများ၊ အစရှိသည်တို့ကို မည်သို့သော ခေါင်းဆောင်၊ပုဂ္ဂိုလ်က ပိုပြီးရှင်းနိုင်တယ်ဆိုသည်ကိုလည်းမိမိတို့မဲဆန္ဒရှင်များက ခန့်မှန်းနိုင်နေကြပါပြီ၊
ခေါင်းဆောင်၏ ကိုယ်ကျိုးရှာမူ မရှိပါဘဲ၊လုပ်ရည်၊ကိုင်ရည်နဲ့အတူ ကမ္ဘာ့နိုင်ငံများစွာ၏ အားပေးထောက်ခံမူများနှင့်အတူ မိမိတို့နိုင်ငံကိုစုပေါင်းအင်အားများဖြင့်မိမိတို့အားလုံး ထောက်ခံဆန္ဒမဲပြားများနဲ့အတူကိုယ်နိုင်ရာ နိုင်ရာ လုပ်အားများဖြင့်သွားနိုင်
ကြဖို့သည် မိမိတို့နိုင်ငံအတွက်အင်မတန်အရေးပါလိုအပ်လှပါတယ်။

နိုဝင်ဘာလ(၃) ရက်နေ့တွင်ကျင်းပမည့် အမေရိကန်နိုင်ငံ၏သမ္မတရွေးကောက်ပွဲကို အနည်းငယ်ရေးသားတင်ပြပါရစေ၊
Covid ကပ်ရောဂါ ကနဦးကာလတွင် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းပါလိုကြောင်း ဒီမိုကရက်တစ်သမ္မတလောင်း ဂျိုးဘိုင်ဒင်က ပြောခဲ့သော်လည်း ရီပတ်ဘလီကန် သမ္မတဒေါ်နယ်ထရမ့်က ရွှေ့မပေးခဲ့ပေ၊
သို့သော်နောက်ဆုံးတွင် ဘိုင်ဒင်က ရွေးကောက်ပွဲရွှေ့ဆိုင်းမူနဲ့ပတ်သက်တာကို သိတ်ပြီး ပြောဆိုမူမရှိတော့တာကိုတွေ့ရပါတယ်၊
ကမ္ဘာ့လူမူ၊စီးပွား၊နိုင်ငံရေးအင်အားကြီးနိုင်ငံအဖြစ် နှစ်ကာလရှည်ကြာစွာ ရပ်တည်လာခဲ့သော အမေရိကန်လိုနိုင်ငံသည် သူတို့နိုင်ငံ၏ ဖွဲ့စည်းပုံအကြပ်အတည်းဖြစ်မှာကိုမလိုလားကြပါ၊
သူတို့နိုင်ငံနဲ့ သူတို့နိုင်ငံသားများကိုလည်း ဖွဲ့စည်းပုံအကြပ်အတည်းကြားထဲမှာ
နေထိုင်ကြရမူကိုလည်း သူတို့က လိုလားနှစ်သက်မူမရှိကြတာကို လည်းတွေးဆမိပါတယ်၊
အကယ်၍သမ္မတရွေးကောက်ပွဲကို နောက်ဆုတ်ကျင်းပပါက မလိုလားအပ်တဲ့ ပြသနာများ ဖြစ်လာစေနိုင်မှာကိုလည်းတွက်ဆကြဟန်ရှိပါလိမ့်မယ်၊
သို့ကြောင့်ပင် Covid ကူးစက်မူ(၈) သန်းကျော်နှင့် သေဆုံးမူ(၂၁၀၀၀၀) ကျော်ရှိပြီး၊
ကမ္ဘာတွင် Covid ကူးစက်မူနှင့်သေဆုံးမူအများဆုံးဖြစ်သော်လည်း သူတို့နိုင်ငံ၏ ရွေးကောက်ပွဲသတ်မှတ်စံနူန်းအတိုင်း ကျင်းပတာကိုတွေ့ရပါတယ်၊
(၂၀၁၆)ခုနှစ်တွင်မဲပေးသူဦးရေ (၁၃၆•၆)သန်းထက်၊
ယခု(၂၀၂၀) တွင် (၂၁) ရာခိုင်နူန်းပိုမိုများပြားမည်ဟုဖတ်ရပါတယ်၊
(၂၀၁၆)ရွေးကောက်ပွဲမတိုင်မီ (၁၆)ရက်အလို အောက်တိုဘာလ(၂၃) ရက်အထိကြိုတင်မဲပေးသူ(၅•၉) သန်းသာရှိသော်လည်း၊
(၂၀၂၀)တွင်ကြိုတင်မဲပေးသူမှာ(၃၀) သန်းအထိရှိနေတာကိုတွေ့ရပါတယ်၊
ကိုဗစ်ကြောင့်ဟူ၍လည်းပြောလို့ရပေမယ့် (၂၀၁၆) ထက်မဲပေးသူအရည်အတွက်ပိုမိုများလာသည်ကတော့မျက်ဝါးထင်ထင်ပါဘဲ၊
ကြိုတင်မဲစာရင်းရလဒ်များအရ
ဒီမိုကရက်တစ်သမ္မတလောင်း ဘိုင်ဒင်က လက်ရှိသမ္မတ ထရမ့်ကိုအသာရနေဆဲဖြစ်သော်လည်း၊
ကြိုတင်မဲပေးမူတွင် ဒီမိုကရက်တစ်ထောက်ခံသူ(၅၄) ရာခိုင်နူန်းက ကြိုတင်မဲပေးရန်မှတ်ပုံတင်ခဲ့ပြီး ရီပတ်ဘလီကန် ထောက်ခံသူက
(၂၅) ရာခိုင်နူန်းကသာကြိုတင်မဲပေးရန်အမည်စာရင်းတင်သွင်းထားခြင်းကြောင့်ဟုဆိုပါတယ်၊
ရီပတ်ဘလီကန်ကိုထောက်ခံသူအများစုက –
ရွေးကောက်ပွဲကျင်းပမည့်နေ့ –
နိုဝင်ဘာ(၃)ရက်နေ့မှသာ မဲပေးကြမည်ဖြစ်သည်ဟု ဆိုပါတယ်။
စာရေးသူ ဆိုလိုရင်းက ပြည်သူ ပြည်သားများသည် မိမိတို့နိုင်ငံကို စီမံအုပ်ချုပ်မည့်အစိုးရတစ်ရပ်ဖြစ်လာစေသော ရွေးကောက်ပွဲတိုင်းတွင် အစိုးရဖွဲ့မည့် အဖွဲ့အစည်းပါတီကိုသာလျှင် ကြည့်ပြီး ဆုံးဖြတ်မဲပေးကြမူကို ဆိုလိုရင်းဖြစ်ပါတယ်၊
ဖွဲ့စည်းပုံအခြေခံဥပဒေသက်တမ်းရင့်
နိုင်ငံကြီးဖြစ်သော ကမ္ဘာ့အချမ်းသာဆုံးဒီမိုကရက်အမေရိကန်လိုနိုင်ငံကြီးမှာပင် အစိုးရအဖြစ် တာဝန်ပေးရမည့် လေးနှစ်တစ်ကြိမ်သမ္မရွေးကောက်ပွဲတွင် သမ္မတအဖြစ်ရွေးကောက်ခံမည့် ထိုသမ္မတလောင်း၏ မိခင်ပါတီကိုသာကြည့်ပြီးမှသာ နိုင်ငံသား ပြည်သူ မဲဆန္ဒရှင်များက ဆုံးဖြတ်ချက်ချ မဲပေးကြတာပါဟု သိကြစေလိုရင်းဖြစ်ပါတယ်၊
အမေရိကန်နိုင်ငံသည် သမ္မတ ကိုလူထုကတိုက်ရိုက်မဲပေးရွေးချယ်ပြီး၊ ရွေးချယ်ခံသမ္မတက အစိုးရဖွဲ့တာဖြစ်ပါတယ်၊
သို့သော် သမ္မတတွင် နောက်ခံ မိခင်ပါတီရှိပါတယ်။
သမ္မတကို အလွန်ကြီးမကြိုက်ကြပေမယ်လို့ လူထုက ထိုသမ္မတ၏ မိခင်ပါတီကိုသာကြည့်ပြီးမဲပေးရွေးချယ်ခြင်းလည်းဖြစ်ပါတယ်။

မိမိတို့ မြန်မာနိုင်ငံက သမ္မတကိုတိုက်ရိုက်မဲပေးရွေးချယ်မူမလုပ်ပါဘဲ၊
အစိုးရဖွဲ့နိုင်သည့် သမ္မတကို ရွေးချယ်ပေးနိုင်ခွင့်အာဏာရှိသည့် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို မဲပေးရွေးချယ်ပေးရတဲ့ရွေးကောက်ပွဲစနစ်ဖြစ်ပါတယ်၊
အသီးသီးသော လွှတ်တော်ကိုယ်စားလှယ်များကိုမဲပေးမူသည် မိမိတို့ကြိုက်သည့်၊နှစ်သက်လိုလားသည့်၊
လက်ရှိကမ္ဘာနှင့် ရဲရင့် ဆင်ခြင်တုံမူများဖြင့် ပြောဆို ဆွေးနွေးနေမည့် ၊
မိမိတို့နိုင်ငံအတွင်းလိုအပ်နေဆဲ၊လိုအပ်နေသည့် ခေါင်းဆောင်နဲ့အတူမိမိတို့နိုင်ငံတွင် အစိုးရဖွဲ့နိုင်မည့် သမ္မတစ်ဦးကို ရွေးချယ်ပေးလိုက်တာနဲ့အတူတူပင်ဖြစ်ပါတယ်၊
ဘယ်သူ၊ဘယ်နိုင်ငံ၊ဘယ်အဖွဲ့အစည်း၊စသည်တို့ကမည်သို့ပင်ပြောဆို၊ရေးသားနေကြပါစေ ၊
ကိုယ့်နိုင်ငံ၊အခြေအနေ ကိုယ်သာလျှင်အသိဆုံးပါ၊
ယခုလို Covid -19 ကပ်ရောဂါကူးစက်မူကာလနှင့် ကြံနေရသော ကမ္ဘာ့မည်သည့်နိုင်ငံတွင်မဆို အခက်အခဲများကို ရင်ဆိုင်ကြရပြီး၊
ကိုယ့်နိုင်ငံ ကိုယ့်စံနူန်းများဖြင့်ချင့်ချိန်၊ချိန်ဆကာ ကျော်လွှားကြရမှာဖြစ်ပါတယ်၊

ကိုယ်တစ်ဦးခြင်း၏ မဲတစ်ပြားသည် ကိုယ့်နိုင်ငံအတွက် ယနေ့ကာလ ချိန်ခါမှာ
အခိုင်မဲပြားများအဖြင့် ဖန်တီးရယူပိုင်ခွင့်ကို ပြည့်ပြည့် ဝဝ အသုံးချကာ –
မိမိတို့နိုင်ငံနှင့်မိမိတို့ တိုင်းသူ ပြည်သားများအတွက် ခုခံ ကာကွယ် ၊ထူထောင်ပေးနိုင်သည့် ခေါင်းဆောင်နဲ့အတူ အင်အားရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသို့ အနိုင်မဲများပေးကြခြင်းဖြင့် –
မိမိတို့တိုင်းပြည်အတွက် အောင်လံစိုက်ထူလိုက်ကြပါစေကြောင်း –
ရေးသား တိုက်တွန်းလိုက်ပါတယ်။

အလေးထားစွာဖြင့်. ကိုသိန်းဌေး ၈၈ ပဲခူး၊
……….(22.10.2020)……….ာ


Spread the love
  •  
  •  
  •  
  •  
  •  
  •