နိုဝင်ဘာလ(၈) ရက်နေ့အထွေထွေရွေးကောက်ပွဲနှင့် ရွေးချယ်ခံ အရပ်သားအစိုးရ ဖြစ်တည်မှု

Spread the love
  •  
  •  
  •  
  •  
  •  
  •  

နိုဝင်ဘာလ(၈) ရက်နေ့အထွေထွေရွေးကောက်ပွဲနှင့် ရွေးချယ်ခံ အရပ်သားအစိုးရ ဖြစ်တည်မှု

 

UEC လုပ်ရပ်တစ်ချို့၊ ကြိုတင်ဆန္ဒမဲပေးရာတွင်လုံးခြုံ ခိုင်ခန့်ကာအရေအသွေးကောင်းရမည့်စာအိပ်များဖြစ်ရမည်ဆိုသော်လည်း အင်မတန်ညံ့သောအရေအသွေးမမှီသော စာအိပ်များကိုထုတ်သုံးမူ၊ နိုင်ငံတော်မှ ကျခံလိုက်ရသည့်ငွေကြေးမှာ အရေအသွေးကောင်းကို ပေးချေရသည့် ငွေကြေးပမာဏ ဖြစ်ပါလိမ့်မည်၊
ပြသနာဖြစ်လာမှ မီးစင်ကြည့်ကတဲ့နောက်ကျဥပဒေ ညွှန်ကြားချက်များကိုထုတ်ပြန်မူ၊
မိမိတို့တိုင်းပြည်အတွက် အင်မတန်ကို အရေး ကြီးသည့် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ပြည်သူအများထည့်ကြမည့် ကြိုတင်မဲ ကိုထိန်းသိမ်းရသည့် စာအိပ်လိုကိစ္စကိုတောင် ဖြစ်ကတတ်စမ်း ကရေကရာ လုပ်ထားကာ မကြီးကြပ်နိုင်ကြပါလား လို့
UEC ကို ပြည်သူအများက ယူဆနေကြတာကိုတွေ့နေရပါတယ်၊
၎င်းအနေအထားသည် ရွေးကောက်ပွဲ မဲမသမာမူများကို ဖိတ်ခေါ်နေသကဲ့သို့ဖြစ်နေပါတယ် ဆိုသည်ကို UEC တာဝန်ရှိသူများက သိကြဖို့လိုပါတယ်၊
ကိုယ့်အလုပ်ကို စိတ်ဝင်စားမူ အားနည်းတာကိုလည်းတွေ့ရပါတယ်၊

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စသည်ဖြင့် ဝန်ကြီးဌာနများမှ ဝန်ထမ်းအကြီးအမှူးမှသည် အရာထမ်းအဆင့်ဆင့်၊အမူထမ်းအဆင့်ဆင့်တို့၏ လုပ်ကိုင်နေကြမူကိုကြည့်ခြင်းအားဖြင့် –
ဖဆပလ အစိုးရခေတ်ကာလက အခြေအနေများကိုဖတ်ပြီး၊ဘာသွားတွေ့လဲဆိုတော့
အစိုးရဝန်ထမ်းများအပေါ် မှီခိုအားထားလွန်းမူကို –
ထိုစဉ်က နိုင်ငံရေးအကြီးအကဲတစ်ချို့က
သာမာန်လူတစ်ဦးကိုပင် အလုပ်ကပြန်သင်ပေးနိုင်ပါသည်၊ဆိုသောအချက်ကိုတွေ့ရပါတယ်၊
ဒါကြောင့် ဌာနဆိုင်ရာဝန်ထမ်းဆိုသည်မှာ ဌာနတွင်းလုပ်သက်ကြာလာရင် ၎င်းဌာနအလုပ်ကိုသိလာမယ်၊ကျွမ်းကျင်လာပါလိမ့်မယ်၊
သူပြီးရင် နောက်သူလာပါလိမ့်မယ်၊
သူတို့ကို မှီခိုအားပြုနေတယ်လို့အစိုးရအပေါ် မြင်နေပါက သေချာပါတယ်၊
ထိုအစိုးရ၏ မူဝါဒတွေက အဟောသိကံဖြစ်သွားပါလိမ့်မယ်၊
ထို့အပြင်သက်ဆိုင်ရာဝန်ထမ်းအကြီးအမှူးများ၊အရာထမ်းများကလည်း အဖေထက်သားတစ်လကြီး ဆိုသလို အစိုးရဝန်ကြီး၊ဝန်ကလေးများထက် ပိုပြီးဘြဇာ အာဏာကြီးသယောင်ဖြစ်လာကာ၊ အစိုးရကို လူထုက အထင်သေးလာတတ်ပါတယ်၊
ဒါကြောင့် လိုအပ်တဲ့အရာများမှာ အစိုးရသည် အစိုးရဖြစ်ရပါမယ်၊
ဝန်ကြီးဌာနများမှ ဝန်ထမ်းများကို စီမံခန့်ခွဲအုပ်ချုပ်တဲ့နေရာမှာ ဝန်ကြီးများက အုပ်ချုပ်စီမံခန့်ခွဲသည့် အခွင့်အာဏာကို မှန်မှန်ကန်ကန်၊ရဲရဲတင်းတင်း အသုံးပြုရပါလိမ့်မယ်၊
ဝန်ထမ်းများကို ကြီးကြပ်အုပ်ချုပ်နိုင်မှသာ တရားဥပဒေ စိုးမိုးမူဆိုတာ အသက်ဝင်လာမှာ ဖြစ်ပါတယ်၊

ဒီမိုကရေစီအခွင့်အရေးနဲ့ စီမံခန့်ခွဲမူကို တစ်သဘောတည်းသတ်မှတ်လို့မရနိုင်ပါဘူး၊

ဝန်ကြီး၊ဝန်ကြီးချုပ်များ၊တိုင်း/ပြည်နယ်ဝန် ကြီးများ နဲ့အခြားနိုင်ငံရေးကပေးမှသာ ရာထူးရရှိသူအဖွဲ့အစည်း၊ကော်မရှင်များ၊ထိုနိုင်ငံရေးရာထူးရှိသူများက သက်ဆိုင်ရာဌာနဝန်ထမ်းအကြီးအမှူးများ၏ ထိန်းချုပ်၊ချယ်လှယ်မူကို မသိကျိုးကျွန်ပြုနေကြမယ်ဆိုပါက တိုင်းပြည်နဲ့ ပြည်သူ ပြည်သားများပင်မကပါ၊အစိုးရအဖွဲ့အစည်းသည်လည်း ရှိသင့်သော၊ရှိကိုရှိနေရမည့် ဘြဇာ အာဏာများကျဆင်းလာကာ နစ်နာလာပါလိမ့်မယ်၊
အစိုးရနစ်နာလျှင် တိုင်းပြည်လည်းနစ်နာပါတယ်၊
တိုင်းပြည်နစ်နာလျှင် ပြည်သူများလည်းနစ်နာပါတယ်၊

အချို့ဝန်ထမ်းအကြီးအမှူးများသည် အစိုးရအကြီးအကဲများကို ရှေ့တွင်တစ်မျိုး၊
ကွယ်ရာတွင် ဖုတ်လေသည့်ငါးပိ ရှိလေသည်တောင်မမှတ်ကြပါ၊
တစ်ချို့ဆိုရင် ဝန်ကြီး၊ဝန်ကြီးချုပ်များကို ဗြောင်ကျကျပင် မခန့်မလေးလုပ်နေတာကိုလည်းကြားနေရပါတယ်၊
တိုင်းပြည်ကို ရွေ့စေတာက အစိုးရဖြစ်ပြီး၊
လူပ်ရှားစေတာက ဝန်ထမ်းဖြစ်ပါတယ်၊
အစိုးရမကောင်းလျှင် ဝန်ထမ်းမကောင်းပေ၊
အစိုးရကောင်းလျှင် ဝန်ထမ်းကောင်းရပေမည်၊
သို့ပါသောကြောင့်ယခုလို အစိုးရကောင်းအောက်တွင် ကောင်းလာမူ မရှိကြသော ဝန်ထမ်းအချို့အား ဝန်ထမ်းဥပဒေ၊နည်းဥပဒေပါအချက်များနဲ့အတူ အစိုးရအဖွဲ့၏ လုပ်ပိုင်ခွင့်အခွင့်အာဏာများကို လိုအပ်လာပါက အသုံးပြုဆောင်ရွက်ကြဖို့လိုပါတယ်၊

ဖဆပလခေတ်ကာလတွင် ဝန်ထမ်းအကြီးအမှူးများ၏ အကြောင်းကြောင်းကြောင့်လည်း ကျရှုံးခဲ့ရတာလည်းအပါအဝင်ဖြစ်ပါတယ်၊
ဥပမာ – ဝန်ကြီးချုပ်ဦးနုအား တရားသူကြီးချုပ်
ဦးမြင့်သိန်းမှ အကြံပေးမူကို လုပ်ဆောင်ရာတွင် ထိုတရားသူကြီးချုပ်ဦးမြင့်သိန်းသည် သူကဝန်ကြီးချုပ်ကို ဖွဲ့စည်းပုံနဲ့သက်ဆိုင်သည့် ဘတ်ဂျက် ကိစ္စကို အကြံပေးတဲ့အခါမှာ ဝန်ကြီးချုပ်ကလုပ်လိုက်တယ်၊တကယ်တော့သူပေးသည့်အကြံကို ဝန်ကြီးချုပ်ကမလုပ်သင့်ဘူး၊
ဟူ၍ ှဗိုလ်နေဝင်းထံကိုသွားပြောပြလိုက်ပါတယ်၊
တပ်မတော်နှင့်အစိုးကြားမှာ ဝန်ထမ်းကြီးအချို့၏ သွေးထိုးမူများကို သတိထားစေဘို့လိုအပ်ပါတယ်၊
ဆိုလိုတာက မြန်မာ့တပ်မတော်ရဲ့ နိုင်ငံရေးအာဏာနှင့် တပ်မတော်က ထိန်းချုပ်နိုင်မည့် ပိုင်ဆိုင်မူကြီးသည့် နိုင်ငံတော် ဖွဲ့စည်းပုံတစ်ခုကို ထူထောင်ထားနိုင်ရေးဆိုသည့် အတွင်းစိတ်များသည် တပ်မတော်ခေါင်းဆောင်ပိုင်းများတွင် ထိုစဉ်ခေတ်ကာလကတည်းက စတင်ကိန်းအောင်းလာခဲ့ရတယ်ဆိုရင် မမှားနိုင်ပါဘူး၊

သို့ဖြစ်ပါသော အကြောင်းအချက်များကို သုံးသပ်ကြရင်း (၂၀၂၀) တွင်ဖြစ်တည်လာမည့် အနိုင်ရပါတီမှ ဖွဲ့စည်းသည့်အစိုးရသည် အုပ်ချုပ် ၊ စီမံ ခန့်ခွဲနိုင်သော အရည်အသွေးရှိသည့် အနည်းဆုံးတော့အခြေခံပညာ အထက်တန်းအောင်၍ ကျောင်းမပြီးရင်တောင်မှ တက္ကသိုလ်တက်ထားသောအဆင့်နိုင်ငံရေးသမားများပါဝင်ပြီး ခိုင်မာ အားကောင်းသည့် အစိုးရဖြစ်ပေါ်လာစေရပါမယ်၊
သို့ပါ၍ မိမိတို့နိုင်ငံ အောင်လံစိုက်ထူ ဘို့မဲပေးကြပါစို့၊
ဒီမိုကရေစီနှင့် ပြည်သူ့အစိုးရ ခိုင်မာ အားကောင်းလာစေရေး NLD ကို တို့မဲပေး၊

Covid -19 ကပ်ရောဂါအား ခုခံ ကာကွယ်နိုင်
ကြရင်းဖြင့် –
မိမိတို့တစ်ဦးချင်း၏ ဆန္ဒမဲပေးမူ အခွင့်အာဏာများအား တိုင်းပြည်အတွက် အကျိုးရှိစွာ ဆုံးဖြတ်ချက်ချကာ စိတ်လက်အေးချမ်း ကြည်သာစွာဖြင့် (၈)ရက်သာလိုတော့သည့် –
နိုဝင်ဘာလ(၈) ရက်နေ့၌သက်ဆိုင်ရာမဲရုံများဆီသို့ သွားရောက်မဲပေးနိုင်ကြပါစေကြောင်း ရေးသား နိူးဆော် လိုက်ပါတယ်။

အလေးထားစွာဖြင့်. ကိုသိန်းဌေး ၈၈ ပဲခူး၊
……….(31.10.2020)……….


Spread the love
  •  
  •  
  •  
  •  
  •  
  •