နီပေါနိုင်ငံ၌အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအားကာကွယ်ရေးဝန်ကြီး ဌာနမှ စီစဉ်ပေးသည့် အထူးလေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

နီပေါနိုင်ငံ၌အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအားကာကွယ်ရေးဝန်ကြီး ဌာနမှ စီစဉ်ပေးသည့် အထူးလေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့

(၅-၆-၂၀၂၀ ရက်၊ နေပြည်တော်)

Coronavirus Disease 2019(COVID-19) ကာကွယ်၊ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့ နေရသည့် မြန်မာ နိုင်ငံသားများအား ကယ်ဆယ်ရေးလေယာဉ်များ၊ အထူးလေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင် ပေးနိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီး ဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ နိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိပါသည်။

နီပေါနိုင်ငံတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၄၁)ဦးအား ကာကွယ်ရေးဝန်ကြီး ဌာနမှ စီစဉ်ဆောင်ရွက်ပေးသည့် အထူးလေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေ (၁၆:၃၀)နာရီတွင် မင်္ဂလာဒုံလေတပ်စခန်း ဌာနချုပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။

၎င်းတို့ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနှင့် (၂၁)ရက်တာ အသွားအလာ ကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်ပေးခဲ့သည်။

**********************

 


Spread the love
  •  
  •  
  •  
  •  
  •  
  •