“နီးကပ်လာပြီဖြစ်တဲ့ ပြည်သူ​တွေရဲ့​အောင်ပွဲ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

နီးကပ်လာပြီဖြစ်တဲ့ ပြည်သူ​တွေရဲ့​အောင်ပွဲ

 

ဒီကနေ့ ၁၅ ရက် ဖေဖော်ဝါရီ ၂၀၂၁ မနက်ပိုင်း ၈ နာရီလောက်ကတည်းက တရုတ်သံရုံးအရှေ့မှာ လူငယ်တွေစတင်စုစည်းနေကြပြီ။ တချို့လူငယ်တွေကို သူတို့ရဲ့ မိဘတွေကိုယ်တိုင်က လိုက်ပို့နေတာတွေ့ရတယ်။

ဖခင်ဖြစ်သူက သူ့ရဲ့သားကိုမှာတယ်။မင်း၏လုပ်စရာရှိတာတွေကိုသာဆက်လုပ်တဲ့။ မိခင်ကတော့ စိုးရိမ်စိတ်တွေလွှမ်းနေတဲ့ မျက်လုံးတွေနဲ့ကြည့်လို့။
သပိတ်တိုက်ပွဲဆင်နွဲမယ့် လူငယ်ကလေးက ဆေးရုံဂျူတီကုတ်ကလေးနဲ့‌ပါ။

သူ့မိခင်က စိုးရိမ်မယ်ဆိုလည်း စိုးရိမ်စရာ အခြေအနေပါ။
ဂျင်မခနာလို့ခေါ်ကြတဲ့ ဗဟိုအမျိုးသမီးဆေးရုံရှေ့မှာ စစ်တပ်၊ ရဲတပ်ရင်းတွေက ရေကားနဲ့ အချုပ်ကားတွေပါ ရောက်နှင့်နေကြပြီဆိုတာ သိမြင်နေကြလို့ပဲပေါ့။

မနက် ၁၀ နာရီလောက်မှာတော့ ထောင်ချီနေတဲ့ ဆန္ဒပြလူငယ်တွေဟာ လုပ်ငန်းခွင်သုံးဦးထုပ်အဖြူတွေဆောင်း၊ အင်္ကျီအဖြူပေါ် ရောင်ပြန်ကုတ်ကလေးတွေဝတ်ဆင်ကြတဲ့ နည်းပညာတက္ကသိုလ်ကျောင်းသား ကျောင်းသူတွေ ထောင်ချီပြီး တရုတ်သံရုံး၊ ပြင်သစ်သံရုံးနဲ့ ရုရှသံရုံးရှေ့တို့ကို ဖြတ်သန်းကြပြန်တယ်။

အာဏာရှင်တွေဟာ သူတို့ရဲ့ အကြောက်တရားတွေကို သံချပ်ကာ ကားတွေပြ စိတ်ဓါတ်အကာအကွယ်ပြုပြီး ပြည်သူတွေကို ခြောက် လှန့်နေတာတွေဟာ အလုပ်ဖြစ်မှာမဟုတ်ပါဘူး။
ပြည်သူတွေရဲ့ အောင်ပွဲဟာ တစ်ရက်ခြင်း တဖြည်းဖြည်းချဥ်းကပ် နီးစပ်လာပါပြီ။

သက်နိုင်စိန်


Spread the love
  •  
  •  
  •  
  •  
  •  
  •