နေပြည်တော်ကို လာရောက်သူတွေ မြို့အဝင်မှာ ကျန်းမာရေး စစ်ဆေးပြီး စည်ပင်ရိပ်သာမှာ ပိုးစစ်ရမည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

နေပြည်တော်ကို လာရောက်သူတွေကို မြို့အဝင်မှာ
ကျန်းမာရေး စစ်ဆေးပြီး စည်ပင်ရိပ်သာမှာ ပိုးစစ်ရမည်

နေပြည်တော်ကို လာရောက်သူမည်သူမဆို စက်တင် ဘာလ(၂) ရက်နေ့မှစပြီး ကွာရန်တင်းဝင်ရမယ်လို့ နေပြည်တော် ကောင်စီက စက်တင်ဘာလ ၁ ရက် ရက်စွဲနဲ့ထုတ်ပြန်လိုက်ပါတယ်။

 

နေပြည်တော်ကို အခြာအရပ်ဒေသမှ ဝင်ရောက်လာလာသူတွေ၊ နေပြည်တော်ကနေအခြားအရပ်ဒေသကို သွား ရောက် သူတွေ၊ ဝန်ထမ်းဖြစ်စေ၊ အရပ်သားဖြစ်စေ၊ အားလုံးဟာ ကွာရန်တင်းထားရှိရာ စည်ပင်ရိပ်သာကိုဝင်ရောက် ရမှာဖြစ်ပါတယ်။

 

အဲဒီမှာ အာခေါင်တို့ပတ်နမူနာယူပြီး အဖြေပိုးမတွေ့မှသာ မိမိသက်ဆိုင်ရာ သွားလိုရာနေရာ အလိုရှိရာ လုပ်ငန်း ခွင်တွေကို သွားရောက်ခွင့်ပြုမှာဖြစ်ကြောင်းသိရပါတယ်။

 

 


Spread the love
  •  
  •  
  •  
  •  
  •  
  •