နေပြည်တော်မှာ တည်ဆောက်မယ့် NLD ဌာနချုပ်ရုံး ပန္နက်တင်အခမ်းအနားအစမ်းလေ့ကျင့်မှု ဒေါ်အောင်ဆန်းစုကြည်တက်ရောက်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

နေပြည်တော်မှာ တည်ဆောက်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဌာနချုပ်ရုံးအတွက် ပန္နက်တင်အခမ်းအနားအစမ်းလေ့ကျင့်တဲ့ အစီအစဉ်ကို ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ခဲ့ပါတယ်။

 

ဩဂုတ်လ ၃၀ ရက်နေ့ ညနေပိုင်းက ဟိုတယ်ဇုံတုံဂပူရီဟိုတယ်နောက်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီပါတီဌာနချုပ်ရုံး တည်ဆောက်ဖို့စီစဥ်ထားတဲ့နေရာမှာ ပန္နက်တင်အခမ်းအနားကအစမ်းလေ့ကျင့်မှုပြုလုပ်ခဲ့တာပါ။

 

ပန္နက်တင်အခမ်းအနားအစမ်းလေ့ကျင့်မှုကိုပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သမ္မတဟောင်းဦးထင်ကျော်ဇနီးဒေါ်စုစုလွင်နဲ့ပြည်ထောင်စုဝန်ကြီးဦးမင်းသူတို့လာရောက်တာတွေ့ရပါတယ်။

ဓါတ်ပုံ -ကိုထွန်း(VOM)


Spread the love
  •  
  •  
  •  
  •  
  •  
  •