နေပြည်တော်၊ပုဗ္ဗသီရိမြို့နယ်၌ အိမ်ရှင်အားသတ်၍ ပစ္စည်းများခိုးယူသွားသည့် တရားခံအား ဖမ်းဆီးရမိ

Spread the love
  •  

နေပြည်တော်၊ အောက်တိုဘာ ၁၄

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၉ ရက် ည ၇ နာရီခန့်တွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာ သပြေလမ်းရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ညွှန်မှူး၏ နေအိမ်ခြံဝင်းအတွင်း၌ အမျိုးသမီး ၁ ဦး ဒဏ်ရာများဖြင့် သေဆုံးနေကြောင်းသတင်းအရ ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးရာ နေအိမ်ခြံဝင်းအတွင်း၌ ဇနီးဖြစ်သူ ဒေါ်မော်မော်လွင်စိုး(၅၂)နှစ်အား ဦးခေါင်းပေါက်ပြဲ/ ပြတ်ရှဒဏ်ရာများဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ရှိခဲ့ပြီး အိပ်ခန်းအတွင်းရှိ မီးခံသေတ္တာအတွင်းမှ ရွှေထည်ပစ္စည်းများနှင့် ၎င်းကိုင်ဆောင်သည့် Samsung ဖုန်း ၁ လုံး(စုစုပေါင်း တန်ဖိုးငွေကျပ် ၁၆၀ သိန်းခန့်)တို့ ပျောက်ဆုံးနေသည်ကို တွေ့ရှိခဲ့သဖြင့် ဥပဒေနှင့်အညီ အမှုဖွင့်စစ်ဆေး၍ တရားခံ ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ပါသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့နှင့် နေပြည်တော်ရဲတပ်ဖွဲ့ဝင်များက တရားခံဖော်ထုတ် နိုင်ရေး စုံစမ်းထောက်လှမ်းနေချိန် အောက်တိုဘာလ ၁၃ ရက်နေ့တွင် တရားခံဟုယူဆရသူသည် သပြေကုန်းဈေးအတွင်းရှိ ရွှေဆိုင်တစ်ဆိုင်သို့ ရွှေဆွဲကြိုးလာရောက်ပေါင်နှံရာ ရွှေဝယ်ဘောင်ချာ မပါရှိ သဖြင့် ဆိုင်မှလက်မခံသောကြောင့် ဆိုင်ကယ်ဖြင့် ပြန်လည်ထွက်ခွါသွားကြောင်း သတင်းရရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များမှ CCTV မှတ်တမ်းများအရ စီးနင်းလာသည့် ဆိုင်ကယ်နံပါတ်နှင့် လူပုံသဏ္ဍာန်အား စိစစ်ရရှိခဲ့ကြောင်း၊ အောက်တိုဘာလ ၁၄ ရက်နေ့တွင် ယင်းနံပါတ်ပါ ဆိုင်ကယ်၏သွားလာလှုပ်ရှား မှုကို စောင့်ကြည့်နေစဉ် အဆိုပါမသင်္ကာတရားခံသည် မြို့မဈေးရှိ ရွှေဆိုင်တစ်ဆိုင်သို့ ရွှေဆွဲကြိုး တစ်ကုံးအား ထပ်မံလာရောက်ရောင်းချသည်ကိုတွေ့ရှိရ၍ ဥပဒေနှင့်အညီဖမ်းဆီးစစ်ဆေးခဲ့ရာ ၎င်းမှာ ဒက္ခိဏသီရိမြို့နယ်၊ ထန်းတပင်ကျေးရွာနေ ကြည်ရှိန်(၄၆)နှစ်၊ (ဖ)ဦးသန်းရှိန်ဖြစ်ပြီး ၎င်းရောင်းချ သည့် ရွှေဆွဲကြိုးမှာ ပုဗ္ဗသီရီမြို့နယ်၊ သပြေလမ်းနေ ဒေါ်မော်မော်လွင်စိုးအားသတ်၍ နေအိမ်မှခိုးယူ သွားသည့် ရွှေထည်ပစ္စည်းဖြစ်သည်ကို စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။
တရားခံ ကြည်ရှိန်၏ ကနဦးအစစ်ခံချက်အရ စက်တင်ဘာလ ၉ ရက် ညနေ ၅ နာရီခွဲခန့်တွင် နေအိမ်မှ တစ်ဦးတည်း ဆိုင်ကယ်ဖြင့်ထွက်ခွါလာခဲ့ပြီး ညောင်ပင်ကြီးစုကျေးရွာရှိ ကျိုက်ထီးရိုးလေး ဘုန်းကြီးကျောင်းရှေ့တွင် ဆိုင်ကယ်အားရပ်ကာ လမ်းလျှောက်ထွက်ခွါခဲ့ပြီး ညနေ ၆ နာရီခွဲခန့်တွင် ပစ္စည်းများခိုးယူရန် အခင်းဖြစ် နေအိမ်ခြံဝင်းအတွင်းသို့ အုတ်တံတိုင်းခြံစည်းရိုးအားကျော်၍ ဝင်ရောက် ခဲ့ကြောင်း၊ နေအိမ်အတွင်းသို့ နောက်ဖေးမီးဖိုချောင်အပေါက်မှ ဝင်ရောက်ကာ မီးဖိုချောင်အတွင်းရှိ ဓားတစ်ချောင်းအားယူဆောင်၍ နေအိမ်အိပ်ခန်းအတွင်းသို့ ဝင်ရောက်စဉ် အိမ်ရှင် ဒေါ်မော်မော်လွင်စိုးနှင့် တွေ့ဆုံခဲ့ရာ ဒေါ်မော်မော်လွင်စိုးမှာ နေအိမ်ရှေ့ပေါက်မှ အပြင်ခြံဝန်းအတွင်းသို့ ထွက်ပြေးသွားခဲ့၍ နောက်မှ လိုက်ကာ ဓားဖြင့်ထိုးစဉ် လဲကျသွား၍ အနီးရှိ တုတ်/အုတ်ခဲဖြင့် ထပ်မံထုရိုက်ရာ သေဆုံးသွားခဲ့ကြောင်း၊ ၎င်းနောက် နေအိမ်အတွင်းသို့ ထပ်မံဝင်ရောက်ပြီး သော့တန်းလန်းဖြစ်နေသော မီးခံသေတ္တာအတွင်းရှိ ရွှေထည်ပစ္စည်းများနှင့် စားပွဲပေါ်ရှိ ဖုန်းတို့အားယူဆောင်ကာ ပြန်လည်ထွက်ခွါခဲ့ကြောင်း၊ ယင်းရပ်ကွက် အနေဖြင့် လူနေကျဲပြီး လူသွားလူလာပြတ်လပ်ကြောင်း၊ ၎င်းနေအိမ်တွင် မိသားစုနည်းပြီး တခါတရံ အမျိုးသမီးတစ်ဦးတည်း ရှိကြောင်းသိရှိပြီး ခိုးယူရန်အကြံဖြင့် ယခင်ရက်ကတည်းက ၎င်းအိမ်အခြေ အနေအား ကြိုတင်လေ့လာပြင်ဆင် ခိုးယူ/လူသတ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဥပဒေ နှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

ပုဗ္ဗသီရိမြို့နယ်၌ အိမ်ရှင်အားသတ်၍ ပစ္စည်းများခိုးယူသွားသည့် တရားခံအား ဖမ်းဆီးရမိ

Credit – ရဲဇာနည်

Spread the love
  •  
  •  
  •  
  •  
  •  
  •