နေပြည်တော် ဇေယျာသီရိရှိ NLD မဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးသူ ဖမ်းမိ၊ခိုင်းစေသူ ရာအိမ်မှူးနှင့် ကျေးရွာတာဝန်ခံကိုပါတရားစွဲဆိုမည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

နေပြည်တော် ဇေယျာသီရိရှိ NLD မဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးသူ ဖမ်းမိ၊ခိုင်းစေသူ ရာအိမ်မှူးနှင့် ကျေးရွာတာဝန်ခံကိုပါတရားစွဲဆိုမည်

နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) မဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးသူကို ဖမ်းမိပြီဖြစ်ပြီး ခိုင်းစေသူ ရာအိမ်မှူးနှင့် ကျေးရွာတာဝန်ခံကိုပါ တရားစွဲဆိုမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၅ ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဇေယျာသီရိမြို့နယ် ဥက္ကဋ္ဌ ဦးသက်ထွေးက ပြောသည်။

“၇ ရက်နေ့မှာ အဲဒီရွာမှာ ဆိုင်းဘုတ်တွေ ကြိုပို့ထားတယ်။ ပထမ သဘောတူထားတဲ့အိမ်ကိုပေါ့။ ၈ ရက်နေ့မှာ ကိုယ်စားလှယ်လောင်းတွေနဲ့ အဲဒီအိမ် သွားတော့ အိမ်ရှင်က ထွက်လာပြီး ဒီအိမ်မှာ မတင်ပါနဲ့တဲ့။ မနေ့က ကျေးရွာတာဝန်ခံနဲ့ ရာအိမ်မှူး နှစ်ယောက်က ဒီရွာမှာ ဆိုင်းဘုတ်တင်တာ လက်မခံနိုင်ဘူးပေါ့။ တင်လို့ရှိရင် ဒီရွာက နှင်ထုတ်မယ် ဘာညာချိန်းခြောက်တယ်ပေါ့။ တစ်ခြားကို ရွှေ့ပေးပါဆိုလို့ ရွှေ့တယ်။အဲဒီမှာ ၁၀ ရက်နေ့မှာ ဖျက်ခံရတယ်။ ဖျက်တဲ့သူ ကလေးက ၁၉နှစ်။ သူလည်း သူများမြှောက်ပေးလို့ လုပ်ရတာပါတဲ့။ မြှောက်ပေးတာ အဲဒီကျေးရွာတာဝန်ခံနဲ့ ရာအိမ်မှူးနှစ်ယောက်ပဲပေါ့။ အဲဒီတော့ ကျွန်တော်ကပဲ စုစုပေါင်း ၄ယောက်ကို တရားစွဲမှာပေါ့”ဟု ၎င်းက ပြောသည်။
မင်းသီဟန်(MH)


Spread the love
  •  
  •  
  •  
  •  
  •  
  •