နေပြည်တော်-ရန်ကုန်အမြန်လမ်းမှာ ရွှေမန်းသူခရီးသည်တင်ယာဉ်အား ကုန်တင်ယာဉ်ကနောက်မှဝင်တိုက်မိပြီး ၂ဦးသေဆုံး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

နေပြည်တော်-ရန်ကုန်အမြန်လမ်းမှာ ရွှေမန်းသူခရီးသည်တင်ယာဉ်အား ကုန်တင်ယာဉ်ကနောက်မှဝင်တိုက်မိပြီး ၂ဦးသေဆုံး

 

၂၈.၈.၂၀၂၀ရက်နေ့၊ (၀၂ ၃၀)အချိန်ခန့် နေပြည်တော်-ရန်ကုန်အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၁၅၃/၅)တွင် CANTER ကုန်တင်ယာဉ်သည် ရွှေမန်းသူခရီးသည်တင်ယာဉ်အား နောက်မှဝင်တိုက်မိ ခဲ့ပါတယ်။

 

ဗောဓိကုန်းအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ပါတယ်။

ယာဉ်တိုက်မှုကြောင့် CANTER ကုန်တင်ယာဉ်ပေါ်ပါ ကျား(၂)ဉီး(သေဆုံး)အားမေတ္တာမွန်(ကျွန်းကုန်း)လူမှု့ကူညီရေးကားဖြင့် တောင်ငူဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။

 

Source – MFSD


Spread the love
  •  
  •  
  •  
  •  
  •  
  •