နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်ရုံး ရှေ့တွင် ခွင့်ပြုချက် မတင်ဘဲ ဆန္ဒပြသူများကို ရဲတပ်ဖွဲ့ တားဆီး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်ရုံး ရှေ့တွင် ခွင့်ပြုချက် မတင်ဘဲ ဆန္ဒပြသူများကို ရဲတပ်ဖွဲ့ တားဆီး

 

နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ရုံးရှေ့တွင် ယနေ့ နေ့လည် ၂နာရီကျော်က လူတစ်စု ဆန္ဒပြရန် ကြိုးစားခဲ့သဖြင့် ရဲတပ်ဖွဲ့က တားဆီးခဲ့သည့် ဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့သည်။

အဆိုပါ လူတစ်စုက ရွေးကောက်ပွဲရလဒ်နှင့် ကော်မရှင်ကိုအယုံအကြည်မရှိကြောင်း ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒပြရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်ပြီး ကြံ့ခိုင်ရေး ပါတီနှင့် UDP (နှင်းဆီပါတီ) ဝန်းရံသူများလို့ ဆိုပါတယ်။

သို့သော် ၎င်းတို့သည် ဆန္ဒဖော်ထုတ်ရန် ကြိုတင် ခွင့်ပြုချက် တောင်းထားခြင်း မရှိသဖြင့် ရဲတပ်ဖွဲ့က လာရောက် တားဆီး ကာ အေးအေးဆေးဆေး ပြန်ကြရန် တိုက်တွန်း ခဲ့ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အယုံအကြည်မရှိကြောင်း နေပြည်တော်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးရှေ့မှာ ဒီကနေ့ ဆန္ဒပြတာတွေပေါ်ပေါက်ခဲ့တာကြောင့် ကော်မရှင်ရုံး တဝိုက်ကို လုံခြုံရေးတင်းကြပ်ချထားလိုက်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲရလဒ်နောက်ဆုံးအခြေအနေတွေကို သတင်းစာရှင်းလင်းနေစဉ် တချိန်တည်းမှာပဲ ဖျက်သိမ်းခံလိုက်ရတဲ့ နှင်းဆီပါတီထောက်ခံသူတွေ အပါအဝင် အင်အား (၃၀) ခန့်ကော်မရှင်ရုံးရှေ့မှာ ဆန္ဒပြခဲ့ကြတာပါ။


Spread the love
  •  
  •  
  •  
  •  
  •  
  •